အေမရိကန္ေလယာဥ္ႏွင့္ ရဟတ္ယာဥ္မ်ားကို ထပ္မံပစ္ခ်ႏိုင္ခဲ့ေၾကာင္း အီရန္ေၾကညာ၊ ေဟာ္မုဇ္ေရလက္ၾကား ‘ရာဇသံ’ အခ်ိန္ေစ့ရန္ နီးကပ္လာ

အေမရိကန္ေလယာဥ္ႏွင့္ ရဟတ္ယာဥ္မ်ားကို ထပ္မံပစ္ခ်ႏိုင္ခဲ့ေၾကာင္း အီရန္ေၾကညာ၊ ေဟာ္မုဇ္ေရလက္ၾကား ‘ရာဇသံ’ အခ်ိန္ေစ့ရန္ နီးကပ္လာ
====================
အေမရိကန္ပိုင္ C-130 သယ္ယူပို႔ေဆာင္ေရးေလယာဥ္ တစ္စင္းႏွင့္ Black Hawk ရဟတ္ယာဥ္ ႏွစ္စင္းတို႔ကို ပစ္ခ်ႏိုင္ခဲ့ေၾကာင္း အီရန္ဘက္က ေၾကညာလိုက္သည္။ ဤထုတ္ျပန္ခ်က္သည္ ေပ်ာက္ဆုံးေနေသာ F-15E တိုက္ေလယာဥ္မႉးကို ကယ္ဆယ္ႏိုင္ခဲ့ၿပီး “ေဘးကင္းလုံၿခဳံစြာ ရွိေနၿပီ” ဟု သမၼတထရန႔္ ေျပာၾကားၿပီး နာရီပိုင္းအၾကာတြင္ ထြက္ေပၚလာျခင္းျဖစ္ သည္။
လာမည့္ တနလၤာေန႔တြင္ အီရန္အေနျဖင့္ ၿငိမ္းခ်မ္းေရးသေဘာတူညီခ်က္ မရယူဘဲ ေဟာ္မုဇ္ေရလက္ ၾကားကို ျပန္မဖြင့္ပါက အီရန္အေပၚ “ငရဲမီးမ်ား” (All Hell) က်ေရာက္ေစမည္ဟု သမၼတထရန႔္က ျပင္းထန္စြာ သတိေပးထားသည္။ တီဟီရန္ဘက္ကမူ ဤရာဇသံကို “ကိုးကိုးကန္ကန္ႏွင့္ စိုးရိမ္တႀကီးျဖစ္ေနေသာ လုပ္ရပ္” အျဖစ္ ပယ္ခ်ခဲ့သည္။
အီရန္၏ ဒ႐ုန္းျဖင့္ တိုက္ခိုက္မႈတစ္ခုေၾကာင့္ ဘာ ရိန္းႏိုင္ငံ၏ အဓိကေလာင္စာဆီသိုေလွာင္႐ုံရွိ ကန္တစ္ခု ထိမွန္ခဲ့ၿပီး မီးေလာင္ကြၽမ္းမႈ ျဖစ္ပြားခဲ့သည္။
မာရွာ (Mahshahr) ေရနံဓာတုစက္မႈဇုန္တြင္ အေမရိကန္-အစၥေရးတို႔၏ တိုက္ခိုက္မႈေၾကာင့္ လူ ၅ ဦး ေသဆုံးၿပီး ၁၇၀ ဒဏ္ရာရရွိခဲ့ေၾကာင္း အီရန္က ဆိုသည္။ ထို႔ျပင္ စစ္ပြဲစတင္ကတည္းက တကၠသိုလ္ေပါင္း ၃၀ ေက်ာ္ ပစ္မွတ္ထား တိုက္ခိုက္ခံခဲ့ရသည္။
အမေရိကန်လေယာဉ်နှင့် ရဟတ်ယာဉ်များကို ထပ်မံပစ်ချနိုင်ခဲ့ကြောင်း အီရန်ကြေညာ၊ ဟော်မုဇ်ရေလက်ကြား ‘ရာဇသံ’ အချိန်စေ့ရန် နီးကပ်လာ
====================
အမေရိကန်ပိုင် C-130 သယ်ယူပို့ဆောင်ရေးလေယာဉ် တစ်စင်းနှင့် Black Hawk ရဟတ်ယာဉ် နှစ်စင်းတို့ကို ပစ်ချနိုင်ခဲ့ကြောင်း အီရန်ဘက်က ကြေညာလိုက်သည်။ ဤထုတ်ပြန်ချက်သည် ပျောက်ဆုံးနေသော F-15E တိုက်လေယာဉ်မှူးကို ကယ်ဆယ်နိုင်ခဲ့ပြီး “ဘေးကင်းလုံခြုံစွာ ရှိနေပြီ” ဟု သမ္မတထရန့် ပြောကြားပြီး နာရီပိုင်းအကြာတွင် ထွက်ပေါ်လာခြင်းဖြစ် သည်။
လာမည့် တနင်္လာနေ့တွင် အီရန်အနေဖြင့် ငြိမ်းချမ်းရေးသဘောတူညီချက် မရယူဘဲ ဟော်မုဇ်ရေလက် ကြားကို ပြန်မဖွင့်ပါက အီရန်အပေါ် “ငရဲမီးများ” (All Hell) ကျရောက်စေမည်ဟု သမ္မတထရန့်က ပြင်းထန်စွာ သတိပေးထားသည်။ တီဟီရန်ဘက်ကမူ ဤရာဇသံကို “ကိုးကိုးကန်ကန်နှင့် စိုးရိမ်တကြီးဖြစ်နေသော လုပ်ရပ်” အဖြစ် ပယ်ချခဲ့သည်။
အီရန်၏ ဒရုန်းဖြင့် တိုက်ခိုက်မှုတစ်ခုကြောင့် ဘာ ရိန်းနိုင်ငံ၏ အဓိကလောင်စာဆီသိုလှောင်ရုံရှိ ကန်တစ်ခု ထိမှန်ခဲ့ပြီး မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့သည်။
မာရှာ (Mahshahr) ရေနံဓာတုစက်မှုဇုန်တွင် အမေရိကန်-အစ္စရေးတို့၏ တိုက်ခိုက်မှုကြောင့် လူ ၅ ဦး သေဆုံးပြီး ၁၇၀ ဒဏ်ရာရရှိခဲ့ကြောင်း အီရန်က ဆိုသည်။ ထို့ပြင် စစ်ပွဲစတင်ကတည်းက တက္ကသိုလ်ပေါင်း ၃၀ ကျော် ပစ်မှတ်ထား တိုက်ခိုက်ခံခဲ့ရသည်။



