မဟာသၾကၤန္ကာလတြင္ ျမန္မာ့မီးရထားမွ အထူးရထားမ်ား တိုးခ်ဲ႕ေျပးဆြဲမည္

မဟာသၾကၤန္ကာလတြင္ ျမန္မာ့မီးရထားမွ အထူးရထားမ်ား တိုးခ်ဲ႕ေျပးဆြဲမည္
==========================
ဧၿပီ-၃
မဟာသၾကၤန္ႏွစ္သစ္ကူး႐ုံးပိတ္ရက္ကာလအတြင္း ခရီးသြားျပည္သူမ်ားႏွင့္ ဌာနဆိုင္ရာဝန္ထမ္းမ်ား အဆင္ေျပေခ်ာေမြ႕စြာ သြားလာႏိုင္ရန္အတြက္ ျမန္မာ့မီးရထားက ပုံမွန္ရထားမ်ားအျပင္ အထူးရထားမ်ား တိုးခ်ဲ႕ေျပးဆြဲေပးသြားမည္ျဖစ္ေၾကာင္း သိရသည္။
ပို႔ေဆာင္ေရးႏွင့္ ဆက္သြယ္ေရးဝန္ႀကီးဌာန၊ ျမန္မာ့မီးရထား၏ ထုတ္ျပန္ခ်က္အရ တိုးခ်ဲ႕ေျပးဆြဲမည့္ ခရီးစဥ္မ်ားမွာ ရန္ကုန္-ေနျပည္ေတာ္-ရန္ကုန္၊ ရန္ကုန္-ျပည္-ရန္ကုန္ႏွင့္ ရန္ကုန္-ေမာ္လၿမိဳင္-ရန္ကုန္ လမ္းပိုင္းမ်ား ျဖစ္သည္။ရန္ကုန္-ေနျပည္ေတာ္လမ္းပိုင္းတြင္ အဆန္/အစုန္ အထူး DEMU (စပိန္) ရထားမ်ား ေျပးဆြဲမည္ျဖစ္သည္။
အဆန္ရထားသည္ရန္ကုန္မွ နံနက္ ၆ နာရီခြဲတြင္ ထြက္ခြာၿပီး ေနျပည္ေတာ္သို႔ မြန္းတည့္ ၁၂ နာရီတြင္ ေရာက္ရွိမည္ျဖစ္ကာ အစုန္ရထားသည္ ေနျပည္ေတာ္မွ မြန္းလြဲ ၁၂ နာရီခြဲတြင္ ထြက္ခြာၿပီး ရန္ကုန္သို႔ ညေန ၆ နာရီခြဲတြင္ ေရာက္ရွိမည္ျဖစ္သည္။ ေျပးဆြဲမည့္ရက္မ်ားမွာ ဧၿပီလ ၁၀၊ ၁၁၊ ၁၂၊ ၁၉ ႏွင့္ ၂၀ ရက္တို႔ျဖစ္သည္။ရန္ကုန္-ျပည္လမ္းပိုင္းတြင္ အဆန္/အစုန္ အထူးေလအိတ္ရထားမ်ား ေျပးဆြဲမည္ျဖစ္သည္။ အဆန္ရထားသည္ ရန္ကုန္မွ မြန္းလြဲ ၁ နာရီတြင္ ထြက္ခြာၿပီး ျပည္ၿမိဳ႕သို႔ ည ၈ နာရီ ၅၅ မိနစ္တြင္ ေရာက္ရွိမည္ျဖစ္ကာ အစုန္ရထားသည္ ျပည္ၿမိဳ႕မွ ည ၁၀ နာရီခြဲတြင္ ထြက္ခြာၿပီး ရန္ကုန္သို႔ နံနက္ ၆ နာရီခြဲတြင္ ေရာက္ရွိမည္ျဖစ္သည္။ေျပးဆြဲမည့္ရက္မ်ားမွာဧၿပီလ ၁၀၊ ၁၁၊ ၁၂၊ ၁၉ ႏွင့္ ၂၀ ရက္တို႔ျဖစ္သည္။ရန္ကုန္-ေမာ္လၿမိဳင္လမ္းပိုင္းတြင္အဆန္အထူးေလအိတ္ရထားသည္ ရန္ကုန္မွ နံနက္ ၉ နာရီ ၁၅ မိနစ္တြင္ ထြက္ခြာၿပီး ေမာ္လၿမိဳင္သို႔ ညေန ၆ နာရီတြင္ ေရာက္ရွိမည္ျဖစ္ကာ ဧၿပီလ ၁၀၊ ၁၁၊ ၁၂၊ ၁၉ ႏွင့္ ၂၀ ရက္တို႔တြင္ ေျပးဆြဲမည္ျဖစ္သည္။ အစုန္အထူးေလအိတ္ရထားသည္ ေမာ္လၿမိဳင္မွ နံနက္ ၉ နာရီ ၁၅ မိနစ္တြင္ ထြက္ခြာၿပီး ရန္ကုန္သို႔ ညေန ၅ နာရီ ၅၅ မိနစ္တြင္ ေရာက္ရွိမည္ျဖစ္ကာ ဧၿပီလ ၁၁၊ ၁၂၊ ၁၉၊ ၂၀ ႏွင့္ ၂၁ ရက္တို႔တြင္ ေျပးဆြဲမည္ျဖစ္သည္။အထူးရထားမ်ား၏ လက္မွတ္ခႏႈန္းထားႏွင့္ ရပ္တန႔္မည့္ဘူတာမ်ားမွာ ပုံမွန္ရထားမ်ားအတိုင္းျဖစ္သည္။ ရန္ကုန္-ျပည္-ရန္ကုန္ႏွင့္ ရန္ကုန္-ေမာ္လၿမိဳင္-ရန္ကုန္လမ္းပိုင္းမ်ားတြင္ အထက္တန္းလက္မွတ္ကို ၃ ရက္ႀကိဳတင္၍လည္းေကာင္း၊ ႐ိုး႐ိုးတန္းလက္မွတ္ကို ၁ ရက္ႀကိဳတင္၍လည္းေကာင္း သက္ဆိုင္ရာဘူတာမ်ားတြင္ ဝယ္ယူႏိုင္သည္။
ရန္ကုန္-ေနျပည္ေတာ္-ရန္ကုန္လမ္းပိုင္းရွိပုံမွန္ရထားမ်ားႏွင့္ အထူးရထားမ်ားအတြက္မူ ORTP (Online Railway Ticketing and Payment System) စနစ္ျဖင့္ အြန္လိုင္းမွ ႀကိဳတင္ဝယ္ယူႏိုင္မည္ျဖစ္သည္။ ခရီးစဥ္အစအဆုံးဘူတာမ်ားအတြက္ ၇ ရက္ႀကိဳ၍လည္းေကာင္း၊ ၾကားဘူတာမ်ားအတြက္ ၃ ရက္ႀကိဳ၍လည္းေကာင္း ဝယ္ယူႏိုင္မည္ျဖစ္သည္။ရထားတြဲဖြဲ႕စည္းမႈမ်ားကိုရန္ကုန္-ျပည္ႏွင့္ ရန္ကုန္-ေမာ္လၿမိဳင္ အစုန္/အဆန္ အထူးေလအိတ္ရထားမ်ားတြင္ အထက္တန္း ၆ တြဲ၊ ႐ိုး႐ိုးတန္း ၈ တြဲႏွင့္ ဘရိတ္တြဲ ၁ တြဲျဖင့္ ဝန္ခ်ိန္ျပည့္ ေျပးဆြဲေပးသြားမည္ျဖစ္သည္။သၾကၤန္ကာလတြင္ ေခတၱရပ္နားမည့္ ရထားမ်ားကိုသၾကၤန္အႀကိဳေန႔ျဖစ္သည့္ ဧၿပီလ ၁၃ ရက္မွ သၾကၤန္အတက္ေန႔ျဖစ္သည့္ ဧၿပီလ ၁၆ ရက္အထိ ပုံမွန္ေျပးဆြဲလ်က္ရွိသည့္ လူစီးအျမန္ရထားအခ်ိဳ႕ႏွင့္ ၿမိဳ႕ပတ္ရထားမ်ားကို ေခတၱရပ္နားထားမည္ျဖစ္ေၾကာင္း သတင္းရရွိသည္။
မဟာသင်္ကြန်ကာလတွင် မြန်မာ့မီးရထားမှ အထူးရထားများ တိုးချဲ့ပြေးဆွဲမည်
==========================
ဧပြီ-၃
မဟာသင်္ကြန်နှစ်သစ်ကူးရုံးပိတ်ရက်ကာလအတွင်း ခရီးသွားပြည်သူများနှင့် ဌာနဆိုင်ရာဝန်ထမ်းများ အဆင်ပြေချောမွေ့စွာ သွားလာနိုင်ရန်အတွက် မြန်မာ့မီးရထားက ပုံမှန်ရထားများအပြင် အထူးရထားများ တိုးချဲ့ပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့မီးရထား၏ ထုတ်ပြန်ချက်အရ တိုးချဲ့ပြေးဆွဲမည့် ခရီးစဉ်များမှာ ရန်ကုန်-နေပြည်တော်-ရန်ကုန်၊ ရန်ကုန်-ပြည်-ရန်ကုန်နှင့် ရန်ကုန်-မော်လမြိုင်-ရန်ကုန် လမ်းပိုင်းများ ဖြစ်သည်။ရန်ကုန်-နေပြည်တော်လမ်းပိုင်းတွင် အဆန်/အစုန် အထူး DEMU (စပိန်) ရထားများ ပြေးဆွဲမည်ဖြစ်သည်။
အဆန်ရထားသည်ရန်ကုန်မှ နံနက် ၆ နာရီခွဲတွင် ထွက်ခွာပြီး နေပြည်တော်သို့ မွန်းတည့် ၁၂ နာရီတွင် ရောက်ရှိမည်ဖြစ်ကာ အစုန်ရထားသည် နေပြည်တော်မှ မွန်းလွဲ ၁၂ နာရီခွဲတွင် ထွက်ခွာပြီး ရန်ကုန်သို့ ညနေ ၆ နာရီခွဲတွင် ရောက်ရှိမည်ဖြစ်သည်။ ပြေးဆွဲမည့်ရက်များမှာ ဧပြီလ ၁၀၊ ၁၁၊ ၁၂၊ ၁၉ နှင့် ၂၀ ရက်တို့ဖြစ်သည်။ရန်ကုန်-ပြည်လမ်းပိုင်းတွင် အဆန်/အစုန် အထူးလေအိတ်ရထားများ ပြေးဆွဲမည်ဖြစ်သည်။ အဆန်ရထားသည် ရန်ကုန်မှ မွန်းလွဲ ၁ နာရီတွင် ထွက်ခွာပြီး ပြည်မြို့သို့ ည ၈ နာရီ ၅၅ မိနစ်တွင် ရောက်ရှိမည်ဖြစ်ကာ အစုန်ရထားသည် ပြည်မြို့မှ ည ၁၀ နာရီခွဲတွင် ထွက်ခွာပြီး ရန်ကုန်သို့ နံနက် ၆ နာရီခွဲတွင် ရောက်ရှိမည်ဖြစ်သည်။ပြေးဆွဲမည့်ရက်များမှာဧပြီလ ၁၀၊ ၁၁၊ ၁၂၊ ၁၉ နှင့် ၂၀ ရက်တို့ဖြစ်သည်။ရန်ကုန်-မော်လမြိုင်လမ်းပိုင်းတွင်အဆန်အထူးလေအိတ်ရထားသည် ရန်ကုန်မှ နံနက် ၉ နာရီ ၁၅ မိနစ်တွင် ထွက်ခွာပြီး မော်လမြိုင်သို့ ညနေ ၆ နာရီတွင် ရောက်ရှိမည်ဖြစ်ကာ ဧပြီလ ၁၀၊ ၁၁၊ ၁၂၊ ၁၉ နှင့် ၂၀ ရက်တို့တွင် ပြေးဆွဲမည်ဖြစ်သည်။ အစုန်အထူးလေအိတ်ရထားသည် မော်လမြိုင်မှ နံနက် ၉ နာရီ ၁၅ မိနစ်တွင် ထွက်ခွာပြီး ရန်ကုန်သို့ ညနေ ၅ နာရီ ၅၅ မိနစ်တွင် ရောက်ရှိမည်ဖြစ်ကာ ဧပြီလ ၁၁၊ ၁၂၊ ၁၉၊ ၂၀ နှင့် ၂၁ ရက်တို့တွင် ပြေးဆွဲမည်ဖြစ်သည်။အထူးရထားများ၏ လက်မှတ်ခနှုန်းထားနှင့် ရပ်တန့်မည့်ဘူတာများမှာ ပုံမှန်ရထားများအတိုင်းဖြစ်သည်။ ရန်ကုန်-ပြည်-ရန်ကုန်နှင့် ရန်ကုန်-မော်လမြိုင်-ရန်ကုန်လမ်းပိုင်းများတွင် အထက်တန်းလက်မှတ်ကို ၃ ရက်ကြိုတင်၍လည်းကောင်း၊ ရိုးရိုးတန်းလက်မှတ်ကို ၁ ရက်ကြိုတင်၍လည်းကောင်း သက်ဆိုင်ရာဘူတာများတွင် ဝယ်ယူနိုင်သည်။
ရန်ကုန်-နေပြည်တော်-ရန်ကုန်လမ်းပိုင်းရှိပုံမှန်ရထားများနှင့် အထူးရထားများအတွက်မူ ORTP (Online Railway Ticketing and Payment System) စနစ်ဖြင့် အွန်လိုင်းမှ ကြိုတင်ဝယ်ယူနိုင်မည်ဖြစ်သည်။ ခရီးစဉ်အစအဆုံးဘူတာများအတွက် ၇ ရက်ကြို၍လည်းကောင်း၊ ကြားဘူတာများအတွက် ၃ ရက်ကြို၍လည်းကောင်း ဝယ်ယူနိုင်မည်ဖြစ်သည်။ရထားတွဲဖွဲ့စည်းမှုများကိုရန်ကုန်-ပြည်နှင့် ရန်ကုန်-မော်လမြိုင် အစုန်/အဆန် အထူးလေအိတ်ရထားများတွင် အထက်တန်း ၆ တွဲ၊ ရိုးရိုးတန်း ၈ တွဲနှင့် ဘရိတ်တွဲ ၁ တွဲဖြင့် ဝန်ချိန်ပြည့် ပြေးဆွဲပေးသွားမည်ဖြစ်သည်။သင်္ကြန်ကာလတွင် ခေတ္တရပ်နားမည့် ရထားများကိုသင်္ကြန်အကြိုနေ့ဖြစ်သည့် ဧပြီလ ၁၃ ရက်မှ သင်္ကြန်အတက်နေ့ဖြစ်သည့် ဧပြီလ ၁၆ ရက်အထိ ပုံမှန်ပြေးဆွဲလျက်ရှိသည့် လူစီးအမြန်ရထားအချို့နှင့် မြို့ပတ်ရထားများကို ခေတ္တရပ်နားထားမည်ဖြစ်ကြောင်း သတင်းရရှိသည်။



