ေမာင္းသူမဲ့ ကုန္တင္ယာဥ္ေမာင္းႏွင္ ေျပးဆြဲသည့္ စႀကႍလမ္းမႀကီးကို ႐ုရွားစတင္ဖြင့္လွစ္

ေမာင္းသူမဲ့ ကုန္တင္ယာဥ္ေမာင္းႏွင္ ေျပးဆြဲသည့္ စႀကႍလမ္းမႀကီးကို ႐ုရွားစတင္ဖြင့္လွစ္
==============================
႐ုရွားႏိုင္ငံသည္ စိန႔္ပီတာစဘာ့၊ ေမာ္စကိုႏွင့္ ကာဇန္စသည့္ၿမိဳ႕ႀကီးမ်ားကို ဆက္သြယ္ ေပးထားသည့္ စႀကႍလမ္းမႀကီးျဖစ္ေသာ M-12 Vostok အေဝးေျပးလမ္းမႀကီးတစ္ေလွ်ာက္တြင္ ေမာင္းသူမဲ့ကုန္တင္ယာဥ္ ေမာင္းႏွင္ေျပးဆြဲျခင္းလုပ္ငန္းမ်ားကို စတင္လိုက္ၿပီျဖစ္ေၾကာင္း သမၼတ႐ုံးက မတ္လ ၃၁ ရက္တြင္ ထုတ္ျပန္သည္။
ယခုကဲ့သို႔ ဆန္းသစ္တီထြင္မႈမ်ား၏ ေကာင္းမြန္သည့္ဥပမာတစ္ခုမွာ စီးပြားေရး တိုးတက္မႈအတြက္ ထိေရာက္မႈရွိေၾကာင္း သက္ေသျပၿပီးျဖစ္သည့္ ေမာင္းသူမဲ့ သို႔မဟုတ္ လူမဲ့သယ္ယူပို႔ေဆာင္ေရး စနစ္ပင္ျဖစ္ေၾကာင္း၊ မိမိတို႔၏ လူမဲ့ေမာင္းႏွင္ႏိုင္သည့္ယာဥ္မ်ားသည္ မေတာ္တဆျဖစ္ပြားမႈမရွိဘဲ ကီလိုမီတာ ၁၃ သန္းအထိ ေမာင္းႏွင္ခဲ့ၿပီးျဖစ္ေၾကာင္း ေမာင္းသူမဲ့ ကုန္တင္ယာဥ္ေျပးဆြဲျခင္းလုပ္ငန္းမ်ား စတင္ဖြင့္လွစ္သည့္အခမ္းအနားတြင္ ႐ုရွားသမၼတ ဗလာဒီမာပူတင္က ေျပာၾကားသည္။
ထို႔ျပင္ ေမာင္းသူမဲ့ သို႔မဟုတ္ လူမဲ့ကုန္တင္ယာဥ္မ်ားကို အသုံးျပဳျခင္းျဖင့္ ရရွိလာႏိုင္မည့္ စီးပြားေရးအက်ိဳးအျမတ္မ်ားကို ႐ုရွားသယ္ယူပို႔ေဆာင္ေရး ဝန္ႀကီး အန္ဒေရနီကီတင္က မီးေမာင္းထိုးျပသခဲ့သည္။
စမ္းသပ္ေမာင္းႏွင္မႈတစ္ခုတြင္ အလိုအေလ်ာက္ေမာင္းႏွင္သည့္ လူမဲ့ကုန္တင္ယာဥ္တစ္စီးသည္ ကာဇန္ႏွင့္ စိန႔္ပီတာစဘာ့ၿမိဳ႕အၾကား ၁၆၀၀ ကီလိုမီတာခရီးကို ၂၄ နာရီအတြင္း အၿပီးသတ္ေမာင္းႏွင္ ႏိုင္ခဲ့ေသာ္လည္း သာမန္ယာဥ္ေမာင္းတစ္ဦး ေမာင္းႏွင္သည့္ ကုန္တင္ယာဥ္မွာမူ အဆိုပါခရီးစဥ္အား ေမာင္းႏွင္ရာတြင္ ၅၈ နာရီအထိ ၾကာျမင့္ေၾကာင္း သိရသည္။
႐ုရွားႏိုင္ငံသည္ ေမာင္းသူမဲ့ သို႔မဟုတ္ လူမဲ့ကုန္တင္ယာဥ္မ်ား စတင္ေမာင္းႏွင္သည့္ စမ္းသပ္မႈကို ၂၀၂၃ ခုႏွစ္တြင္ စတင္ခဲ့ျခင္းျဖစ္ၿပီး လြန္ခဲ့သည့္ သုံးႏွစ္အတြင္း အလိုအေလ်ာက္ေမာင္းႏွင္သည့္ ကုန္တင္ယာဥ္ အေရအတြက္မွာ သုံးစီးမွ ၉၅ စီးအထိျမင့္တက္လာခဲ့ၿပီး ၂၀၃၀ ျပည့္ႏွစ္ခန႔္တြင္ လူမဲ့ကုန္တင္ယာဥ္အေရအတြက္သည္ အစီးေပါင္း ၄၀၀၀ အထိ ရွိလာႏိုင္ေၾကာင္းသိရသည္။
မောင်းသူမဲ့ ကုန်တင်ယာဉ်မောင်းနှင် ပြေးဆွဲသည့် စင်္ကြံလမ်းမကြီးကို ရုရှားစတင်ဖွင့်လှစ်
==============================
ရုရှားနိုင်ငံသည် စိန့်ပီတာစဘာ့၊ မော်စကိုနှင့် ကာဇန်စသည့်မြို့ကြီးများကို ဆက်သွယ် ပေးထားသည့် စင်္ကြံလမ်းမကြီးဖြစ်သော M-12 Vostok အဝေးပြေးလမ်းမကြီးတစ်လျှောက်တွင် မောင်းသူမဲ့ကုန်တင်ယာဉ် မောင်းနှင်ပြေးဆွဲခြင်းလုပ်ငန်းများကို စတင်လိုက်ပြီဖြစ်ကြောင်း သမ္မတရုံးက မတ်လ ၃၁ ရက်တွင် ထုတ်ပြန်သည်။
ယခုကဲ့သို့ ဆန်းသစ်တီထွင်မှုများ၏ ကောင်းမွန်သည့်ဥပမာတစ်ခုမှာ စီးပွားရေး တိုးတက်မှုအတွက် ထိရောက်မှုရှိကြောင်း သက်သေပြပြီးဖြစ်သည့် မောင်းသူမဲ့ သို့မဟုတ် လူမဲ့သယ်ယူပို့ဆောင်ရေး စနစ်ပင်ဖြစ်ကြောင်း၊ မိမိတို့၏ လူမဲ့မောင်းနှင်နိုင်သည့်ယာဉ်များသည် မတော်တဆဖြစ်ပွားမှုမရှိဘဲ ကီလိုမီတာ ၁၃ သန်းအထိ မောင်းနှင်ခဲ့ပြီးဖြစ်ကြောင်း မောင်းသူမဲ့ ကုန်တင်ယာဉ်ပြေးဆွဲခြင်းလုပ်ငန်းများ စတင်ဖွင့်လှစ်သည့်အခမ်းအနားတွင် ရုရှားသမ္မတ ဗလာဒီမာပူတင်က ပြောကြားသည်။
ထို့ပြင် မောင်းသူမဲ့ သို့မဟုတ် လူမဲ့ကုန်တင်ယာဉ်များကို အသုံးပြုခြင်းဖြင့် ရရှိလာနိုင်မည့် စီးပွားရေးအကျိုးအမြတ်များကို ရုရှားသယ်ယူပို့ဆောင်ရေး ဝန်ကြီး အန်ဒရေနီကီတင်က မီးမောင်းထိုးပြသခဲ့သည်။
စမ်းသပ်မောင်းနှင်မှုတစ်ခုတွင် အလိုအလျောက်မောင်းနှင်သည့် လူမဲ့ကုန်တင်ယာဉ်တစ်စီးသည် ကာဇန်နှင့် စိန့်ပီတာစဘာ့မြို့အကြား ၁၆၀၀ ကီလိုမီတာခရီးကို ၂၄ နာရီအတွင်း အပြီးသတ်မောင်းနှင် နိုင်ခဲ့သော်လည်း သာမန်ယာဉ်မောင်းတစ်ဦး မောင်းနှင်သည့် ကုန်တင်ယာဉ်မှာမူ အဆိုပါခရီးစဉ်အား မောင်းနှင်ရာတွင် ၅၈ နာရီအထိ ကြာမြင့်ကြောင်း သိရသည်။
ရုရှားနိုင်ငံသည် မောင်းသူမဲ့ သို့မဟုတ် လူမဲ့ကုန်တင်ယာဉ်များ စတင်မောင်းနှင်သည့် စမ်းသပ်မှုကို ၂၀၂၃ ခုနှစ်တွင် စတင်ခဲ့ခြင်းဖြစ်ပြီး လွန်ခဲ့သည့် သုံးနှစ်အတွင်း အလိုအလျောက်မောင်းနှင်သည့် ကုန်တင်ယာဉ် အရေအတွက်မှာ သုံးစီးမှ ၉၅ စီးအထိမြင့်တက်လာခဲ့ပြီး ၂၀၃၀ ပြည့်နှစ်ခန့်တွင် လူမဲ့ကုန်တင်ယာဉ်အရေအတွက်သည် အစီးပေါင်း ၄၀၀၀ အထိ ရှိလာနိုင်ကြောင်းသိရသည်။




