ျမဝတီ-ေကာ့ကရိတ္ အာရွလမ္းမႀကီးကို ျပန္လည္ဖြင့္လွစ္

ျမဝတီ-ေကာ့ကရိတ္ အာရွလမ္းမႀကီးကို ျပန္လည္ဖြင့္လွစ္
===================
ျမဝတီ-ေကာ့ကရိတ္ အာရွလမ္း၌ ၂ႏွစ္ၾကာ ပိတ္ထားခံရၿပီး ဧၿပီ ၂ရက္ေန႔တြင္ ျပန္လည္ဖြင့္လွစ္လိုက္ၿပီ ျဖစ္ေၾကာင္း သိရသည္။

ထိုသို႔ ျပန္လည္ဖြင့္လွစ္လိုက္ရာ ခရီးသယ္ကား ဆိုင္ကယ္မ်ားအစီးေရ ငါးရာခန႔္အထိ သြားလာေနေၾကာင္း သိရၿပီး ျမဝတီမွ ေကာ့ကရိတ္ထိ သြားလာခဲ့သည့္ ယာဥ္ေမာင္းမ်ားေျပာၾကားခ်က္အရ အဆင္ေျပေျပသြား၍ရေၾကာင္း သိရသည္။

၂၀၂၃ ခုႏွစ္ ဒီဇင္ဘာ ၁ ရက္ေန႔ကစၿပီး တပ္မေတာ္နဲ႔ KNU တို႔ရဲ႕ ႏွစ္ဖက္တိုက္ပြဲမ်ား ျပင္းျပင္းထန္ထန္ ျဖစ္ပြားခဲ့တာေၾကာင့္ ျမဝတီ- ေကာ့ကရိတ္ အာရွလမ္းမႀကီးကို ပိတ္ထားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။


မြဝတီ-ကော့ကရိတ် အာရှလမ်းမကြီးကို ပြန်လည်ဖွင့်လှစ်
===================
မြဝတီ-ကော့ကရိတ် အာရှလမ်း၌ ၂နှစ်ကြာ ပိတ်ထားခံရပြီး ဧပြီ ၂ရက်နေ့တွင် ပြန်လည်ဖွင့်လှစ်လိုက်ပြီ ဖြစ်ကြောင်း သိရသည်။

ထိုသို့ ပြန်လည်ဖွင့်လှစ်လိုက်ရာ ခရီးသယ်ကား ဆိုင်ကယ်များအစီးရေ ငါးရာခန့်အထိ သွားလာနေကြောင်း သိရပြီး မြဝတီမှ ကော့ကရိတ်ထိ သွားလာခဲ့သည့် ယာဉ်မောင်းများပြောကြားချက်အရ အဆင်ပြေပြေသွား၍ရကြောင်း သိရသည်။

၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၁ ရက်နေ့ကစပြီး တပ်မတော်နဲ့ KNU တို့ရဲ့ နှစ်ဖက်တိုက်ပွဲများ ပြင်းပြင်းထန်ထန် ဖြစ်ပွားခဲ့တာကြောင့် မြဝတီ- ကော့ကရိတ် အာရှလမ်းမကြီးကို ပိတ်ထားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။