ေတာင္သူမ်ားအတြက္ သက္သာေရးဓာတ္ေျမဩဇာတင္သြင္းမႈအေပၚ အခြန္ကင္းလြတ္ခြင့္ ထုတ္ျပန္

ေတာင္သူမ်ားအတြက္ သက္သာေရးဓာတ္ေျမဩဇာတင္သြင္းမႈအေပၚ အခြန္ကင္းလြတ္ခြင့္ ထုတ္ျပန္
=============================
ႏိုင္ငံေတာ္၏ စိုက္ပ်ိဳးေရးက႑ ဖြံ႕ၿဖိဳးတိုးတက္ေရးႏွင့္ ေတာင္သူလယ္သမားမ်ား၏ ကုန္ထုတ္လုပ္မႈစရိတ္ ေလွ်ာ့ခ်ႏိုင္ရန္ ရည္႐ြယ္၍ ဓာတ္ေျမဩဇာတင္သြင္းမႈအေပၚ ေကာက္ခံလ်က္ရွိသည့္ ႀကိဳတင္ဝင္ေငြခြန္ ၂ ရာခိုင္ႏႈန္းကို ယာယီကင္းလြတ္ခြင့္ျပဳမည္ျဖစ္ေၾကာင္း ဘ႑ာေရးႏွင့္အခြန္ဝန္ႀကီးဌာနက ေၾကညာလိုက္သည္။

အဆိုပါ အခြန္ကင္းလြတ္ခြင့္ကို ၂၀၂၆ ခုႏွစ္ ဧၿပီလ ၁ ရက္ေန႔မွ ဧၿပီလ ၃၀ ရက္ေန႔အထိ တစ္လတာ ကာလအတြင္း သက္ေရာက္မည္ျဖစ္ေၾကာင္း သိရသည္။

ယင္းအခြန္ကင္းလြတ္ခြင့္သည္အေကာက္ခြန္ဦးစီးဌာနတြင္ Import Declaration (ID) ဖြင့္လွစ္၍ သတ္မွတ္ကာလအတြင္း တင္သြင္းလာေသာ ဓာတ္ေျမဩဇာမ်ား အေပၚသာ အက်ဳံးဝင္မည္ျဖစ္သည္။

ယခုကဲ့သို႔ အခြန္ကင္းလြတ္ခြင့္ ျပဳလုပ္ျခင္းသည္ စိုက္ပ်ိဳးေရးကုန္က်စရိတ္ ေလွ်ာ့ခ်ႏိုင္ျခင္းဓာတ္ေျမဩဇာေဈးႏႈန္း တည္ၿငိမ္ေစႏိုင္ျခင္း ထုတ္လုပ္မႈ တိုးတက္လာႏိုင္ျခင္းတို႔အတြက္ အေထာက္အကူျဖစ္ေစမည္ဟု ေတာင္သူတစ္ခ်ိဳ႕မွ ခန႔္မွန္းထားသည္။

စိုက္ပ်ိဳးေရးက႑သည္ ႏိုင္ငံ၏ စီးပြားေရးအတြက္ အေရးပါသည့္ အေျခခံက႑တစ္ခုျဖစ္သျဖင့္ ယခုလို အခြန္ေလွ်ာ့ခ်မႈမ်ားမွတစ္ဆင့္ ေတာင္သူမ်ားကို အေထာက္အပံ့ေပးရန္ ရည္႐ြယ္ထားျခင္းျဖစ္ႏိုင္ေၾကာင္း စိုက္ပ်ိဳးေရးသြင္းအားစုေရာင္းခ်သူတစ္ခ်ိဳ႕မွေျပာဆိုထားသည္။


တောင်သူများအတွက် သက်သာရေးဓာတ်မြေဩဇာတင်သွင်းမှုအပေါ် အခွန်ကင်းလွတ်ခွင့် ထုတ်ပြန်
=============================
နိုင်ငံတော်၏ စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးနှင့် တောင်သူလယ်သမားများ၏ ကုန်ထုတ်လုပ်မှုစရိတ် လျှော့ချနိုင်ရန် ရည်ရွယ်၍ ဓာတ်မြေဩဇာတင်သွင်းမှုအပေါ် ကောက်ခံလျက်ရှိသည့် ကြိုတင်ဝင်ငွေခွန် ၂ ရာခိုင်နှုန်းကို ယာယီကင်းလွတ်ခွင့်ပြုမည်ဖြစ်ကြောင်း ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာနက ကြေညာလိုက်သည်။

အဆိုပါ အခွန်ကင်းလွတ်ခွင့်ကို ၂၀၂၆ ခုနှစ် ဧပြီလ ၁ ရက်နေ့မှ ဧပြီလ ၃၀ ရက်နေ့အထိ တစ်လတာ ကာလအတွင်း သက်ရောက်မည်ဖြစ်ကြောင်း သိရသည်။

ယင်းအခွန်ကင်းလွတ်ခွင့်သည်အကောက်ခွန်ဦးစီးဌာနတွင် Import Declaration (ID) ဖွင့်လှစ်၍ သတ်မှတ်ကာလအတွင်း တင်သွင်းလာသော ဓာတ်မြေဩဇာများ အပေါ်သာ အကျုံးဝင်မည်ဖြစ်သည်။

ယခုကဲ့သို့ အခွန်ကင်းလွတ်ခွင့် ပြုလုပ်ခြင်းသည် စိုက်ပျိုးရေးကုန်ကျစရိတ် လျှော့ချနိုင်ခြင်းဓာတ်မြေဩဇာဈေးနှုန်း တည်ငြိမ်စေနိုင်ခြင်း ထုတ်လုပ်မှု တိုးတက်လာနိုင်ခြင်းတို့အတွက် အထောက်အကူဖြစ်စေမည်ဟု တောင်သူတစ်ချို့မှ ခန့်မှန်းထားသည်။

စိုက်ပျိုးရေးကဏ္ဍသည် နိုင်ငံ၏ စီးပွားရေးအတွက် အရေးပါသည့် အခြေခံကဏ္ဍတစ်ခုဖြစ်သဖြင့် ယခုလို အခွန်လျှော့ချမှုများမှတစ်ဆင့် တောင်သူများကို အထောက်အပံ့ပေးရန် ရည်ရွယ်ထားခြင်းဖြစ်နိုင်ကြောင်း စိုက်ပျိုးရေးသွင်းအားစုရောင်းချသူတစ်ချို့မှပြောဆိုထားသည်။