တိုင္းႏွင့္ျပည္နယ္အခ်ိဳ႕တြင္ေန႔အပူခ်ိန္မ်ားတိုးလာႏိုင္

တိုင္းႏွင့္ျပည္နယ္အခ်ိဳ႕တြင္ေန႔အပူခ်ိန္မ်ားတိုးလာႏိုင္
=========================
လာမဲ့ႏွစ္ရက္အတြင္း ေနျပည္ေတာ္၊ ရန္ကုန္၊ မႏၲေလး၊ ပဲခူး၊ မေကြး၊ စစ္ကိုင္းတိုင္းေဒသႀကီး(ေအာက္ပိုင္း) နဲ႔ဧရာဝတီတိုင္းေဒသႀကီးေတြမွာ ေန႔အပူခ်ိန္ေတြ အနည္းငယ္တိုးလာႏိုင္တယ္လို႔ မိုးေလဝသႏွင့္ ဇလေဗဒၫႊန္ၾကားမႈဦးစီးဌာနက မတ္လ(၃၀)ရက္မြန္းလြဲ(၂)နာရီထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။

ၿပီးခဲ့တဲ့၂၄နာရီအတြင္း ေန႔အပူခ်ိန္ေတြအေနနဲ႔ ရန္ကုန္တိုင္းေဒသႀကီး၊ မႏၲေလးတိုင္းေဒသႀကီး၊ ပဲခူးတိုင္းေဒသႀကီး၊ ဧရာဝတီတိုင္းေဒသႀကီး၊ တနသၤာရီတိုင္းေဒသႀကီး၊ ကရင္ျပည္နယ္နဲ႔ မြန္ျပည္နယ္ေတြမွာ မတ္လရဲ႕ ပ်မ္းမွ်အပူခ်ိန္တို႔ထက္ ၂ ဒီဂရီဆဲလ္စီးယပ္ပိုခဲ့တယ္လို႔ ဆိုပါတယ္။

ၿပီးခဲ့တဲ့မတ္လ(၂၉)ရက္ေန႔မွာ ျဖစ္ေပၚခဲ့တဲ့ ထူးျခားတဲ့ေန႔အပူခ်ိန္ေတြကေတာ့ မင္းဘူးၿမိဳ႕မွာ ၄၂ဒီဂရီဆဲလ္စီးယပ္၊ ေတာင္ငူၿမိဳ႕မွာ ၄၁ ဒီဂရီဆဲလ္စီးယပ္၊ ေ႐ႊက်င္ၿမိဳ႕နဲ႔ မေကြးၿမိဳ႕တို႔မွာ ၄၀ဒသမ၈ ဒီဂရီဆဲလ္စီးယပ္၊ ေဇာင္းတူၿမိဳ႕နဲ႔ ပဲခူးၿမိဳ႕တို႔မွာ ၄၀ဒသမ၆ ဒီဂရီဆဲလ္စီးယပ္၊ ေခ်ာက္ၿမိဳ႕မွာ ၄၀ဒသမ၅ ဒီဂရီဆဲလ္စီးယပ္နဲ႔ မိတၳီလာၿမိဳ႕၊ ျပည္ၿမိဳ႕၊ ေတာင္တြင္းႀကီးၿမိဳ႕၊ ဆင္ျဖဴကြၽန္းၿမိဳ႕နဲ႔ ဟသၤာတၿမိဳ႕ေတြမွာ ၄၀ ဒီဂရီဆဲလ္စီးယပ္ရွိခဲ့တယ္လို႔ ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။

လက္ရွိအခ်ိန္မွာ အပူဒဏ္ေၾကာင့္ သတိလစ္ေမ့ေျမာတာေတြ၊ အသက္ေသဆုံးတာေတြအထိ ျဖစ္ေပၚေနတဲ့အတြက္ က်န္းမာေရးဝန္ႀကီးဌာနကလည္း အပူဒဏ္ကာကြယ္ေရးႏႈိးေဆာ္ခ်က္ေတြ ထုတ္ျပန္ၿပီး လိုက္နာၾကဖို႔ သတိေပးထားပါတယ္။


တိုင်းနှင့်ပြည်နယ်အချို့တွင်နေ့အပူချိန်များတိုးလာနိုင်
=========================
လာမဲ့နှစ်ရက်အတွင်း နေပြည်တော်၊ ရန်ကုန်၊ မန္တလေး၊ ပဲခူး၊ မကွေး၊ စစ်ကိုင်းတိုင်းဒေသကြီး(အောက်ပိုင်း) နဲ့ဧရာဝတီတိုင်းဒေသကြီးတွေမှာ နေ့အပူချိန်တွေ အနည်းငယ်တိုးလာနိုင်တယ်လို့ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက မတ်လ(၃၀)ရက်မွန်းလွဲ(၂)နာရီထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့၂၄နာရီအတွင်း နေ့အပူချိန်တွေအနေနဲ့ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တွေမှာ မတ်လရဲ့ ပျမ်းမျှအပူချိန်တို့ထက် ၂ ဒီဂရီဆဲလ်စီးယပ်ပိုခဲ့တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့မတ်လ(၂၉)ရက်နေ့မှာ ဖြစ်ပေါ်ခဲ့တဲ့ ထူးခြားတဲ့နေ့အပူချိန်တွေကတော့ မင်းဘူးမြို့မှာ ၄၂ဒီဂရီဆဲလ်စီးယပ်၊ တောင်ငူမြို့မှာ ၄၁ ဒီဂရီဆဲလ်စီးယပ်၊ ရွှေကျင်မြို့နဲ့ မကွေးမြို့တို့မှာ ၄၀ဒသမ၈ ဒီဂရီဆဲလ်စီးယပ်၊ ဇောင်းတူမြို့နဲ့ ပဲခူးမြို့တို့မှာ ၄၀ဒသမ၆ ဒီဂရီဆဲလ်စီးယပ်၊ ချောက်မြို့မှာ ၄၀ဒသမ၅ ဒီဂရီဆဲလ်စီးယပ်နဲ့ မိတ္ထီလာမြို့၊ ပြည်မြို့၊ တောင်တွင်းကြီးမြို့၊ ဆင်ဖြူကျွန်းမြို့နဲ့ ဟင်္သာတမြို့တွေမှာ ၄၀ ဒီဂရီဆဲလ်စီးယပ်ရှိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

လက်ရှိအချိန်မှာ အပူဒဏ်ကြောင့် သတိလစ်မေ့မြောတာတွေ၊ အသက်သေဆုံးတာတွေအထိ ဖြစ်ပေါ်နေတဲ့အတွက် ကျန်းမာရေးဝန်ကြီးဌာနကလည်း အပူဒဏ်ကာကွယ်ရေးနှိုးဆော်ချက်တွေ ထုတ်ပြန်ပြီး လိုက်နာကြဖို့ သတိပေးထားပါတယ်။