မန္ယူအသင္းက ထြက္ခြါေတာ့မယ့္ ကက္စ္မဲ႐ိုး

မန္ယူအသင္းက ထြက္ခြါေတာ့မယ့္ ကက္စ္မဲ႐ိုး
=========================
မန္ယူအသင္း ဝါရင့္ကြင္းလယ္ကစားသမား ကက္စ္မဲ႐ိုးက ယခုေဘာလုံးရာသီအကုန္တြင္ အသင္းမွ ထြက္ခြာမည့္ ဆုံးျဖတ္ခ်က္ကို ျပန္လည္ ျပင္ဆင္သြားမည္မဟုတ္ဘဲ ယခင္ဆုံးျဖတ္ခ်က္အတိုင္း ေဘာလုံးရာသီအကုန္တြင္ အသင္းမွထြက္ခြာ မည္ဟု ေျပာၾကားခဲ့ေၾကာင္း သိရသည္။

အသက္ ၃၄ ႏွစ္အ႐ြယ္ ကက္စ္မဲ႐ိုးသည္ ၂၀၂၂ ခုႏွစ္က ရီးယဲလ္မက္ဒရစ္အသင္းမွ မန္ယူအသင္းသို႔ ေျပာင္း‌ေ႐ႊ႕ကစားခဲ့ၿပီး အသင္းႏွင့္အတူ ပထမဆုံး ေဘာလုံးရာသီတြင္ အေကာင္းဆုံး ေျခစြမ္းျပႏိုင္ေသာ္လည္း ေနာက္ပိုင္းေဘာလုံးရာသီမ်ားတြင္ ေျခစြမ္းပိုင္းက်ဆင္းမႈမ်ားႏွင့္ ရင္ဆိုင္ခဲ့ရသူျဖစ္ သည္။

ကက္စ္မဲ႐ိုးက “ကြၽန္ေတာ့္ဆုံးျဖတ္ခ်က္ကို ျပန္လည္ျပင္ဆင္မွာမဟုတ္ပါဘူး၊ ကြၽန္ေတာ္မန္ယူ အသင္းမွာရွိတဲ့အခ်ိန္ေတြမွာ ေပ်ာ္႐ႊင္ခဲ့ရပါတယ္။ အသင္းအတြက္လည္း အခုေဘာလုံးရာသီကုန္အထိ အာ႐ုံစိုက္ၿပီး အေကာင္းဆုံးေပးဆပ္သြားမွာပါ။ ဒီေဘာလုံးရာသီကုန္ရင္ေတာ့ ကြၽန္ေတာ္အသင္း ကေနထြက္ခြာမွာပါ” ဟုေျပာသည္။

ကက္စ္မဲ႐ိုးသည္ ယခုေဘာလုံးရာသီ၌ နည္းျပ အမိုရင္လက္ေအာက္တြင္ ေျခစြမ္းျပႏိုင္ရန္ ႐ုန္းကန္ ခဲ့ရေသာ္လည္း လက္ရွိနည္းျပ မိုက္ကယ္ကာရစ္ လက္ေအာက္တြင္ တစ္ေက်ာ့ျပန္လည္ေျခစြမ္းျပ ႏိုင္ၿပီးေနာက္ အသင္းပရိသတ္မ်ားကလည္း ကက္စ္မဲ႐ိုးကို ေနာက္ထပ္ေဘာလုံးတစ္ရာသီတြင္ အသင္း၌ ဆက္လက္ကစားေပးရန္ေတာင္းဆိုမႈ မ်ားရွိခဲ့ေသာ္လည္း ကက္စ္မဲ႐ိုးကိုယ္တိုင္က ယခင္ ဆုံးျဖတ္ထားသည့္အတိုင္း ယခုေဘာလုံးရာသီ အကုန္တြင္ အသင္းမွထြက္ခြာမည္ျဖစ္သည္။

မန္ယူအသင္းကလည္း ကက္စ္မဲ႐ိုးေနရာတြင္ အစားထိုးရန္ ကစားသမားရွာေဖြမႈမ်ား လုပ္ေဆာင္ေနၿပီး လက္ရွိတြင္ နယူးကာဆယ္အသင္းႏွင့္ အနာဂတ္မေရမရာ ျဖစ္ေနသည့္ တိုနယ္လီကိုေခၚယူရန္ ႀကိဳးပမ္း လ်က္ရွိသည္။

ကက္စ္မဲ႐ိုးသည္ ယခုေဘာလုံးရာသီတြင္ အသင္းႏွင့္အတူ ၿပိဳင္ပြဲစုံ ပြဲေပါင္း ၃၀ ကစားၿပီးခ်ိန္တြင္ ခုနစ္ဂိုးသြင္းယူထားၿပီး အသင္းႏွင့္အတူပထမ ဆုံးေဘာလုံးရာသီက သြင္းဂိုးအေရအတြက္ကို ရာသီမကုန္ဆုံးမီ လိုက္မီႏိုင္ခဲ့ေၾကာင္း သိရသည္။

Ref;The Athleti


မန်ယူအသင်းက ထွက်ခွါတော့မယ့် ကက်စ်မဲရိုး
=========================
မန်ယူအသင်း ဝါရင့်ကွင်းလယ်ကစားသမား ကက်စ်မဲရိုးက ယခုဘောလုံးရာသီအကုန်တွင် အသင်းမှ ထွက်ခွာမည့် ဆုံးဖြတ်ချက်ကို ပြန်လည် ပြင်ဆင်သွားမည်မဟုတ်ဘဲ ယခင်ဆုံးဖြတ်ချက်အတိုင်း ဘောလုံးရာသီအကုန်တွင် အသင်းမှထွက်ခွာ မည်ဟု ပြောကြားခဲ့ကြောင်း သိရသည်။

အသက် ၃၄ နှစ်အရွယ် ကက်စ်မဲရိုးသည် ၂၀၂၂ ခုနှစ်က ရီးယဲလ်မက်ဒရစ်အသင်းမှ မန်ယူအသင်းသို့ ပြောင်း‌ရွှေ့ကစားခဲ့ပြီး အသင်းနှင့်အတူ ပထမဆုံး ဘောလုံးရာသီတွင် အကောင်းဆုံး ခြေစွမ်းပြနိုင်သော်လည်း နောက်ပိုင်းဘောလုံးရာသီများတွင် ခြေစွမ်းပိုင်းကျဆင်းမှုများနှင့် ရင်ဆိုင်ခဲ့ရသူဖြစ် သည်။

ကက်စ်မဲရိုးက “ကျွန်တော့်ဆုံးဖြတ်ချက်ကို ပြန်လည်ပြင်ဆင်မှာမဟုတ်ပါဘူး၊ ကျွန်တော်မန်ယူ အသင်းမှာရှိတဲ့အချိန်တွေမှာ ပျော်ရွှင်ခဲ့ရပါတယ်။ အသင်းအတွက်လည်း အခုဘောလုံးရာသီကုန်အထိ အာရုံစိုက်ပြီး အကောင်းဆုံးပေးဆပ်သွားမှာပါ။ ဒီဘောလုံးရာသီကုန်ရင်တော့ ကျွန်တော်အသင်း ကနေထွက်ခွာမှာပါ” ဟုပြောသည်။

ကက်စ်မဲရိုးသည် ယခုဘောလုံးရာသီ၌ နည်းပြ အမိုရင်လက်အောက်တွင် ခြေစွမ်းပြနိုင်ရန် ရုန်းကန် ခဲ့ရသော်လည်း လက်ရှိနည်းပြ မိုက်ကယ်ကာရစ် လက်အောက်တွင် တစ်ကျော့ပြန်လည်ခြေစွမ်းပြ နိုင်ပြီးနောက် အသင်းပရိသတ်များကလည်း ကက်စ်မဲရိုးကို နောက်ထပ်ဘောလုံးတစ်ရာသီတွင် အသင်း၌ ဆက်လက်ကစားပေးရန်တောင်းဆိုမှု များရှိခဲ့သော်လည်း ကက်စ်မဲရိုးကိုယ်တိုင်က ယခင် ဆုံးဖြတ်ထားသည့်အတိုင်း ယခုဘောလုံးရာသီ အကုန်တွင် အသင်းမှထွက်ခွာမည်ဖြစ်သည်။

မန်ယူအသင်းကလည်း ကက်စ်မဲရိုးနေရာတွင် အစားထိုးရန် ကစားသမားရှာဖွေမှုများ လုပ်ဆောင်နေပြီး လက်ရှိတွင် နယူးကာဆယ်အသင်းနှင့် အနာဂတ်မရေမရာ ဖြစ်နေသည့် တိုနယ်လီကိုခေါ်ယူရန် ကြိုးပမ်း လျက်ရှိသည်။

ကက်စ်မဲရိုးသည် ယခုဘောလုံးရာသီတွင် အသင်းနှင့်အတူ ပြိုင်ပွဲစုံ ပွဲပေါင်း ၃၀ ကစားပြီးချိန်တွင် ခုနစ်ဂိုးသွင်းယူထားပြီး အသင်းနှင့်အတူပထမ ဆုံးဘောလုံးရာသီက သွင်းဂိုးအရေအတွက်ကို ရာသီမကုန်ဆုံးမီ လိုက်မီနိုင်ခဲ့ကြောင်း သိရသည်။

Ref;The Athleti