လာအိုတြင္ ရာသီဥတုပူျပင္းလာမႈအတြက္ သတိေပးခ်က္ထုတ္ျပန္

လာအိုတြင္ ရာသီဥတုပူျပင္းလာမႈအတြက္ သတိေပးခ်က္ထုတ္ျပန္
==========================
လာအိုႏိုင္ငံတစ္ဝန္းတြင္ အလြန္အမင္းပူျပင္းသည့္ ရာသီဥတုအေျခအေနႏွင့္ ရင္ဆိုင္ရႏိုင္ေသာေၾကာင့္ ျပည္သူမ်ားအေနျဖင့္ ႀကိဳတင္ကာကြယ္မႈမ်ား ျပဳလုပ္ရန္ တာဝန္ရွိသူမ်ားက မတ္လ ၂၉ ရက္တြင္ သတိေပးခ်က္ထုတ္ျပန္လိုက္ေၾကာင္း သိရသည္။ ထို႔ျပင္ ႏိုင္ငံတစ္ဝန္း၌ ပ်မ္းမွ်အပူခ်ိန္သည္ ၄၀ ဒီဂရီစင္တီဂရိတ္အထိ ျမင့္တက္လာႏိုင္ေၾကာင္း တာဝန္ရွိသူမ်ားကေျပာသည္။

ႏိုင္ငံအတြင္း အလယ္အလတ္မွ အားေကာင္းေသာ ေလဖိအားနည္းရပ္ဝန္းႏွင့္ အေနာက္ေလမ်ား ျဖတ္သန္းတိုက္ခတ္ေနသျဖင့္ တစ္ေန႔တာလုံး ပူျပင္းေျခာက္ေသြ႕သည့္ျမဴမ်ား ဖုံးလႊမ္းမည္ျဖစ္ေၾကာင္း လာအိုမိုးေလဝသႏွင့္ ဇလေဗဒဦးစီးဌာန၏ ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။

ထို႔ျပင္ ရာသီဥတု အလြန္ပူျပင္းမႈေၾကာင့္ အပူလွ်ပ္ျခင္း၊ မီးေဘးအႏၲရာယ္ႏွင့္ လွ်ပ္စစ္ဝိုင္ယာေရွာ့ျဖစ္ျခင္းစသည့္ ေဘးထြက္ ဆိုးက်ိဳးမ်ား ရွိလာႏိုင္ေၾကာင္း တာဝန္ရွိသူမ်ားက သတိေပးထားသည္။

အလားတူ ျပည္သူမ်ားအေနျဖင့္ ျပင္ပတြင္ အခ်ိန္ၾကာျမင့္စြာ သြားလာလႈပ္ရွားျခင္းကို ကန႔္သတ္ရန္၊ ေရဓာတ္ျပည့္ဝစြာ ေနထိုင္ရန္ႏွင့္ ေျပာင္းလဲလာမည့္ရာသီဥတုအေျခအေနမ်ားကို ဂ႐ုျပဳေစာင့္ၾကည့္ရန္ မိုးေလဝသဌာနက အႀကံျပဳထားသည္။

Ref: Xinhua


လာအိုတွင် ရာသီဥတုပူပြင်းလာမှုအတွက် သတိပေးချက်ထုတ်ပြန်
==========================
လာအိုနိုင်ငံတစ်ဝန်းတွင် အလွန်အမင်းပူပြင်းသည့် ရာသီဥတုအခြေအနေနှင့် ရင်ဆိုင်ရနိုင်သောကြောင့် ပြည်သူများအနေဖြင့် ကြိုတင်ကာကွယ်မှုများ ပြုလုပ်ရန် တာဝန်ရှိသူများက မတ်လ ၂၉ ရက်တွင် သတိပေးချက်ထုတ်ပြန်လိုက်ကြောင်း သိရသည်။ ထို့ပြင် နိုင်ငံတစ်ဝန်း၌ ပျမ်းမျှအပူချိန်သည် ၄၀ ဒီဂရီစင်တီဂရိတ်အထိ မြင့်တက်လာနိုင်ကြောင်း တာဝန်ရှိသူများကပြောသည်။

နိုင်ငံအတွင်း အလယ်အလတ်မှ အားကောင်းသော လေဖိအားနည်းရပ်ဝန်းနှင့် အနောက်လေများ ဖြတ်သန်းတိုက်ခတ်နေသဖြင့် တစ်နေ့တာလုံး ပူပြင်းခြောက်သွေ့သည့်မြူများ ဖုံးလွှမ်းမည်ဖြစ်ကြောင်း လာအိုမိုးလေဝသနှင့် ဇလဗေဒဦးစီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့ပြင် ရာသီဥတု အလွန်ပူပြင်းမှုကြောင့် အပူလျှပ်ခြင်း၊ မီးဘေးအန္တရာယ်နှင့် လျှပ်စစ်ဝိုင်ယာရှော့ဖြစ်ခြင်းစသည့် ဘေးထွက် ဆိုးကျိုးများ ရှိလာနိုင်ကြောင်း တာဝန်ရှိသူများက သတိပေးထားသည်။

အလားတူ ပြည်သူများအနေဖြင့် ပြင်ပတွင် အချိန်ကြာမြင့်စွာ သွားလာလှုပ်ရှားခြင်းကို ကန့်သတ်ရန်၊ ရေဓာတ်ပြည့်ဝစွာ နေထိုင်ရန်နှင့် ပြောင်းလဲလာမည့်ရာသီဥတုအခြေအနေများကို ဂရုပြုစောင့်ကြည့်ရန် မိုးလေဝသဌာနက အကြံပြုထားသည်။

Ref: Xinhua