“ဆီေဈးေၾကာင့္ ယာဥ္စီးချမင့္တက္ေနသျဖင့္ ရထားခရီးသည္မ်ားျပားေန —ရထားဆိုင္းမ်ားတိုးခ်ဲ႕ေျပးဆြဲ”

“ဆီေဈးေၾကာင့္ ယာဥ္စီးချမင့္တက္ေနသျဖင့္ ရထားခရီးသည္မ်ားျပားေန —ရထားဆိုင္းမ်ားတိုးခ်ဲ႕ေျပးဆြဲ”
=====================
ယာယီသမၼတ၏ လမ္းၫႊန္ခ်က္အရ ပို႔ေဆာင္ေရးႏွင့္ဆက္သြယ္ေရးဝန္ႀကီးဌာနေအာက္ရွိ ျမန္မာ့မီးရထားမွ ခရီးသြားျပည္သူမ်ား အဆင္ေျပစြာသြားလာႏိုင္ေရးအတြက္ ရထားဆိုင္းမ်ားတိုးခ်ဲ႕ေျပးဆြဲျခင္းႏွင့္ ရထားတြဲမ်ား ထပ္မံခ်ိတ္ဆက္ေျပးဆြဲျခင္းကို ၂၀၂၆ ခုႏွစ္ မတ္လ ၂၆ ရက္ေန႔မွ စတင္ ေဆာင္႐ြက္လ်က္ရွိေၾကာင္း သိရသည္။
လက္ရွိတြင္ စက္သုံးဆီေဈးႏႈန္းျမင့္တက္လာမႈေၾကာင့္ ေမာ္ေတာ္ယာဥ္စီးႏွင္းခမ်ား တိုးျမင့္လာသျဖင့္ ရထားစီးနင္းသူမ်ား သိသာစြာ တိုးပြားလာေၾကာင္း ခရီးသြားမ်ားထံမွ သိရသည္။
“ေနျပည္ေတာ္ကေန ေမာ္လၿမိဳင္ကို အျမန္လမ္းကသြားတဲ့ယာဥ္ရဲ႕ ေစ်းႏႈန္းက ၄၅,၀၀၀ က်ပ္ကေန ၆၃,၀၀၀ က်ပ္ထိ တက္သြားပါတယ္။ ယာဥ္စီးခတက္တာကို စိုးရိမ္မိတယ္။ ျပန္မက်ေတာ့မွာကိုပါ။ ရထားျပန္ေျပးေစခ်င္ပါတယ္” ဟု ေမာ္လၿမိဳင္သို႔ သြားလာေနသူတစ္ဦးက ေျပာၾကားသည္။
ရန္ကုန္-ေနျပည္ေတာ္ ရထားလမ္းပိုင္းတြင္ ေလေအးေပးစက္ပါ DEMU လူစီးအျမန္ရထားမ်ားျဖစ္သည့္ အမွတ္(၃၁)၊ (၃၂)၊ (၇)၊ (၈) ရထားမ်ား ေျပးဆြဲလ်က္ရွိၿပီး ခရီးသည္မ်ားျပားလာမႈေၾကာင့္ အမွတ္(၃၃)ႏွင့္ (၃၄) ရထားမ်ားကို ထပ္မံတိုးခ်ဲ႕ေျပးဆြဲေပးခဲ့သည္။
ထို႔အျပင္ ရန္ကုန္-မႏၲေလး ရထားလမ္းပိုင္းတြင္ အမွတ္(၁၁)ႏွင့္ (၁၂) အျမန္ရထားမ်ား၌လည္း ခရီးသည္မ်ား တိုးပြားလာသျဖင့္ အထက္တန္း (၁) တြဲႏွင့္ ႐ိုး႐ိုးတန္း (၃) တြဲ ထပ္မံခ်ိတ္ဆက္ေျပးဆြဲေပးခဲ့ၿပီး ယခင္ရပ္တန႔္ဘူတာ (၁၆) ဘူတာအျပင္ ဒိုက္ဦး၊ ေရနီ၊ ေညာင္ရမ္းႏွင့္ ျမစ္သား ဘူတာမ်ားတြင္ပါ ထပ္မံရပ္နားေပးခဲ့ေၾကာင္း သိရသည္။
ထို႔အျပင္ ရန္ကုန္-ေမာ္လၿမိဳင္၊ ရန္ကုန္-ျပည္ႏွင့္ ၾကည့္ျမင့္တိုင္-ျပည္ ရထားလမ္းပိုင္းမ်ားတြင္လည္း ခရီးသည္မ်ား တိုးပြားလာသျဖင့္ ရထားတြဲမ်ား ထပ္မံခ်ိတ္ဆက္ေျပးဆြဲေပးထားၿပီး လက္ပံတန္း-သာရေဝါ ေလာ္ကယ္ရထားကိုလည္း မတ္လ ၂၈ ရက္မွစ၍ ေန႔စဥ္ေျပးဆြဲေပးလ်က္ရွိေၾကာင္း သိရသည္။
ရထားလက္မွတ္မ်ားကို Online Railways Ticketing and Payment System (ORTP) ျဖင့္ ဝယ္ယူႏိုင္ၿပီး လက္မွတ္ခႏႈန္းထားမ်ားကို ယခင္အတိုင္းသာ သတ္မွတ္ထားေၾကာင္း သိရသည္။
ျမန္မာ့မီးရထားမွ ခရီးသြားျပည္သူမ်ား အဆင္ေျပေစရန္ ရထားခရီးစဥ္မ်ား တိုးခ်ဲ႕ေျပးဆြဲျခင္းႏွင့္ ရထားတြဲမ်ား ထပ္မံခ်ိတ္ဆက္ျခင္းမ်ားကို ဆက္လက္ေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း ထုတ္ျပန္ထားသည္။
“ဆီဈေးကြောင့် ယာဉ်စီးခမြင့်တက်နေသဖြင့် ရထားခရီးသည်များပြားနေ —ရထားဆိုင်းများတိုးချဲ့ပြေးဆွဲ”
=====================
ယာယီသမ္မတ၏ လမ်းညွှန်ချက်အရ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနအောက်ရှိ မြန်မာ့မီးရထားမှ ခရီးသွားပြည်သူများ အဆင်ပြေစွာသွားလာနိုင်ရေးအတွက် ရထားဆိုင်းများတိုးချဲ့ပြေးဆွဲခြင်းနှင့် ရထားတွဲများ ထပ်မံချိတ်ဆက်ပြေးဆွဲခြင်းကို ၂၀၂၆ ခုနှစ် မတ်လ ၂၆ ရက်နေ့မှ စတင် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
လက်ရှိတွင် စက်သုံးဆီဈေးနှုန်းမြင့်တက်လာမှုကြောင့် မော်တော်ယာဉ်စီးနှင်းခများ တိုးမြင့်လာသဖြင့် ရထားစီးနင်းသူများ သိသာစွာ တိုးပွားလာကြောင်း ခရီးသွားများထံမှ သိရသည်။
“နေပြည်တော်ကနေ မော်လမြိုင်ကို အမြန်လမ်းကသွားတဲ့ယာဉ်ရဲ့ စျေးနှုန်းက ၄၅,၀၀၀ ကျပ်ကနေ ၆၃,၀၀၀ ကျပ်ထိ တက်သွားပါတယ်။ ယာဉ်စီးခတက်တာကို စိုးရိမ်မိတယ်။ ပြန်မကျတော့မှာကိုပါ။ ရထားပြန်ပြေးစေချင်ပါတယ်” ဟု မော်လမြိုင်သို့ သွားလာနေသူတစ်ဦးက ပြောကြားသည်။
ရန်ကုန်-နေပြည်တော် ရထားလမ်းပိုင်းတွင် လေအေးပေးစက်ပါ DEMU လူစီးအမြန်ရထားများဖြစ်သည့် အမှတ်(၃၁)၊ (၃၂)၊ (၇)၊ (၈) ရထားများ ပြေးဆွဲလျက်ရှိပြီး ခရီးသည်များပြားလာမှုကြောင့် အမှတ်(၃၃)နှင့် (၃၄) ရထားများကို ထပ်မံတိုးချဲ့ပြေးဆွဲပေးခဲ့သည်။
ထို့အပြင် ရန်ကုန်-မန္တလေး ရထားလမ်းပိုင်းတွင် အမှတ်(၁၁)နှင့် (၁၂) အမြန်ရထားများ၌လည်း ခရီးသည်များ တိုးပွားလာသဖြင့် အထက်တန်း (၁) တွဲနှင့် ရိုးရိုးတန်း (၃) တွဲ ထပ်မံချိတ်ဆက်ပြေးဆွဲပေးခဲ့ပြီး ယခင်ရပ်တန့်ဘူတာ (၁၆) ဘူတာအပြင် ဒိုက်ဦး၊ ရေနီ၊ ညောင်ရမ်းနှင့် မြစ်သား ဘူတာများတွင်ပါ ထပ်မံရပ်နားပေးခဲ့ကြောင်း သိရသည်။
ထို့အပြင် ရန်ကုန်-မော်လမြိုင်၊ ရန်ကုန်-ပြည်နှင့် ကြည့်မြင့်တိုင်-ပြည် ရထားလမ်းပိုင်းများတွင်လည်း ခရီးသည်များ တိုးပွားလာသဖြင့် ရထားတွဲများ ထပ်မံချိတ်ဆက်ပြေးဆွဲပေးထားပြီး လက်ပံတန်း-သာရဝေါ လော်ကယ်ရထားကိုလည်း မတ်လ ၂၈ ရက်မှစ၍ နေ့စဉ်ပြေးဆွဲပေးလျက်ရှိကြောင်း သိရသည်။
ရထားလက်မှတ်များကို Online Railways Ticketing and Payment System (ORTP) ဖြင့် ဝယ်ယူနိုင်ပြီး လက်မှတ်ခနှုန်းထားများကို ယခင်အတိုင်းသာ သတ်မှတ်ထားကြောင်း သိရသည်။
မြန်မာ့မီးရထားမှ ခရီးသွားပြည်သူများ အဆင်ပြေစေရန် ရထားခရီးစဉ်များ တိုးချဲ့ပြေးဆွဲခြင်းနှင့် ရထားတွဲများ ထပ်မံချိတ်ဆက်ခြင်းများကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။



