ေနျပည္ေတာ္ လမ္းေလွ်ာက္သၾကၤန္ကို ေနျပည္ေတာ္ရင္ျပင္တြင္ ႏိုင္ငံေတာ္အဆင့္အခမ္းအနားအျဖစ္ က်င္းပမည္

ေနျပည္ေတာ္ လမ္းေလွ်ာက္သၾကၤန္ကို ေနျပည္ေတာ္ရင္ျပင္တြင္ ႏိုင္ငံေတာ္အဆင့္အခမ္းအနားအျဖစ္ က်င္းပမည္
==================
၂၀၂၆ ခုႏွစ္ အတာသၾကၤန္အခါသမယတြင္ ေနျပည္ေတာ္ လမ္းေလွ်ာက္သၾကၤန္ပြဲေတာ္ကို ေနျပည္ေတာ္ရင္ျပင္တြင္ စည္ကားသိုက္ၿမိဳက္စြာ က်င္းပသြားမည္ျဖစ္ေၾကာင္း သိရသည္။
အဆိုပါပြဲေတာ္တြင္ ႏိုင္ငံေတာ္အစိုးရအဖြဲ႕ဝင္မ်ား၊ လႊတ္ေတာ္ကိုယ္စားလွယ္မ်ား၊ ဝန္ထမ္းမ်ားႏွင့္ ျပည္သူမ်ား အတူတကြ ပူးေပါင္းပါဝင္ကာ “စိတ္သစ္၊ လူသစ္၊ ႏိုင္ငံေရးအခင္းအက်င္းသစ္” အျဖစ္ ဆင္ႏႊဲၾကမည္ျဖစ္ေၾကာင္း သိရသည္။
လမ္းေလွ်ာက္သၾကၤန္ပြဲေတာ္တြင္ ျပည္သူမ်ား ေပ်ာ္႐ႊင္စြာ ပါဝင္ႏိုင္ရန္အတြက္ ဇုန္မ်ိဳးစုံကို ထည့္သြင္းစီစဥ္ထားၿပီး သၾကၤန္မ႑ပ္ဇုန္မ်ား၊ ႏိုင္ငံေက်ာ္အဆိုေတာ္မ်ား ပါဝင္မည့္ ေဖ်ာ္ေျဖေရးဇုန္မ်ား၊ သနပ္ခါးသၾကၤန္ဇုန္၊ လက္ဖက္၊ ထမနဲထိုး စသည့္ ႐ိုးရာအစားအစာျပကြက္မ်ားပါဝင္မည္ျဖစ္သည္။
ထို႔အျပင္ ျမန္မာ့႐ိုးရာယဥ္ေက်းမႈမ်ားကို ပိုမိုထင္ရွားေစရန္ အတာသၾကၤန္ႏွင့္ ဆက္စပ္သည့္ အႏုပညာေဖ်ာ္ေျဖေရးမ်ား၊ ႐ိုးရာျပကြက္မ်ားကိုလည္း ခမ္းနားစြာ တင္ဆက္သြားမည္ျဖစ္ေၾကာင္း သိရသည္။
ေနျပည္ေတာ္သာမက ႏိုင္ငံတစ္ဝန္းလုံးတြင္လည္း လမ္းေလွ်ာက္သၾကၤန္ပြဲေတာ္မ်ားကို အလားတူ စီစဥ္က်င္းပသြားမည္ျဖစ္ၿပီး ႏိုင္ငံေက်ာ္အႏုပညာရွင္မ်ား၏ ေဖ်ာ္ေျဖေရးအစီအစဥ္မ်ားကို ၿမိဳ႕အသီးသီးတြင္ ထည့္သြင္းက်င္းပသြားမည္ျဖစ္ေၾကာင္း သိရသည္။
အႏုပညာရွင္မ်ား သြားလာေရးအတြက္လည္း သီးျခားရထားလက္မွတ္မ်ားကို စီစဥ္ေပးသြားမည္ျဖစ္ေၾကာင္း သက္ဆိုင္ရာ တာဝန္ရွိသူမ်ားက ထုတ္ျပန္ထားသည္။
ယခုႏွစ္ လမ္းေလွ်ာက္သၾကၤန္ပြဲေတာ္သည္ ေပ်ာ္႐ႊင္မႈသာမက ျပည္သူမ်ားအၾကား စည္းလုံးညီၫြတ္မႈ ယဥ္ေက်းမႈထိန္းသိမ္းမႈ ႏိုင္ငံေရးအေျပာင္းအလဲအသစ္၏ သေကၤတတို႔ကိုလည္း ကိုယ္စားျပဳေနေသာ အေရးပါသည့္ အခမ္းအနားတစ္ခုအျဖစ္ သတ္မွတ္ထားသည္။


နေပြည်တော် လမ်းလျှောက်သင်္ကြန်ကို နေပြည်တော်ရင်ပြင်တွင် နိုင်ငံတော်အဆင့်အခမ်းအနားအဖြစ် ကျင်းပမည်
==================
၂၀၂၆ ခုနှစ် အတာသင်္ကြန်အခါသမယတွင် နေပြည်တော် လမ်းလျှောက်သင်္ကြန်ပွဲတော်ကို နေပြည်တော်ရင်ပြင်တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါပွဲတော်တွင် နိုင်ငံတော်အစိုးရအဖွဲ့ဝင်များ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ဝန်ထမ်းများနှင့် ပြည်သူများ အတူတကွ ပူးပေါင်းပါဝင်ကာ “စိတ်သစ်၊ လူသစ်၊ နိုင်ငံရေးအခင်းအကျင်းသစ်” အဖြစ် ဆင်နွှဲကြမည်ဖြစ်ကြောင်း သိရသည်။
လမ်းလျှောက်သင်္ကြန်ပွဲတော်တွင် ပြည်သူများ ပျော်ရွှင်စွာ ပါဝင်နိုင်ရန်အတွက် ဇုန်မျိုးစုံကို ထည့်သွင်းစီစဉ်ထားပြီး သင်္ကြန်မဏ္ဍပ်ဇုန်များ၊ နိုင်ငံကျော်အဆိုတော်များ ပါဝင်မည့် ဖျော်ဖြေရေးဇုန်များ၊ သနပ်ခါးသင်္ကြန်ဇုန်၊ လက်ဖက်၊ ထမနဲထိုး စသည့် ရိုးရာအစားအစာပြကွက်များပါဝင်မည်ဖြစ်သည်။
ထို့အပြင် မြန်မာ့ရိုးရာယဉ်ကျေးမှုများကို ပိုမိုထင်ရှားစေရန် အတာသင်္ကြန်နှင့် ဆက်စပ်သည့် အနုပညာဖျော်ဖြေရေးများ၊ ရိုးရာပြကွက်များကိုလည်း ခမ်းနားစွာ တင်ဆက်သွားမည်ဖြစ်ကြောင်း သိရသည်။
နေပြည်တော်သာမက နိုင်ငံတစ်ဝန်းလုံးတွင်လည်း လမ်းလျှောက်သင်္ကြန်ပွဲတော်များကို အလားတူ စီစဉ်ကျင်းပသွားမည်ဖြစ်ပြီး နိုင်ငံကျော်အနုပညာရှင်များ၏ ဖျော်ဖြေရေးအစီအစဉ်များကို မြို့အသီးသီးတွင် ထည့်သွင်းကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
အနုပညာရှင်များ သွားလာရေးအတွက်လည်း သီးခြားရထားလက်မှတ်များကို စီစဉ်ပေးသွားမည်ဖြစ်ကြောင်း သက်ဆိုင်ရာ တာဝန်ရှိသူများက ထုတ်ပြန်ထားသည်။
ယခုနှစ် လမ်းလျှောက်သင်္ကြန်ပွဲတော်သည် ပျော်ရွှင်မှုသာမက ပြည်သူများအကြား စည်းလုံးညီညွတ်မှု ယဉ်ကျေးမှုထိန်းသိမ်းမှု နိုင်ငံရေးအပြောင်းအလဲအသစ်၏ သင်္ကေတတို့ကိုလည်း ကိုယ်စားပြုနေသော အရေးပါသည့် အခမ်းအနားတစ်ခုအဖြစ် သတ်မှတ်ထားသည်။