ျမန္မာႏြယ္ဖြား မြန္တိုင္းရင္းသားဆြန္ရတ္ႏွင့္ ေမြထိုင္းဝါရင့္ဖိုက္တာ ဒက္ဒူအန္လတ္တို႔ ယွဥ္ၿပိဳင္ထိုးသတ္မည္

ျမန္မာႏြယ္ဖြား မြန္တိုင္းရင္းသားဆြန္ရတ္ႏွင့္ ေမြထိုင္းဝါရင့္ဖိုက္တာ ဒက္ဒူအန္လတ္တို႔ ယွဥ္ၿပိဳင္ထိုးသတ္မည္
========================
လာမည့္ မတ္လ (၂၇)ရက္၌ ONE FF – 148 ပြဲစဥ္အတြင္းျမန္မာႏြယ္ဖြား မြန္တိုင္း ရင္းသား ဆြန္ရတ္ႏွင့္ ေမြထိုင္းဝါရင့္ဖိုက္တာ ဒက္ဒူအန္လတ္တို႔ ယွဥ္ၿပိဳင္ထိုးသတ္သြားမည္ျဖစ္ေၾကာင္း သိရသည္။

ၿပိဳင္ဘက္ျဖစ္သူ ဒတ္ဒူအန္လတ္သည္ Flyweight တန္း၏ အဆင့္ျမင့္ဖိုက္တာမ်ားျဖစ္သည့္ Enmanzhaliev၊ Nakrob ႏွင့္ Aslamjon Ortikov တို႔ႏွင့္ရင္ဆိုင္ဖူးသည့္ အေတြ႕အႀကဳံရင့္သူ တစ္ဦးလည္းျဖစ္သည္။

ထို႔ေၾကာင့္ ဆြန္ရတ္အေနျဖင့္ခက္ခဲသည့္ ပြဲၾကမ္းတစ္ခုျဖစ္သလို ဆြန္ရတ္အတြက္ အဆင့္ တဆင့္ထပ္မံတက္လွမ္းဖို႔ ONE ၏ စမ္းသပ္မႈတစ္ခုျဖစ္ႏိုင္ေၾကာင္းသုံးသပ္ေနၾကသည္။


မြန်မာနွယ်ဖွား မွန်တိုင်းရင်းသားဆွန်ရတ်နှင့် မွေထိုင်းဝါရင့်ဖိုက်တာ ဒက်ဒူအန်လတ်တို့ ယှဉ်ပြိုင်ထိုးသတ်မည်
========================
လာမည့် မတ်လ (၂၇)ရက်၌ ONE FF – 148 ပွဲစဉ်အတွင်းမြန်မာနွယ်ဖွား မွန်တိုင်း ရင်းသား ဆွန်ရတ်နှင့် မွေထိုင်းဝါရင့်ဖိုက်တာ ဒက်ဒူအန်လတ်တို့ ယှဉ်ပြိုင်ထိုးသတ်သွားမည်ဖြစ်ကြောင်း သိရသည်။

ပြိုင်ဘက်ဖြစ်သူ ဒတ်ဒူအန်လတ်သည် Flyweight တန်း၏ အဆင့်မြင့်ဖိုက်တာများဖြစ်သည့် Enmanzhaliev၊ Nakrob နှင့် Aslamjon Ortikov တို့နှင့်ရင်ဆိုင်ဖူးသည့် အတွေ့အကြုံရင့်သူ တစ်ဦးလည်းဖြစ်သည်။

ထို့ကြောင့် ဆွန်ရတ်အနေဖြင့်ခက်ခဲသည့် ပွဲကြမ်းတစ်ခုဖြစ်သလို ဆွန်ရတ်အတွက် အဆင့် တဆင့်ထပ်မံတက်လှမ်းဖို့ ONE ၏ စမ်းသပ်မှုတစ်ခုဖြစ်နိုင်ကြောင်းသုံးသပ်နေကြသည်။