ဟာဝိုင္အီတြင္ ႐ုတ္တရက္ေရႀကီးေရလွ်ံမႈေၾကာင့္ လူ ၅၅၀၀ ကို ေဘးလြတ္ရာသို႔ ေ႐ႊ႕ေျပာင္းရန္ အမိန႔္ထုတ္ျပန္

ဟာဝိုင္အီတြင္ ႐ုတ္တရက္ေရႀကီးေရလွ်ံမႈေၾကာင့္ လူ ၅၅၀၀ ကို ေဘးလြတ္ရာသို႔ ေ႐ႊ႕ေျပာင္းရန္ အမိန႔္ထုတ္ျပန္
===========================
မတ္ ၂၂

အေမရိကန္ျပည္ေထာင္စု၊ ဟာဝိုင္ယီျပည္နယ္ရွိ Oahu (အိုအာဟူး) ကြၽန္းေျမာက္ဘက္ကမ္းေျခေဒသမ်ားတြင္ မိုးသည္းထန္စြာ႐ြာသြန္းမႈေၾကာင့္ ႏွစ္ေပါင္း ၂၀ အတြင္း အဆိုး႐ြားဆုံးေရႀကီးမႈမ်ားျဖစ္ပြားေနၿပီး သမိုင္းဝင္ဆည္ႀကီးတစ္ခု ၿပိဳက်ႏိုင္သည့္အႏၲရာယ္ေၾကာင့္ ေဒသတြင္းအေရးေပၚအေျခအေန ေၾကညာထားရသည္။

​ စေနေန႔နံနက္အေစာပိုင္းတြင္ ဟာဝိုင္ယီအေရးေပၚစီမံခန႔္ခြဲမႈဌာနသည္ Waialua (ဝိုင္အာလူအာ) ေဒသရွိ ျပည္သူမ်ားအား “ယခုခ်က္ခ်င္း ထြက္ခြာၾကရန္” ျပင္းထန္စြာ သတိေပးခဲ့သည္။ မိုးဆက္လက္႐ြာသြန္းပါက ထြက္ခြာႏိုင္သည့္ ေနာက္ဆုံးလမ္းေၾကာင္းမွာလည္း ၿပိဳက်ပ်က္စီးသြားႏိုင္သျဖင့္ လူေပါင္း ၅,၅၀၀ ခန႔္ ကို ေဘးလြတ္ရာသို႔ အျမန္ဆုံး ေ႐ႊ႕ေျပာင္းခိုင္းထားျခင္း ျဖစ္သည္။
သက္တမ္း ၁၂၀ ရွိၿပီျဖစ္ေသာ ေျမသားဆည္ႀကီးျဖစ္သည့္ Wahiawa Dam မွာ အခ်ိန္မေ႐ြး ၿပိဳက်ႏိုင္သည့္ အေျခအေန (Imminent Failure) သို႔ ေရာက္ရွိေနသည္။ ဆည္အတြင္း ေရမ်က္ႏွာျပင္မွာ ၈၄ ေပအထိ ျမင့္တက္လာၿပီး ဆည္၏ အျမင့္ဆုံးခံႏိုင္ရည္ထက္ ၆ ေပ (၁.၈ မီတာ) သာ လိုပါေတာ့သည္။

အဆိုပါ ဆည္သည္ ၁၉၂၁ ခုႏွစ္တြင္ တစ္ႀကိမ္ ၿပိဳက်ဖူးၿပီး၊ ၿပိဳက်ပါက လူအသက္ေပါင္းမ်ားစြာ ဆုံးရႈံးႏိုင္သည့္ “အႏၲရာယ္အလြန္ႀကီးမားေသာဆည္” အျဖစ္ သတ္မွတ္ခံထားရသည္။ ၎ကို ပိုင္ဆိုင္သည့္ Dole Food Company သည္ ဆည္အား စနစ္တက် ထိန္း သိမ္းရန္ ပ်က္ကြက္မႈျဖင့္ ဒဏ္႐ိုက္ျခင္းမ်ားလည္း ခံထားရသည္။

ျပည္နယ္အုပ္ခ်ဳပ္ေရးမႉး Josh Green က ပ်က္စီး ဆုံးရႈံးမႈတန္ဖိုးမွာ ေဒၚလာ ၁ ဘီလီယံေက်ာ္ ရွိႏိုင္ေၾကာင္း ခန႔္မွန္းထားသည္။ အေျခအေနမွာ အလြန္ဆိုး႐ြားသျဖင့္ National Guard တပ္ဖြဲ႕ဝင္မ်ားအျပင္ Schofield စစ္အေျခစိုက္စခန္းမွ တပ္မေတာ္သားမ်ားကိုပါ ေခၚယူထားရသည္။ ေရေဘးပိတ္မိေနသူ ၂၀၀ ေက်ာ္ကို ကယ္ဆယ္ႏိုင္ခဲ့ၿပီး၊ လူငယ္စခန္းတစ္ခုမွ ကေလးႏွင့္ လူႀကီး ၇၂ ဦးကို ရဟတ္ယာဥ္ျဖင့္ ေဘးလြတ္ရာသို႔ ပို႔ေဆာင္ေပးခဲ့ရသည္။ အနည္းဆုံး လူ ၁၀ ဦးမွာ ေရထဲတြင္ အခ်ိန္ၾကာျမင့္စြာ ရွိေနခဲ့သျဖင့္ ခႏၶာ ကိုယ္အပူခ်ိန္ အလြန္အမင္းက်ဆင္းမႈ (Hypother -mia) ေၾကာင့္ ေဆး႐ုံတင္ထားရသည္။

မိုးေလဝသခန႔္မွန္းခ်က္မ်ားအရ ေရွ႕လာမည့္ရက္မ်ားတြင္ မိုးထပ္မံ႐ြာသြန္းဦးမည္ျဖစ္ရာ ဆည္၏ႀကံ့ ခိုင္မႈမွာ အဓိကစိုးရိမ္စရာ ျဖစ္ေနသည္။ အကယ္၍ ဆည္သာၿပိဳက်ခဲ့ပါက Waialua တစ္ဝိုက္ရွိ ရပ္ကြက္မ်ားအားလုံး ေရေအာက္သို႔ လုံးဝေရာက္ရွိသြားႏိုင္သည့္ အေျခအေန ျဖစ္ပါသည္။


ဟာဝိုင်အီတွင် ရုတ်တရက်ရေကြီးရေလျှံမှုကြောင့် လူ ၅၅၀၀ ကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းရန် အမိန့်ထုတ်ပြန်
===========================
မတ် ၂၂

အမေရိကန်ပြည်ထောင်စု၊ ဟာဝိုင်ယီပြည်နယ်ရှိ Oahu (အိုအာဟူး) ကျွန်းမြောက်ဘက်ကမ်းခြေဒေသများတွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် နှစ်ပေါင်း ၂၀ အတွင်း အဆိုးရွားဆုံးရေကြီးမှုများဖြစ်ပွားနေပြီး သမိုင်းဝင်ဆည်ကြီးတစ်ခု ပြိုကျနိုင်သည့်အန္တရာယ်ကြောင့် ဒေသတွင်းအရေးပေါ်အခြေအနေ ကြေညာထားရသည်။

​ စနေနေ့နံနက်အစောပိုင်းတွင် ဟာဝိုင်ယီအရေးပေါ်စီမံခန့်ခွဲမှုဌာနသည် Waialua (ဝိုင်အာလူအာ) ဒေသရှိ ပြည်သူများအား “ယခုချက်ချင်း ထွက်ခွာကြရန်” ပြင်းထန်စွာ သတိပေးခဲ့သည်။ မိုးဆက်လက်ရွာသွန်းပါက ထွက်ခွာနိုင်သည့် နောက်ဆုံးလမ်းကြောင်းမှာလည်း ပြိုကျပျက်စီးသွားနိုင်သဖြင့် လူပေါင်း ၅,၅၀၀ ခန့် ကို ဘေးလွတ်ရာသို့ အမြန်ဆုံး ရွှေ့ပြောင်းခိုင်းထားခြင်း ဖြစ်သည်။
သက်တမ်း ၁၂၀ ရှိပြီဖြစ်သော မြေသားဆည်ကြီးဖြစ်သည့် Wahiawa Dam မှာ အချိန်မရွေး ပြိုကျနိုင်သည့် အခြေအနေ (Imminent Failure) သို့ ရောက်ရှိနေသည်။ ဆည်အတွင်း ရေမျက်နှာပြင်မှာ ၈၄ ပေအထိ မြင့်တက်လာပြီး ဆည်၏ အမြင့်ဆုံးခံနိုင်ရည်ထက် ၆ ပေ (၁.၈ မီတာ) သာ လိုပါတော့သည်။

အဆိုပါ ဆည်သည် ၁၉၂၁ ခုနှစ်တွင် တစ်ကြိမ် ပြိုကျဖူးပြီး၊ ပြိုကျပါက လူအသက်ပေါင်းများစွာ ဆုံးရှုံးနိုင်သည့် “အန္တရာယ်အလွန်ကြီးမားသောဆည်” အဖြစ် သတ်မှတ်ခံထားရသည်။ ၎င်းကို ပိုင်ဆိုင်သည့် Dole Food Company သည် ဆည်အား စနစ်တကျ ထိန်း သိမ်းရန် ပျက်ကွက်မှုဖြင့် ဒဏ်ရိုက်ခြင်းများလည်း ခံထားရသည်။

ပြည်နယ်အုပ်ချုပ်ရေးမှူး Josh Green က ပျက်စီး ဆုံးရှုံးမှုတန်ဖိုးမှာ ဒေါ်လာ ၁ ဘီလီယံကျော် ရှိနိုင်ကြောင်း ခန့်မှန်းထားသည်။ အခြေအနေမှာ အလွန်ဆိုးရွားသဖြင့် National Guard တပ်ဖွဲ့ဝင်များအပြင် Schofield စစ်အခြေစိုက်စခန်းမှ တပ်မတော်သားများကိုပါ ခေါ်ယူထားရသည်။ ရေဘေးပိတ်မိနေသူ ၂၀၀ ကျော်ကို ကယ်ဆယ်နိုင်ခဲ့ပြီး၊ လူငယ်စခန်းတစ်ခုမှ ကလေးနှင့် လူကြီး ၇၂ ဦးကို ရဟတ်ယာဉ်ဖြင့် ဘေးလွတ်ရာသို့ ပို့ဆောင်ပေးခဲ့ရသည်။ အနည်းဆုံး လူ ၁၀ ဦးမှာ ရေထဲတွင် အချိန်ကြာမြင့်စွာ ရှိနေခဲ့သဖြင့် ခန္ဓာ ကိုယ်အပူချိန် အလွန်အမင်းကျဆင်းမှု (Hypother -mia) ကြောင့် ဆေးရုံတင်ထားရသည်။

မိုးလေဝသခန့်မှန်းချက်များအရ ရှေ့လာမည့်ရက်များတွင် မိုးထပ်မံရွာသွန်းဦးမည်ဖြစ်ရာ ဆည်၏ကြံ့ ခိုင်မှုမှာ အဓိကစိုးရိမ်စရာ ဖြစ်နေသည်။ အကယ်၍ ဆည်သာပြိုကျခဲ့ပါက Waialua တစ်ဝိုက်ရှိ ရပ်ကွက်များအားလုံး ရေအောက်သို့ လုံးဝရောက်ရှိသွားနိုင်သည့် အခြေအနေ ဖြစ်ပါသည်။