အီရန္သဘာဝဓာတ္ေငြ႕အေျခခံအေဆာက္အအုံမ်ားကို ထပ္ခါတလဲလဲတိုက္ခိုက္မႈမ်ားမျပဳရန္ အစၥေရးအား ေဒၚနယ္ထရမ့္ သတိေပး

အီရန္သဘာဝဓာတ္ေငြ႕အေျခခံအေဆာက္အအုံမ်ားကို ထပ္ခါတလဲလဲတိုက္ခိုက္မႈမ်ားမျပဳရန္ အစၥေရးအား ေဒၚနယ္ထရမ့္ သတိေပး
==================
မတ္ ၂၀
သမၼတေဒၚနယ္ထရမ့္သည္ အီရန္သဘာဝဓာတ္ေငြ႕အေျခခံအေဆာက္အအုံမ်ားကို ထပ္ခါတလဲလဲတိုက္ ခိုက္မႈမ်ားမျပဳရန္ အစၥေရးအား သတိေပးခဲ့သည္ဟု သတင္းမ်ားထြက္ေပၚလာပါသည္။ ၎သည္ အီရန္၏ South Pars ဓာတ္ေငြ႕ေျမကို အစၥေရးက တိုက္ခိုက္မႈအၿပီးတြင္ ျဖစ္ေပၚလာခဲ့သည္။

မတ္လ ၁၈ ရက္ေန႔မွာ အစၥေရးက အီရန္ရဲ႕ အႀကီးမားဆုံးေသာ South Pars သဘာဝဓာတ္ေငြ႕ေျမကို တိုက္ခိုက္ခဲ့သည္။ အဲဒီေနာက္မွာေတာ့ အီရန္က ကမာၻ႔အႀကီးဆုံး ဓာတ္ေငြ႕ရည္ (LNG) စက္႐ုံရွိရာ ကာတာ (Qatar) နဲ႔ UAE တို႔ကို ဒ႐ုန္းေတြနဲ႔ လက္တုံ႔ျပန္ တိုက္ ခိုက္ခဲ့ပါသည္။

သမၼတ ေဒၚနယ္ထရန႔္က အစၥေရးဝန္ႀကီးခ်ဳပ္ ေနတန္ယာဟုကို အီရန္ရဲ႕ ဓာတ္ေငြ႕ေျမေတြကို ထပ္မံမတိုက္ခိုက္ဖို႔ (Don’t do that) တိုက္႐ိုက္ တားျမစ္လိုက္ သည္။ တစ္ဖက္မွာလည္း အီရန္ကို “အကယ္၍ ကာတာကို ထပ္တိုက္ရင္ အေမရိကန္ကိုယ္တိုင္က အီရန္ရဲ႕ ဓာတ္ေငြ႕ေျမျပင္တစ္ခုလုံးကို ေျခမႈန္းပစ္မယ္” လို႔ ျပင္းျပင္းထန္ထန္ ၿခိမ္းေျခာက္ထားသည္။

ထိုသို႔ အျပန္အလွန္တိုက္ခိုက္မႈမ်ားေၾကာင့္ ကမာၻ႔ေရနံေဈး ၁၁၅ ေဒၚလာေက်ာ္အထိ ေရာက္ရွိသြားၿပီး၊ကာတာရဲ႕ LNG စက္႐ုံပ်က္စီးမႈေၾကာင့္ ကမာၻ႔ဓာတ္ေငြ႕ ေထာက္ပံ့မႈ ၁၇% ခန႔္ ျပတ္ေတာက္ႏိုင္သည့္ အႏၲရာယ္နဲ႔ ႀကဳံေတြ႕ေနရသည္။ ​ဥေရာပ ဓာတ္ေငြ႕ေဈးႏႈန္းမွာလည္း တစ္ရက္တည္းမွာပင္ ၃၀% ေက်ာ္ ႐ုတ္တရက္ ခုန္တက္သြားခဲ့ၿပီး ကမာၻ႔ေငြေၾကးေဖာင္းပြမႈ အႏၲရာယ္ကို ပိုမိုဆိုး႐ြားေစခဲ့သည္။


အီရန်သဘာဝဓာတ်ငွေ့အခြေခံအဆောက်အအုံများကို ထပ်ခါတလဲလဲတိုက်ခိုက်မှုများမပြုရန် အစ္စရေးအား ဒေါ်နယ်ထရမ့် သတိပေး
==================
မတ် ၂၀
သမ္မတဒေါ်နယ်ထရမ့်သည် အီရန်သဘာဝဓာတ်ငွေ့အခြေခံအဆောက်အအုံများကို ထပ်ခါတလဲလဲတိုက် ခိုက်မှုများမပြုရန် အစ္စရေးအား သတိပေးခဲ့သည်ဟု သတင်းများထွက်ပေါ်လာပါသည်။ ၎င်းသည် အီရန်၏ South Pars ဓာတ်ငွေ့မြေကို အစ္စရေးက တိုက်ခိုက်မှုအပြီးတွင် ဖြစ်ပေါ်လာခဲ့သည်။

မတ်လ ၁၈ ရက်နေ့မှာ အစ္စရေးက အီရန်ရဲ့ အကြီးမားဆုံးသော South Pars သဘာဝဓာတ်ငွေ့မြေကို တိုက်ခိုက်ခဲ့သည်။ အဲဒီနောက်မှာတော့ အီရန်က ကမ္ဘာ့အကြီးဆုံး ဓာတ်ငွေ့ရည် (LNG) စက်ရုံရှိရာ ကာတာ (Qatar) နဲ့ UAE တို့ကို ဒရုန်းတွေနဲ့ လက်တုံ့ပြန် တိုက် ခိုက်ခဲ့ပါသည်။

သမ္မတ ဒေါ်နယ်ထရန့်က အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုကို အီရန်ရဲ့ ဓာတ်ငွေ့မြေတွေကို ထပ်မံမတိုက်ခိုက်ဖို့ (Don’t do that) တိုက်ရိုက် တားမြစ်လိုက် သည်။ တစ်ဖက်မှာလည်း အီရန်ကို “အကယ်၍ ကာတာကို ထပ်တိုက်ရင် အမေရိကန်ကိုယ်တိုင်က အီရန်ရဲ့ ဓာတ်ငွေ့မြေပြင်တစ်ခုလုံးကို ခြေမှုန်းပစ်မယ်” လို့ ပြင်းပြင်းထန်ထန် ခြိမ်းခြောက်ထားသည်။

ထိုသို့ အပြန်အလှန်တိုက်ခိုက်မှုများကြောင့် ကမ္ဘာ့ရေနံဈေး ၁၁၅ ဒေါ်လာကျော်အထိ ရောက်ရှိသွားပြီး၊ကာတာရဲ့ LNG စက်ရုံပျက်စီးမှုကြောင့် ကမ္ဘာ့ဓာတ်ငွေ့ ထောက်ပံ့မှု ၁၇% ခန့် ပြတ်တောက်နိုင်သည့် အန္တရာယ်နဲ့ ကြုံတွေ့နေရသည်။ ​ဥရောပ ဓာတ်ငွေ့ဈေးနှုန်းမှာလည်း တစ်ရက်တည်းမှာပင် ၃၀% ကျော် ရုတ်တရက် ခုန်တက်သွားခဲ့ပြီး ကမ္ဘာ့ငွေကြေးဖောင်းပွမှု အန္တရာယ်ကို ပိုမိုဆိုးရွားစေခဲ့သည်။