ဘရာဇီးအစိုးရက အ႐ြယ္မေရာက္ေသးသူမ်ား လူမႈမီဒီယာအသုံးျပဳမႈကို စတင္ကန႔္သတ္

ဘရာဇီးအစိုးရက အ႐ြယ္မေရာက္ေသးသူမ်ား လူမႈမီဒီယာအသုံးျပဳမႈကို စတင္ကန႔္သတ္
==================================
ဘရာဇီးအစိုးရက ႏိုင္ငံအတြင္းရွိအ႐ြယ္မေရာက္ေသးသူမ်ား လူမႈမီဒီယာအသုံးျပဳမႈကို မတ္လ ၁၇ ရက္တြင္ ဥပေဒထုတ္ျပန္ကာ စတင္ကန႔္သတ္လိုက္ေၾကာင္းသိရသည္။ အဆိုပါဥပေဒအရ အသက္ ၁၆ ႏွစ္ေအာက္ ဆယ္ေက်ာ္သက္မ်ားသည္ ၎တို႔၏ လူမႈကြန္ရက္အေကာင့္မ်ားကို အုပ္ထိန္းသူႏွင့္ ခ်ိတ္ဆက္ထားရမည္ျဖစ္ၿပီး အသက္ ၁၈ ႏွစ္ေအာက္ ကေလးမ်ားအတြက္ မသင့္ေလ်ာ္ေသာ အေၾကာင္းအရာမ်ားကို ပိတ္ပင္ရန္ ခိုင္လုံေသာ အသက္အတည္ျပဳျခင္း နည္းလမ္းမ်ားကို အသုံးျပဳရမည္ျဖစ္သည္။
ယခင္က အသုံးျပဳခဲ့သည့္ ကိုယ္တိုင္အသက္ျဖည့္စြက္သည့္စနစ္မွာ ထိေရာက္မႈမရွိသျဖင့္ မွတ္ပုံတင္ျပျခင္း သို႔မဟုတ္ ဇီဝနည္းျဖင့္ စစ္ေဆးျခင္းမ်ားကို ေရွ႕ေျပးပုံစံအျဖစ္ စတင္က်င့္သုံးရန္ အဆိုျပဳထားသည္။
ထို႔ျပင္ကေလးမ်ားကို ပစ္မွတ္ထားသည့္ ေၾကာ္ျငာမ်ားႏွင့္ဗီဒီယိုဂိမ္းအတြင္း ေငြေပးေခ်ရေသာ ဆုလာဘ္ပုံးမ်ားကိုလည္း ပိတ္ပင္တားျမစ္ထားသည္။ အဆိုပါဥပေဒပါစည္းမ်ဥ္းစည္းကမ္းမ်ားကို လိုက္နာျခင္းမရွိေသာ ကုမၸဏီမ်ားကို ေဒၚလာ ၉ သန္းခန႔္အထိ ဒဏ္႐ိုက္ျခင္း သို႔မဟုတ္ လုပ္ငန္းပိတ္သိမ္းျခင္းမ်ား ျပဳလုပ္သြားမည္ ျဖစ္ေၾကာင္း သိရသည္။
Ref: BP
ဘရာဇီးအစိုးရက အရွယ်မရောက်သေးသူများ လူမှုမီဒီယာအသုံးပြုမှုကို စတင်ကန့်သတ်
==================================
ဘရာဇီးအစိုးရက နိုင်ငံအတွင်းရှိအရွယ်မရောက်သေးသူများ လူမှုမီဒီယာအသုံးပြုမှုကို မတ်လ ၁၇ ရက်တွင် ဥပဒေထုတ်ပြန်ကာ စတင်ကန့်သတ်လိုက်ကြောင်းသိရသည်။ အဆိုပါဥပဒေအရ အသက် ၁၆ နှစ်အောက် ဆယ်ကျော်သက်များသည် ၎င်းတို့၏ လူမှုကွန်ရက်အကောင့်များကို အုပ်ထိန်းသူနှင့် ချိတ်ဆက်ထားရမည်ဖြစ်ပြီး အသက် ၁၈ နှစ်အောက် ကလေးများအတွက် မသင့်လျော်သော အကြောင်းအရာများကို ပိတ်ပင်ရန် ခိုင်လုံသော အသက်အတည်ပြုခြင်း နည်းလမ်းများကို အသုံးပြုရမည်ဖြစ်သည်။
ယခင်က အသုံးပြုခဲ့သည့် ကိုယ်တိုင်အသက်ဖြည့်စွက်သည့်စနစ်မှာ ထိရောက်မှုမရှိသဖြင့် မှတ်ပုံတင်ပြခြင်း သို့မဟုတ် ဇီဝနည်းဖြင့် စစ်ဆေးခြင်းများကို ရှေ့ပြေးပုံစံအဖြစ် စတင်ကျင့်သုံးရန် အဆိုပြုထားသည်။
ထို့ပြင်ကလေးများကို ပစ်မှတ်ထားသည့် ကြော်ငြာများနှင့်ဗီဒီယိုဂိမ်းအတွင်း ငွေပေးချေရသော ဆုလာဘ်ပုံးများကိုလည်း ပိတ်ပင်တားမြစ်ထားသည်။ အဆိုပါဥပဒေပါစည်းမျဉ်းစည်းကမ်းများကို လိုက်နာခြင်းမရှိသော ကုမ္ပဏီများကို ဒေါ်လာ ၉ သန်းခန့်အထိ ဒဏ်ရိုက်ခြင်း သို့မဟုတ် လုပ်ငန်းပိတ်သိမ်းခြင်းများ ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။
Ref: BP




