အလြန္ျပဳျပင္ထားတဲ့ အစားအစာမ်ားစားျခင္းက ႏွလုံးေရာဂါျဖစ္ႏိုင္ေျခ ၆၇ ရာခိုင္ႏႈန္းျမင့္တက္ေစ

အလြန္ျပဳျပင္ထားတဲ့ အစားအစာမ်ားစားျခင္းက ႏွလုံးေရာဂါျဖစ္ႏိုင္ေျခ ၆၇ ရာခိုင္ႏႈန္းျမင့္တက္ေစ
=================================
အလြန္ျပဳျပင္ထားတဲ့ အစားအစာေတြ စားတာဟာ ႏွလုံးေရာဂါျဖစ္ႏိုင္ေျခ၊ ေလျဖတ္ႏိုင္ေျခနဲ႔ အသက္အႏၲရာယ္ျဖစ္ႏိုင္ေျခကို သိသိသာသာျမင့္တက္ေစႏိုင္တယ္လို႔ အေမရိကန္ႏွလုံးေရာဂါ ေကာလိပ္ကထုတ္ျပန္တဲ့ သုေတသနအသစ္တစ္ခုက သတိေပးလိုက္ပါတယ္။ တစ္ရက္ကို အာလူးေၾကာ္၊ အသင့္စားေအးခဲစာ၊ ျပဳျပင္ထားတဲ့ အသားနဲ႔ အခ်ိဳရည္ေတြလို အစားအစာမ်ိဳးကို ကိုးႀကိမ္ထက္ပိုၿပီး စားသုံးသူေတြမွာ တစ္ႀကိမ္သာစားသူေတြထက္ ႏွလုံးေရာဂါျဖစ္ႏိုင္ေျခ ၆၇ ရာခိုင္ႏႈန္းအထိ ျမင့္တက္လာတာေတြ႕ရပါတယ္။

ဒီေလ့လာခ်က္အရ အဲဒီလိုအစားအစာေတြကို တစ္ေန႔မွာ တစ္ႀကိမ္ပိုစားမိတိုင္း ႏွလုံးေရာဂါ သို႔မဟုတ္ ေလျဖတ္ႏိုင္ေျခဟာ ၅ ရာခိုင္ႏႈန္းစီေလာက္ ပုံမွန္တက္သြားတာ ေတြ႕ရပါတယ္။ ထူးျခားခ်က္တစ္ခုကေတာ့ ဒီလိုမ်ိဳးျဖစ္ႏိုင္ေျခဟာ အာဖရိကႏြယ္ဖြား အေမရိကန္လူမ်ိဳးေတြမွာ အျခားလူမ်ိဳးစုေတြထက္ ပိုၿပီးေတာ့ေတာင္ ျမင့္မားေနပါတယ္။

သုေတသနပညာရွင္ေတြက ဆီးခ်ိဳ၊ ေသြးတိုး၊ အဝလြန္စတဲ့ တျခားအေၾကာင္းရင္းေတြကို ထည့္တြက္ရင္ေတာင္မွ ဒီလိုျပဳျပင္ထားတဲ့ အစားအစာေတြရဲ႕ အႏၲရာယ္က ေလ်ာ့မသြားဘူးလို႔ ဆိုပါတယ္။ ဒါေၾကာင့္ ႏွလုံးက်န္းမာေရးအတြက္ အာဟာရတန္ဖိုးနည္းၿပီး အဆင့္ဆင့္ျပဳျပင္ထားတဲ့ အစားအစာေတြကို ေလွ်ာ့စားၾကဖို႔ ပညာရွင္ေတြက တိုက္တြန္းထားပါတယ္။


အလွန်ပြုပြင်ထားတဲ့ အစားအစာများစားခြင်းက နှလုံးရောဂါဖြစ်နိုင်ခြေ ၆၇ ရာခိုင်နှုန်းမြင့်တက်စေ
=================================
အလွန်ပြုပြင်ထားတဲ့ အစားအစာတွေ စားတာဟာ နှလုံးရောဂါဖြစ်နိုင်ခြေ၊ လေဖြတ်နိုင်ခြေနဲ့ အသက်အန္တရာယ်ဖြစ်နိုင်ခြေကို သိသိသာသာမြင့်တက်စေနိုင်တယ်လို့ အမေရိကန်နှလုံးရောဂါ ကောလိပ်ကထုတ်ပြန်တဲ့ သုတေသနအသစ်တစ်ခုက သတိပေးလိုက်ပါတယ်။ တစ်ရက်ကို အာလူးကြော်၊ အသင့်စားအေးခဲစာ၊ ပြုပြင်ထားတဲ့ အသားနဲ့ အချိုရည်တွေလို အစားအစာမျိုးကို ကိုးကြိမ်ထက်ပိုပြီး စားသုံးသူတွေမှာ တစ်ကြိမ်သာစားသူတွေထက် နှလုံးရောဂါဖြစ်နိုင်ခြေ ၆၇ ရာခိုင်နှုန်းအထိ မြင့်တက်လာတာတွေ့ရပါတယ်။

ဒီလေ့လာချက်အရ အဲဒီလိုအစားအစာတွေကို တစ်နေ့မှာ တစ်ကြိမ်ပိုစားမိတိုင်း နှလုံးရောဂါ သို့မဟုတ် လေဖြတ်နိုင်ခြေဟာ ၅ ရာခိုင်နှုန်းစီလောက် ပုံမှန်တက်သွားတာ တွေ့ရပါတယ်။ ထူးခြားချက်တစ်ခုကတော့ ဒီလိုမျိုးဖြစ်နိုင်ခြေဟာ အာဖရိကနွယ်ဖွား အမေရိကန်လူမျိုးတွေမှာ အခြားလူမျိုးစုတွေထက် ပိုပြီးတော့တောင် မြင့်မားနေပါတယ်။

သုတေသနပညာရှင်တွေက ဆီးချို၊ သွေးတိုး၊ အဝလွန်စတဲ့ တခြားအကြောင်းရင်းတွေကို ထည့်တွက်ရင်တောင်မှ ဒီလိုပြုပြင်ထားတဲ့ အစားအစာတွေရဲ့ အန္တရာယ်က လျော့မသွားဘူးလို့ ဆိုပါတယ်။ ဒါကြောင့် နှလုံးကျန်းမာရေးအတွက် အာဟာရတန်ဖိုးနည်းပြီး အဆင့်ဆင့်ပြုပြင်ထားတဲ့ အစားအစာတွေကို လျှော့စားကြဖို့ ပညာရှင်တွေက တိုက်တွန်းထားပါတယ်။