ထိုင္းေဆး႐ုံမ်ား လွ်ပ္စစ္မီးျပတ္ေတာက္မႈအႏၲရာယ္ႀကဳံလာရင္ ဒီဇယ္ဆီအရန္အသင့္ရွိရန္အသည္းအသန္ရွာေဖြေနရ

ထိုင္းေဆး႐ုံမ်ား လွ်ပ္စစ္မီးျပတ္ေတာက္မႈအႏၲရာယ္ႀကဳံလာရင္ ဒီဇယ္ဆီအရန္အသင့္ရွိရန္အသည္းအသန္ရွာေဖြေနရ
=======================
မတ္လ ၁၈

ထိုင္းႏိုင္ငံ၊ ခြန္ဘူရီေဒသရွိ ေဆး႐ုံတစ္႐ုံသည္ ေလာင္စာဆီျပတ္လပ္မႈကို ရင္ဆိုင္ေနရၿပီး အေရးေပၚအေျခအေနအတြက္အသုံးျပဳရန္ အရန္မီးစက္မ်ားလည္ပတ္ႏိုင္ေရး ဒီဇယ္ဆီမ်ား အသည္းအသန္ရွာေဖြေနေၾကာင္းသိရသည္။

အဆိုပါေဆး႐ုံ၏ လွ်ပ္စစ္ပညာရွင္ ဂ်ဴလာပြန္ ရတ္ခ်ာေတာ့ခ္က မတ္လ ၁၇ ရက္တြင္ မီးစက္သုံးလုံးအတြက္ ဒီဇယ္ဆီမ်ား ရွာေဖြဝယ္ယူရန္ တာဝန္ေပးခံခဲ့ရေၾကာင္း ေျပာၾကားထားၿပီး ေဆး႐ုံမ်ားအေနျဖင့္ အေရးႀကီးေသာ ေဆးကုသမႈမ်ား၊ အထူးသျဖင့္ အသက္ကယ္စက္ကိရိယာမ်ား လည္ပတ္ႏိုင္ေရးအတြက္ လွ်ပ္စစ္မီးျပတ္ေတာက္မႈ မရွိေစရန္ အထူးအေရးႀကီးသည္။

ထိုင္းႏိုင္ငံတြင္ ႏွစ္စဥ္ေႏြရာသီကာလ၌ မုန္တိုင္းမ်ား က်ေရာက္ေလ့ရွိၿပီး ယင္းအခ်ိန္မ်ားတြင္ လွ်ပ္စစ္မီး ျပတ္ေတာက္မႈမ်ား ျဖစ္ေပၚတတ္၍ ေဆး႐ုံမ်ားအေနျဖင့္ ႀကိဳတင္ျပင္ဆင္မႈ မရွိပါက ေဆးဘက္ဆိုင္ရာဝန္ထမ္းမ်ားႏွင့္ လူနာမ်ားအတြက္ ဆိုး႐ြားေသာ အက်ိဳးဆက္မ်ား ျဖစ္ေပၚလာႏိုင္ေၾကာင္း ဂ်ဴလာပြန္က သတိေပးခဲ့‌ေၾကာင္းသိရသည္။

ဂ်ဴလာပြန္သည္ မတ္လ ၁၆ ရက္တစ္ရက္လုံး ေလာင္စာဆီရရွိေရးအတြက္ လူနာတင္ယာဥ္တစ္စီးျဖင့္ ေဒသတစ္ဝိုက္ ပိုက္စိပ္တိုက္ ရွာေဖြခဲ့ရေၾကာင္း သိရၿပီး လက္ရွိတြင္ ထိုင္းႏိုင္ငံရွိ အျခားေသာေဆး႐ုံမ်ားသည္လည္း အလားတူ အေျခအေနမ်ိဳး ႀကဳံေတြ႕လာႏိုင္ေျခရွိသျဖင့္ ဒီဇယ္ဆီမ်ား ႀကိဳတင္စုေဆာင္းျခင္းႏွင့္ အရန္မီးစက္စနစ္မ်ား အဆင္သင့္ရွိေစေရး ေဆာင္႐ြက္လ်က္ရွိသည္။


ထိုင်းဆေးရုံများ လျှပ်စစ်မီးပြတ်တောက်မှုအန္တရာယ်ကြုံလာရင် ဒီဇယ်ဆီအရန်အသင့်ရှိရန်အသည်းအသန်ရှာဖွေနေရ
=======================
မတ်လ ၁၈

ထိုင်းနိုင်ငံ၊ ခွန်ဘူရီဒေသရှိ ဆေးရုံတစ်ရုံသည် လောင်စာဆီပြတ်လပ်မှုကို ရင်ဆိုင်နေရပြီး အရေးပေါ်အခြေအနေအတွက်အသုံးပြုရန် အရန်မီးစက်များလည်ပတ်နိုင်ရေး ဒီဇယ်ဆီများ အသည်းအသန်ရှာဖွေနေကြောင်းသိရသည်။

အဆိုပါဆေးရုံ၏ လျှပ်စစ်ပညာရှင် ဂျူလာပွန် ရတ်ချာတော့ခ်က မတ်လ ၁၇ ရက်တွင် မီးစက်သုံးလုံးအတွက် ဒီဇယ်ဆီများ ရှာဖွေဝယ်ယူရန် တာဝန်ပေးခံခဲ့ရကြောင်း ပြောကြားထားပြီး ဆေးရုံများအနေဖြင့် အရေးကြီးသော ဆေးကုသမှုများ၊ အထူးသဖြင့် အသက်ကယ်စက်ကိရိယာများ လည်ပတ်နိုင်ရေးအတွက် လျှပ်စစ်မီးပြတ်တောက်မှု မရှိစေရန် အထူးအရေးကြီးသည်။

ထိုင်းနိုင်ငံတွင် နှစ်စဉ်နွေရာသီကာလ၌ မုန်တိုင်းများ ကျရောက်လေ့ရှိပြီး ယင်းအချိန်များတွင် လျှပ်စစ်မီး ပြတ်တောက်မှုများ ဖြစ်ပေါ်တတ်၍ ဆေးရုံများအနေဖြင့် ကြိုတင်ပြင်ဆင်မှု မရှိပါက ဆေးဘက်ဆိုင်ရာဝန်ထမ်းများနှင့် လူနာများအတွက် ဆိုးရွားသော အကျိုးဆက်များ ဖြစ်ပေါ်လာနိုင်ကြောင်း ဂျူလာပွန်က သတိပေးခဲ့‌ကြောင်းသိရသည်။

ဂျူလာပွန်သည် မတ်လ ၁၆ ရက်တစ်ရက်လုံး လောင်စာဆီရရှိရေးအတွက် လူနာတင်ယာဉ်တစ်စီးဖြင့် ဒေသတစ်ဝိုက် ပိုက်စိပ်တိုက် ရှာဖွေခဲ့ရကြောင်း သိရပြီး လက်ရှိတွင် ထိုင်းနိုင်ငံရှိ အခြားသောဆေးရုံများသည်လည်း အလားတူ အခြေအနေမျိုး ကြုံတွေ့လာနိုင်ခြေရှိသဖြင့် ဒီဇယ်ဆီများ ကြိုတင်စုဆောင်းခြင်းနှင့် အရန်မီးစက်စနစ်များ အဆင်သင့်ရှိစေရေး ဆောင်ရွက်လျက်ရှိသည်။