၂၀၂၆ Finalissima ပြဲကို ဖ်က္သိမ္းလိုက္တဲ့ UEFA

၂၀၂၆ Finalissima ပြဲကို ဖ်က္သိမ္းလိုက္ေၾကာင္း UEFA
=====================
ဥေရာပေဘာလုံးအဖြဲ႕ခ်ဳပ္(UEFA)က ၂၀၂၆ Finalissima ပြဲကို ဖ်က္သိမ္းလိုက္ေၾကာင္း တနဂၤေႏြေန႔က အတည္ျပဳေၾကညာခဲ့ပါတယ္။
၂၀၂၆ Finalissima ပြဲက ယူ႐ို-၂၀၂၄ ခ်န္ပီယံ စပိန္အသင္းနဲ႔ ၂၀၂၄ ကိုပါအေမရိကခ်န္ပီယံ အာဂ်င္တီးနားအသင္းတို႔ ယွဥ္ၿပိဳင္ကစားရမွာျဖစ္ၿပီး မတ္လ(၂၇)ရက္ေန႔မွာ ကာတာႏိုင္ငံက အိမ္ရွင္အျဖစ္ လက္ခံက်င္းပဖို႔ စီစဥ္ထားတာပါ။
ဒါေပမဲ့ လက္ရွိအခ်ိန္မွာ အေမရိကန္ – အီရန္ ပဋိပကၡေၾကာင့္ ကာတာႏိုင္ငံမွာ က်င္းပဖို႔ မျဖစ္ႏိုင္ေတာ့တဲ့အတြက္ တျခားကြင္းမွာ ေျပာင္းလဲက်င္းပဖို႔ ေဆြးေႏြးညႇိႏႈိင္းခဲ့ပါတယ္။
UEFA က စပိန္ႏိုင္ငံက ရီးယဲလ္မက္ဒရစ္အသင္းရဲ႕ ဘာေနဗ်ဴးကြင္းမွာ က်င္းပဖို႔၊ ဒါမွမဟုတ္ မက္ဒရစ္နဲ႔ ဗ်ဴႏိုေအရိစ္မွာ ႏွစ္ေက်ာ့က်င္းပဖို႔ အဆိုျပဳခဲ့ေပမဲ့ အာဂ်င္တီးနားေဘာလုံးအဖြဲ႕ခ်ဳပ္က လက္မခံခဲ့ေၾကာင္း သိရပါတယ္။
အီတလီမွာ က်င္းပဖို႔ အဆိုျပဳမႈကို လက္ခံခဲ့ေပမဲ့လည္း အာဂ်င္တီးနားေဘာလုံးအဖြဲ႕ခ်ဳပ္က မတ္(၂၇)အစား မတ္(၃၁)ကို ေျပာင္းေ႐ႊ႕က်င္းပဖို႔ ေတာင္းဆိုခဲ့ၿပီး UEFA အေနနဲ႔ လက္ခံႏိုင္ျခင္းမရွိတာေၾကာင့္ ၿပိဳင္ပြဲကို ဖ်က္သိမ္းဖို႔ ဆုံးျဖတ္ခဲ့ျခင္းျဖစ္ေၾကာင္း သိရပါတယ္။
အာဂ်င္တီးနားေဘာလုံးအဖြဲ႕ခ်ဳပ္က ၂၀၂၆ ကမာၻ႔ဖလားၿပိဳင္ပြဲၿပီးမွ ယွဥ္ၿပိဳင္ကစားဖို႔ အႀကံျပဳခဲ့တာကိုေတာ့ စပိန္ေဘာလုံးအဖြဲ႕ခ်ဳပ္က လက္မခံခဲ့ေၾကာင္းလည္း UEFA ရဲ႕ ေၾကညာခ်က္မွာ ေဖာ္ျပခဲ့ပါတယ္။


၂၀၂၆ Finalissima ပွဲကို ဖျက်သိမ်းလိုက်တဲ့ UEFA
=====================
ဥရောပဘောလုံးအဖွဲ့ချုပ်(UEFA)က ၂၀၂၆ Finalissima ပွဲကို ဖျက်သိမ်းလိုက်ကြောင်း တနင်္ဂနွေနေ့က အတည်ပြုကြေညာခဲ့ပါတယ်။
၂၀၂၆ Finalissima ပွဲက ယူရို-၂၀၂၄ ချန်ပီယံ စပိန်အသင်းနဲ့ ၂၀၂၄ ကိုပါအမေရိကချန်ပီယံ အာဂျင်တီးနားအသင်းတို့ ယှဉ်ပြိုင်ကစားရမှာဖြစ်ပြီး မတ်လ(၂၇)ရက်နေ့မှာ ကာတာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပဖို့ စီစဉ်ထားတာပါ။
ဒါပေမဲ့ လက်ရှိအချိန်မှာ အမေရိကန် – အီရန် ပဋိပက္ခကြောင့် ကာတာနိုင်ငံမှာ ကျင်းပဖို့ မဖြစ်နိုင်တော့တဲ့အတွက် တခြားကွင်းမှာ ပြောင်းလဲကျင်းပဖို့ ဆွေးနွေးညှိနှိုင်းခဲ့ပါတယ်။
UEFA က စပိန်နိုင်ငံက ရီးယဲလ်မက်ဒရစ်အသင်းရဲ့ ဘာနေဗျူးကွင်းမှာ ကျင်းပဖို့၊ ဒါမှမဟုတ် မက်ဒရစ်နဲ့ ဗျူနိုအေရိစ်မှာ နှစ်ကျော့ကျင်းပဖို့ အဆိုပြုခဲ့ပေမဲ့ အာဂျင်တီးနားဘောလုံးအဖွဲ့ချုပ်က လက်မခံခဲ့ကြောင်း သိရပါတယ်။
အီတလီမှာ ကျင်းပဖို့ အဆိုပြုမှုကို လက်ခံခဲ့ပေမဲ့လည်း အာဂျင်တီးနားဘောလုံးအဖွဲ့ချုပ်က မတ်(၂၇)အစား မတ်(၃၁)ကို ပြောင်းရွှေ့ကျင်းပဖို့ တောင်းဆိုခဲ့ပြီး UEFA အနေနဲ့ လက်ခံနိုင်ခြင်းမရှိတာကြောင့် ပြိုင်ပွဲကို ဖျက်သိမ်းဖို့ ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။
အာဂျင်တီးနားဘောလုံးအဖွဲ့ချုပ်က ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲပြီးမှ ယှဉ်ပြိုင်ကစားဖို့ အကြံပြုခဲ့တာကိုတော့ စပိန်ဘောလုံးအဖွဲ့ချုပ်က လက်မခံခဲ့ကြောင်းလည်း UEFA ရဲ့ ကြေညာချက်မှာ ဖော်ပြခဲ့ပါတယ်။