စီဆီနာအသင္းရဲ႕နည္းျပအျဖစ္ အက္ရွ္ေလကိုးလ္အား ခန႔္အပ္

စီဆီနာအသင္းရဲ႕နည္းျပအျဖစ္ အက္ရွ္ေလကိုးလ္အား ခန႔္အပ္
===================
အာဆင္နယ္နဲ႔ ခ်ယ္လ္ဆီးအသင္းတိုရဲ႕ ကစားသမားေဟာင္း အက္ရွ္ေလကိုးလ္ဟာ စီးရီးဘီကလပ္ စီဆီနာအသင္းရဲ႕နည္းျပအျဖစ္ ခန႔္အပ္ခံခဲ့ရေၾကာင္း သိရပါတယ္။
အသက္(၄၅)ႏွစ္ရွိၿပီျဖစ္တဲ့ အက္ရွ္ေလကိုးလ္ဟာ ႐ိုးမား၊ LA ဂလက္ဆီနဲ႔ ဒါဘီအသင္းေတြမွာလည္း ကစားခဲ့ဖူးၿပီး ၂၀၁၉ ခုႏွစ္မွာ ကစားသမားဘဝက အနားယူၿပီးေနာက္ နည္းျပဘဝကို ကူးေျပာင္းခဲ့ေပမဲ့ နည္းျပအဖြဲဝင္၊ လက္ေထာက္နည္းျပေတြအျဖစ္သာ ေဆာင္႐ြက္ခဲ့ၿပီး အခုမွ နည္းျပအျဖစ္ စတင္ေဆာင္႐ြက္ခြင့္ရျခင္းျဖစ္ပါတယ္။
စီးရီးဘီအမွတ္ေပးဇယား အဆင့္(၈)ေနရာမွာ ရပ္တည္ေနတဲ့ စီဆီနာအသင္းက အီတလီနည္းျပ မစ္ဂ္နန္နီကို ရာထူးက ထုတ္ပယ္ၿပီး အက္ရွ္ေလကိုးလ္ကို ရာသီကုန္အထိ ခန႔္အပ္ခဲ့ျခင္းျဖစ္ေၾကာင္း သိရပါတယ္။
စီးရီးဘီမွာက အဆင့္(၈)ေနရာရရွိတဲ့အသင္းအထိ တန္းတက္ခြင့္အတြက္ ယွဥ္ၿပိဳင္ခြင့္ရရွိမွာျဖစ္တာေၾကာင့္ အက္ရွ္ေလကိုးလ္အေနနဲ႔ အဆင့္(၈)ေအာက္မေရာက္ေအာင္ စြမ္းေဆာင္ေပးရဖြယ္ရွိေၾကာင္း သိရပါတယ္။
စီဆီနာအသင္းက အက္ရွ္ေလကိုးလ္နဲ႔ သူ႔ရဲ႕နည္းျပအဖြဲဝင္ေတြကို ႀကိဳဆိုေၾကာင္းနဲ႔ စြန႔္စားခန္းအသစ္မွာ အေကာင္းဆုံးကံတရားရရွိဖို ဆႏၵျပဳေၾကာင္း ေၾကညာခ်က္မွာ ေဖာ္ျပခဲ့ပါတယ္။


စီဆီနာအသင်းရဲ့နည်းပြအဖြစ် အက်ရှ်လေကိုးလ်အား ခန့်အပ်
===================
အာဆင်နယ်နဲ့ ချယ်လ်ဆီးအသင်းတိုရဲ့ ကစားသမားဟောင်း အက်ရှ်လေကိုးလ်ဟာ စီးရီးဘီကလပ် စီဆီနာအသင်းရဲ့နည်းပြအဖြစ် ခန့်အပ်ခံခဲ့ရကြောင်း သိရပါတယ်။
အသက်(၄၅)နှစ်ရှိပြီဖြစ်တဲ့ အက်ရှ်လေကိုးလ်ဟာ ရိုးမား၊ LA ဂလက်ဆီနဲ့ ဒါဘီအသင်းတွေမှာလည်း ကစားခဲ့ဖူးပြီး ၂၀၁၉ ခုနှစ်မှာ ကစားသမားဘဝက အနားယူပြီးနောက် နည်းပြဘဝကို ကူးပြောင်းခဲ့ပေမဲ့ နည်းပြအဖွဲဝင်၊ လက်ထောက်နည်းပြတွေအဖြစ်သာ ဆောင်ရွက်ခဲ့ပြီး အခုမှ နည်းပြအဖြစ် စတင်ဆောင်ရွက်ခွင့်ရခြင်းဖြစ်ပါတယ်။
စီးရီးဘီအမှတ်ပေးဇယား အဆင့်(၈)နေရာမှာ ရပ်တည်နေတဲ့ စီဆီနာအသင်းက အီတလီနည်းပြ မစ်ဂ်နန်နီကို ရာထူးက ထုတ်ပယ်ပြီး အက်ရှ်လေကိုးလ်ကို ရာသီကုန်အထိ ခန့်အပ်ခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။
စီးရီးဘီမှာက အဆင့်(၈)နေရာရရှိတဲ့အသင်းအထိ တန်းတက်ခွင့်အတွက် ယှဉ်ပြိုင်ခွင့်ရရှိမှာဖြစ်တာကြောင့် အက်ရှ်လေကိုးလ်အနေနဲ့ အဆင့်(၈)အောက်မရောက်အောင် စွမ်းဆောင်ပေးရဖွယ်ရှိကြောင်း သိရပါတယ်။
စီဆီနာအသင်းက အက်ရှ်လေကိုးလ်နဲ့ သူ့ရဲ့နည်းပြအဖွဲဝင်တွေကို ကြိုဆိုကြောင်းနဲ့ စွန့်စားခန်းအသစ်မှာ အကောင်းဆုံးကံတရားရရှိဖို ဆန္ဒပြုကြောင်း ကြေညာချက်မှာ ဖော်ပြခဲ့ပါတယ်။