၂၀၂၆ ကမာၻ႔ဖလားၿပိဳင္ပြဲမွ ႏုတ္ထြက္ခဲ့သည့္ အီရန္အသင္း၏ေနရာ၌ အီတလီအသင္းႏွင့္ အစားထိုးရန္ ဖီဖာဆုံးျဖတ္

၂၀၂၆ ကမာၻ႔ဖလားၿပိဳင္ပြဲမွ ႏုတ္ထြက္ခဲ့သည့္ အီရန္အသင္း၏ေနရာ၌ အီတလီအသင္းႏွင့္ အစားထိုးရန္ ဖီဖာဆုံးျဖတ္
==============================
ကမာၻ႔ေဘာလုံးအဖြဲ႕ခ်ဳပ္ (ဖီဖာ)က ၂၀၂၆ ကမာၻ႔ ဖလားၿပိဳင္ပြဲမွ ႏုတ္ထြက္ခဲ့သည့္ အီရန္အသင္း၏ ေနရာ၌ အီတလီအသင္းႏွင့္ အစားထိုးရန္ ဆုံးျဖတ္ခဲ့ေၾကာင္း သိရသည္။
အီရန္အသင္းသည္ ၂၀၂၆ ကမာၻ႔ဖလားၿပိဳင္ပြဲကို အာရွဇုန္မွ တိုက္႐ိုက္ေျခစစ္ပြဲေအာင္ျမင္ခဲ့ၿပီး အုပ္စု (G)တြင္ ဘယ္လ္ဂ်ီယံအသင္း၊ အီဂ်စ္အသင္း၊ နယူး ဇီလန္အသင္းတို႔ႏွင့္ တစ္အုပ္စုတည္း က်ေရာက္ေနေသာ္လည္း လက္ရွိျဖစ္ပြားေနသည့္ အေမရိကန္၊ အစၥေရးႏွင့္ အီရန္ႏိုင္ငံ စစ္ေရးတင္းမာမႈမ်ားေၾကာင့္ ၿပိဳင္ပြဲမွႏုတ္ထြက္ရန္ ဆုံးျဖတ္ခဲ့ျခင္းျဖစ္သည္။
အေစာပိုင္းက ကမာၻ႔ေဘာလုံး အဖြဲ႕ခ်ဳပ္က ကမာၻ႔ဖလားၿပိဳင္ပြဲမွ ႏုတ္ထြက္ခဲ့သည့္ အီရန္အသင္း၏ေနရာ၌ အာရွေဒသတြင္းမွ အသင္းတစ္သင္းႏွင့္ အစားထိုးရန္ စီစဥ္ခဲ့ေသာ္လည္း ေနာက္ပိုင္းတြင္ ကမာၻ႔အဆင့္သတ္မွတ္ခ်က္ႏွင့္သတ္မွတ္ရန္ ဆုံးျဖတ္ခဲ့ၿပီးေနာက္ ဥေရာပအဆင့္တြင္ ကမာၻ႔အဆင့္သတ္မွတ္ခ်က္(၁၃)ေနရာ၌ရပ္တည္ေနသည့္ အီတလီအသင္းကို အစားထိုးရန္ ဆုံးျဖတ္ခဲ့ျခင္း ျဖစ္သည္။
အီတလီအသင္းသည္ ၂၀၂၆ ကမာၻ႔ဖလားၿပိဳင္ပြဲ ေျခစစ္ပြဲအဆင့္တြင္ ရလဒ္ေကာင္းမြန္ျခင္းမရွိခဲ့သည့္ အတြက္ ၂၀၂၆ ကမာၻ႔ဖလားၿပိဳင္ပြဲကို တိုက္႐ိုက္ဝင္ခြင့္ မရရွိဘဲ ေျမာက္အိုင္ယာလန္အသင္းႏွင့္ Play off ကစားရမည္ ျဖစ္ေသာ္လည္း ယခုအခါ ဖီဖာက အီတလီအသင္းကို Play off ကစားေစမည္မဟုတ္ဘဲ တိုက္႐ိုက္ဝင္ခြင့္ေပးခဲ့ျခင္း ျဖစ္သည္။
အီတလီအသင္းအေနျဖင့္ ၂၀၁၈ ကမာၻ႔ဖလားၿပိဳင္ပြဲႏွင့္ ၂၀၂၂ ကမာၻ႔ဖလားၿပိဳင္ပြဲတို႔ ႏွစ္ႀကိမ္ဆက္လြဲေခ်ာ္ခဲ့ရၿပီး ၂၀၂၆ ကမာၻ႔ဖလားၿပိဳင္ပြဲကို တိုက္႐ိုက္ဝင္ခြင့္ သတ္မွတ္ခံခဲ့ရသည့္အတြက္ ကမာၻ႔ဖလားၿပိဳင္ပြဲတြင္ သုံးႀကိမ္ဆက္လြဲေခ်ာ္မည့္အေရးမွ လြတ္ေျမာက္ခဲ့သည္။
အီတလီအသင္းသည္ ၂၀၀၆ ခုႏွစ္က ဂ်ာမနီႏိုင္ငံ၌ က်င္းပခဲ့သည့္ ကမာၻ႔ဖလားၿပိဳင္ပြဲတြင္ ခ်န္ပီယံဆု ဆြတ္ခူးႏိုင္ခဲ့ၿပီးေနာက္ပိုင္း ေအာင္ျမင္မႈမ်ား ရယူႏိုင္ရန္႐ုန္းကန္ေနရၿပီး ကမာၻ႔အဆင့္ သတ္မွတ္ခ်က္မ်ားတြင္ ထိပ္တန္း ၁၀ ေနရာမွလည္း က်ဆင္းခဲ့ရေၾကာင္း သိရသည္။
Ref;Fabrizio Romano
၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှ နုတ်ထွက်ခဲ့သည့် အီရန်အသင်း၏နေရာ၌ အီတလီအသင်းနှင့် အစားထိုးရန် ဖီဖာဆုံးဖြတ်
==============================
ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (ဖီဖာ)က ၂၀၂၆ ကမ္ဘာ့ ဖလားပြိုင်ပွဲမှ နုတ်ထွက်ခဲ့သည့် အီရန်အသင်း၏ နေရာ၌ အီတလီအသင်းနှင့် အစားထိုးရန် ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။
အီရန်အသင်းသည် ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲကို အာရှဇုန်မှ တိုက်ရိုက်ခြေစစ်ပွဲအောင်မြင်ခဲ့ပြီး အုပ်စု (G)တွင် ဘယ်လ်ဂျီယံအသင်း၊ အီဂျစ်အသင်း၊ နယူး ဇီလန်အသင်းတို့နှင့် တစ်အုပ်စုတည်း ကျရောက်နေသော်လည်း လက်ရှိဖြစ်ပွားနေသည့် အမေရိကန်၊ အစ္စရေးနှင့် အီရန်နိုင်ငံ စစ်ရေးတင်းမာမှုများကြောင့် ပြိုင်ပွဲမှနုတ်ထွက်ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။
အစောပိုင်းက ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ်က ကမ္ဘာ့ဖလားပြိုင်ပွဲမှ နုတ်ထွက်ခဲ့သည့် အီရန်အသင်း၏နေရာ၌ အာရှဒေသတွင်းမှ အသင်းတစ်သင်းနှင့် အစားထိုးရန် စီစဉ်ခဲ့သော်လည်း နောက်ပိုင်းတွင် ကမ္ဘာ့အဆင့်သတ်မှတ်ချက်နှင့်သတ်မှတ်ရန် ဆုံးဖြတ်ခဲ့ပြီးနောက် ဥရောပအဆင့်တွင် ကမ္ဘာ့အဆင့်သတ်မှတ်ချက်(၁၃)နေရာ၌ရပ်တည်နေသည့် အီတလီအသင်းကို အစားထိုးရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။
အီတလီအသင်းသည် ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲ ခြေစစ်ပွဲအဆင့်တွင် ရလဒ်ကောင်းမွန်ခြင်းမရှိခဲ့သည့် အတွက် ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲကို တိုက်ရိုက်ဝင်ခွင့် မရရှိဘဲ မြောက်အိုင်ယာလန်အသင်းနှင့် Play off ကစားရမည် ဖြစ်သော်လည်း ယခုအခါ ဖီဖာက အီတလီအသင်းကို Play off ကစားစေမည်မဟုတ်ဘဲ တိုက်ရိုက်ဝင်ခွင့်ပေးခဲ့ခြင်း ဖြစ်သည်။
အီတလီအသင်းအနေဖြင့် ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲနှင့် ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲတို့ နှစ်ကြိမ်ဆက်လွဲချော်ခဲ့ရပြီး ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲကို တိုက်ရိုက်ဝင်ခွင့် သတ်မှတ်ခံခဲ့ရသည့်အတွက် ကမ္ဘာ့ဖလားပြိုင်ပွဲတွင် သုံးကြိမ်ဆက်လွဲချော်မည့်အရေးမှ လွတ်မြောက်ခဲ့သည်။
အီတလီအသင်းသည် ၂၀၀၆ ခုနှစ်က ဂျာမနီနိုင်ငံ၌ ကျင်းပခဲ့သည့် ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ချန်ပီယံဆု ဆွတ်ခူးနိုင်ခဲ့ပြီးနောက်ပိုင်း အောင်မြင်မှုများ ရယူနိုင်ရန်ရုန်းကန်နေရပြီး ကမ္ဘာ့အဆင့် သတ်မှတ်ချက်များတွင် ထိပ်တန်း ၁၀ နေရာမှလည်း ကျဆင်းခဲ့ရကြောင်း သိရသည်။
Ref;Fabrizio Romano




