လီဗာပူးအသင္းက ရာသီအကုန္တြင္ နည္းျပသစ္အျဖစ္ အလြန္ဆိုအား သုံးႏွစ္စာခ်ဳပ္ျဖင့္ခန႔္အပ္ရန္ သေဘာတူညီမႈရရွိထား

လီဗာပူးအသင္းက ရာသီအကုန္တြင္ နည္းျပသစ္အျဖစ္ အလြန္ဆိုအား သုံးႏွစ္စာခ်ဳပ္ျဖင့္ခန႔္အပ္ရန္ သေဘာတူညီမႈရရွိထား
=============================
‌လီဗာပူးအသင္းက ယခုေဘာလုံးရာသီအကုန္တြင္ နည္းျပအေျပာင္းအလဲလုပ္ေဆာင္ရန္ စီစဥ္ထားၿပီး နည္းျပသစ္အျဖစ္ ကစားသမားေဟာင္းတစ္ဦးျဖစ္ သည့္ အလြန္ဆိုအား သုံးႏွစ္စာခ်ဳပ္ျဖင့္ ခန႔္အပ္ရန္ သေဘာတူညီမႈရရွိထားေၾကာင္း သိရသည္။

လက္ရွိလီဗာပူးအသင္းနည္းျပ အာနီဆေလာ့ သည္ ၿပီးခဲ့သည့္ေဘာလုံးရာသီက အသင္းကို စတင္ တာဝန္ယူကိုင္တြယ္ခဲ့ရာ ပရီးမီးယားလိဂ္ၿပိဳင္ပြဲတြင္ ခ်န္ပီယံဆုဆြတ္ခူးႏိုင္သည္အထိ ေအာင္ျမင္မႈရရွိခဲ့ေသာ္လည္း ယခုေဘာလုံးရာသီတြင္ ရလဒ္မ်ားမတည္ မၿငိမ္ျဖစ္ေနသည့္အတြက္ အသင္းတာဝန္ရွိသူမ်ားက ရာသီအကုန္တြင္ နည္းျပအေျပာင္းအလဲလုပ္ေဆာင္ ရန္ စီစဥ္ထားျခင္းျဖစ္သည္။

လီဗာပူးအသင္းသည္ ယခုေဘာလုံးရာသီတြင္ ခ်န္ပီယံလိဂ္ၿပိဳင္ပြဲ၌ (၁၆) သင္းရႈံးထြက္အဆင့္သို႔ တက္ေရာက္ႏိုင္ေသာ္လည္း ပရီးမီးယားလိဂ္ၿပိဳင္ပြဲ တြင္ ႐ုန္းကန္ေနရၿပီး ၂၉ ပြဲကစားၿပီးခ်ိန္တြင္ ရမွတ္ ၄၈ မွတ္ျဖင့္ အမွတ္ေပးဇယားအဆင့္(၆)ေနရာ၌သာ ရပ္တည္ေနကာ ခ်န္ပီယံလိဂ္ၿပိဳင္ပြဲဝင္ခြင့္ရရွိရန္လည္း မေရမရာျဖစ္ေနျခင္းျဖစ္သည္။

အသက္ ၄၄ ႏွစ္အ႐ြယ္ နည္းျပအလြန္ဆိုသည္ ကစားသမားဘဝက လီဗာပူးအသင္း၌ ၂၀၀၄ ခုႏွစ္မွ ၂၀၀၉ ခုႏွစ္အထိကစားခဲ့သူျဖစ္ၿပီး နည္းျပဘဝတြင္ ေလဗာကူဆင္အသင္းႏွင့္ ေအာင္ျမင္မႈမ်ားရရွိခဲ့ေသာ္လည္း ယခုေဘာလုံးရာသီတြင္ ရီးယဲလ္မက္ဒရစ္အသင္းကို တာဝန္ယူကိုင္တြယ္ခဲ့ရာ ရာသီမကုန္မီထုတ္ပယ္ခံခဲ့ရၿပီး ကလပ္အသင္းလက္မဲ့ျဖစ္ေနေၾကာင္း သိရသည္။

Ref;Goal.com


လီဗာပူးအသင်းက ရာသီအကုန်တွင် နည်းပြသစ်အဖြစ် အလွန်ဆိုအား သုံးနှစ်စာချုပ်ဖြင့်ခန့်အပ်ရန် သဘောတူညီမှုရရှိထား
=============================
‌လီဗာပူးအသင်းက ယခုဘောလုံးရာသီအကုန်တွင် နည်းပြအပြောင်းအလဲလုပ်ဆောင်ရန် စီစဉ်ထားပြီး နည်းပြသစ်အဖြစ် ကစားသမားဟောင်းတစ်ဦးဖြစ် သည့် အလွန်ဆိုအား သုံးနှစ်စာချုပ်ဖြင့် ခန့်အပ်ရန် သဘောတူညီမှုရရှိထားကြောင်း သိရသည်။

လက်ရှိလီဗာပူးအသင်းနည်းပြ အာနီဆလော့ သည် ပြီးခဲ့သည့်ဘောလုံးရာသီက အသင်းကို စတင် တာဝန်ယူကိုင်တွယ်ခဲ့ရာ ပရီးမီးယားလိဂ်ပြိုင်ပွဲတွင် ချန်ပီယံဆုဆွတ်ခူးနိုင်သည်အထိ အောင်မြင်မှုရရှိခဲ့သော်လည်း ယခုဘောလုံးရာသီတွင် ရလဒ်များမတည် မငြိမ်ဖြစ်နေသည့်အတွက် အသင်းတာဝန်ရှိသူများက ရာသီအကုန်တွင် နည်းပြအပြောင်းအလဲလုပ်ဆောင် ရန် စီစဉ်ထားခြင်းဖြစ်သည်။

လီဗာပူးအသင်းသည် ယခုဘောလုံးရာသီတွင် ချန်ပီယံလိဂ်ပြိုင်ပွဲ၌ (၁၆) သင်းရှုံးထွက်အဆင့်သို့ တက်ရောက်နိုင်သော်လည်း ပရီးမီးယားလိဂ်ပြိုင်ပွဲ တွင် ရုန်းကန်နေရပြီး ၂၉ ပွဲကစားပြီးချိန်တွင် ရမှတ် ၄၈ မှတ်ဖြင့် အမှတ်ပေးဇယားအဆင့်(၆)နေရာ၌သာ ရပ်တည်နေကာ ချန်ပီယံလိဂ်ပြိုင်ပွဲဝင်ခွင့်ရရှိရန်လည်း မရေမရာဖြစ်နေခြင်းဖြစ်သည်။

အသက် ၄၄ နှစ်အရွယ် နည်းပြအလွန်ဆိုသည် ကစားသမားဘဝက လီဗာပူးအသင်း၌ ၂၀၀၄ ခုနှစ်မှ ၂၀၀၉ ခုနှစ်အထိကစားခဲ့သူဖြစ်ပြီး နည်းပြဘဝတွင် လေဗာကူဆင်အသင်းနှင့် အောင်မြင်မှုများရရှိခဲ့သော်လည်း ယခုဘောလုံးရာသီတွင် ရီးယဲလ်မက်ဒရစ်အသင်းကို တာဝန်ယူကိုင်တွယ်ခဲ့ရာ ရာသီမကုန်မီထုတ်ပယ်ခံခဲ့ရပြီး ကလပ်အသင်းလက်မဲ့ဖြစ်နေကြောင်း သိရသည်။

Ref;Goal.com