ကစားသမား ၂၃ ေယာက္အထိ အနီကတ္ျပသလိုက္တဲ့ ဘရာဇီးလ္ကလပ္

 

ကစားသမား ၂၃ ေယာက္အထိ အနီကတ္ျပသလိုက္တဲ့ ဘရာဇီးလ္ကလပ္
=======================
ဘရာဇီးလ္ကလပ္ရန္ပြဲမွာ ကစားသမား ၂၃ ေယာက္ အနီကတ္ျပသခံရၿပီး နာမည္ေက်ာ္ကစားသမားတခ်ိဳ ပါဝင္ခဲ့တယ္လို သိရပါတယ္။ ခ႐ူဇီယိုအသင္းနဲ႔ အက္သလက္တီကိုမင္နဲ႐ိုးအသင္းတို ယွဥ္ၿပိဳင္ကစားခဲ့တဲ့ Campeonato Mineiro ဗိုလ္လုပြဲမွာ ရန္ပြဲျဖစ္ပြားခဲ့တာပါ။ ဒီပြဲမွာ ခ႐ူဇီယိုအသင္းက ဂ်ဴဗင္တပ္စ္ကစားသမားေဟာင္း ကိုင္ယိုေဂ်ာ့ခ်္ သြင္းယူတဲ့ဂိုးနဲ႔ အက္သလက္တီကိုမင္နဲ႐ိုးကို အႏိုင္ရခဲ့ပါတယ္။ ခ႐ူဇီယိုအသင္းကို ဘရာဇီးလ္အသင္းနည္းျပေဟာင္း ထိထီ ကိုင္တြယ္ေနတာျဖစ္ၿပီး ၂၀၁၉ ခုႏွစ္ကတည္းက ပထမဆုံးအႀကိမ္ Minas Gerais ျပည္နယ္ခ်န္ပီယံ ျဖစ္ခဲ့ပါတယ္။ ပြဲၿပီးခါနီးမွာ အက္သလက္တီကိုဂိုးသမား အယ္ဗာဆန္က ခ႐ူဇီယိုကြင္းလယ္လူ ခရစၥတီယန္ကို လဲက်ေအာင္ တြန္းခဲ့ၿပီးေနာက္ ရင္ဘတ္ကို ဒူးနဲ႔ ဖိထားရာကေန ရန္ပြဲစတင္ခဲ့ပါတယ္။ ခ႐ူဇီယိုအသင္းက အႏိုင္ဂိုးသြင္းသူ ကိုင္ယိုေဂ်ာ့ခ်္အပါအဝင္ ကစားသမား ၁၂ ဦး ထုတ္ပယ္ခံခဲ့ရပါတယ္။ အက္သလက္တီကိုအသင္းကေတာ့ ေဟာ့ခ္၊ ရီနန္လိုဒီအပါအဝင္ ကစားသမား ၁၁ ဦး ထုတ္ပယ္ခံရတာျဖစ္တယ္။ ယခုပြဲရဲ႕ အနီကတ္ ၂၃ ႀကိမ္က ေဘာလုံးသမိုင္းမွာေတာ့ စံခ်ိန္တင္ မျဖစ္ခဲ့ပါဘူး။ ၂၀၁၁ ခုႏွစ္ ေဖာ္ဝါရီလက အာဂ်င္တီးနားပၪၥမတန္း ကေလပိုးအသင္းနဲ႔ အာေရးညက္စ္တိုပြဲမွာ ကစားသမား ၃၆ ဦး ထုတ္ပယ္ခံခဲ့ရတာက ကမာၻ႔စံခ်ိန္တင္ခဲ့ပါတယ္။ ႏွစ္သင္းစလုံး အခုရာသီ ဘရာဇီးလ္စီးရီးေအၿပိဳင္ပြဲ ေလးပြဲကစားအၿပီး ႏိုင္ပြဲမရေသးဘဲ အက္သလက္တီကိုက အဆင့္ ၁၇ နဲ႔ ခ႐ူဇီယိုက အဆင့္ ၁၉ မွာ ရပ္တည္ေနပါတယ္။


ကစားသမား ၂၃ ယောက်အထိ အနီကတ်ပြသလိုက်တဲ့ ဘရာဇီးလ်ကလပ်
=======================
ဘရာဇီးလ်ကလပ်ရန်ပွဲမှာ ကစားသမား ၂၃ ယောက် အနီကတ်ပြသခံရပြီး နာမည်ကျော်ကစားသမားတချို ပါဝင်ခဲ့တယ်လို သိရပါတယ်။ ခရူဇီယိုအသင်းနဲ့ အက်သလက်တီကိုမင်နဲရိုးအသင်းတို ယှဉ်ပြိုင်ကစားခဲ့တဲ့ Campeonato Mineiro ဗိုလ်လုပွဲမှာ ရန်ပွဲဖြစ်ပွားခဲ့တာပါ။ ဒီပွဲမှာ ခရူဇီယိုအသင်းက ဂျူဗင်တပ်စ်ကစားသမားဟောင်း ကိုင်ယိုဂျော့ချ် သွင်းယူတဲ့ဂိုးနဲ့ အက်သလက်တီကိုမင်နဲရိုးကို အနိုင်ရခဲ့ပါတယ်။ ခရူဇီယိုအသင်းကို ဘရာဇီးလ်အသင်းနည်းပြဟောင်း ထိထီ ကိုင်တွယ်နေတာဖြစ်ပြီး ၂၀၁၉ ခုနှစ်ကတည်းက ပထမဆုံးအကြိမ် Minas Gerais ပြည်နယ်ချန်ပီယံ ဖြစ်ခဲ့ပါတယ်။ ပွဲပြီးခါနီးမှာ အက်သလက်တီကိုဂိုးသမား အယ်ဗာဆန်က ခရူဇီယိုကွင်းလယ်လူ ခရစ္စတီယန်ကို လဲကျအောင် တွန်းခဲ့ပြီးနောက် ရင်ဘတ်ကို ဒူးနဲ့ ဖိထားရာကနေ ရန်ပွဲစတင်ခဲ့ပါတယ်။ ခရူဇီယိုအသင်းက အနိုင်ဂိုးသွင်းသူ ကိုင်ယိုဂျော့ချ်အပါအဝင် ကစားသမား ၁၂ ဦး ထုတ်ပယ်ခံခဲ့ရပါတယ်။ အက်သလက်တီကိုအသင်းကတော့ ဟော့ခ်၊ ရီနန်လိုဒီအပါအဝင် ကစားသမား ၁၁ ဦး ထုတ်ပယ်ခံရတာဖြစ်တယ်။ ယခုပွဲရဲ့ အနီကတ် ၂၃ ကြိမ်က ဘောလုံးသမိုင်းမှာတော့ စံချိန်တင် မဖြစ်ခဲ့ပါဘူး။ ၂၀၁၁ ခုနှစ် ဖော်ဝါရီလက အာဂျင်တီးနားပဉ္စမတန်း ကလေပိုးအသင်းနဲ့ အာရေးညက်စ်တိုပွဲမှာ ကစားသမား ၃၆ ဦး ထုတ်ပယ်ခံခဲ့ရတာက ကမ္ဘာ့စံချိန်တင်ခဲ့ပါတယ်။ နှစ်သင်းစလုံး အခုရာသီ ဘရာဇီးလ်စီးရီးအေပြိုင်ပွဲ လေးပွဲကစားအပြီး နိုင်ပွဲမရသေးဘဲ အက်သလက်တီကိုက အဆင့် ၁၇ နဲ့ ခရူဇီယိုက အဆင့် ၁၉ မှာ ရပ်တည်နေပါတယ်။