ONE Friday Fights ၿပိဳင္ပြဲကို Channel-9 Myanmar ျပသျခင္း ယာယီရပ္နား

ONE Friday Fights ၿပိဳင္ပြဲကို Channel-9 Myanmar ျပသျခင္း ယာယီရပ္နား
=======================
ျပည္တြင္းအခမဲ့႐ုပ္သံလိုင္း (Free to Air) ျဖစ္တဲ့ Channel-9 Myanmar ႐ုပ္သံလိုင္းဟာ ယခင္ျပသေနက် ONE Friday Fights ၿပိဳင္ပြဲ တိုက္႐ိုက္ထုတ္လႊင့္ ျပသေနမႈကို ယာယီရပ္နားလိုက္ၿပီျဖစ္ ေၾကာင္း သိရပါတယ္။
Channel-9 Myanmar ႐ုပ္သံလိုင္းဟာ ONE Championship ပ႐ိုမိုးရွင္းက အပတ္စဥ္ေသာၾကာညတိုင္း ထိုင္းႏိုင္ငံ၊ ဘန္ေကာက္ၿမိဳမွာ က်င္းပေနတဲ့ ONE Friday Fights ၿပိဳင္ပြဲကို ယခင္က အစဥ္အၿမဲလိုလို တိုက္႐ိုက္ထုတ္လႊင့္ျပသခဲ့ပါတယ္။
ဒါေပမဲ့ Channel-9 Myanmar ႐ုပ္သံလိုင္းဟာ ၿပီးခဲ့တဲ့တစ္ပတ္ က်င္းပခဲ့တဲ့ ONE Friday Fights 145 ၿပိဳင္ပြဲကစၿပီး တိုက္႐ိုက္ထုတ္လႊင့္ျပသမႈကို ယာယီရပ္နားခဲ့ျခင္းျဖစ္ေၾကာင္း သိရပါတယ္။
Channel-9 Myanmar ႐ုပ္သံလိုင္းဟာ ေသာၾကာညပိုင္းမွာ ယခင္ျပသေနက်ျဖစ္တဲ့ ONE Friday Fights ၿပိဳင္ပြဲေနရာမွာ The Mask Singer Myanmar Seadon-3 ကို အစားထိုးျပသေနလ်က္ရွိေၾကာင္း သိရပါတယ္။
ထိုင္းႏိုင္ငံမွာ အပတ္စဥ္ေသာၾကာညတိုင္း က်င္းပေနတဲ့ ONE Friday Fights ၿပိဳင္ပြဲကို ျမန္မာႏိုင္ငံက ျမန္မာ့႐ိုးရာလက္ေဝွ႔ သမားအမ်ားအျပား သြားေရာက္ယွဥ္ၿပိဳင္ေနတာေၾကာင့္ Channel-9 Myanmar ႐ုပ္သံလိုင္းကို ႐ိုးရာလက္ေဝွ႔ပရိသတ္ မ်ားက အၿမဲလိုလို ေစာင့္ၾကည့္ေလ့ရွိေၾကာင္း သိရပါတယ္။ #Eleven
ONE Friday Fights ပြိုင်ပွဲကို Channel-9 Myanmar ပြသခြင်း ယာယီရပ်နား
=======================
ပြည်တွင်းအခမဲ့ရုပ်သံလိုင်း (Free to Air) ဖြစ်တဲ့ Channel-9 Myanmar ရုပ်သံလိုင်းဟာ ယခင်ပြသနေကျ ONE Friday Fights ပြိုင်ပွဲ တိုက်ရိုက်ထုတ်လွှင့် ပြသနေမှုကို ယာယီရပ်နားလိုက်ပြီဖြစ် ကြောင်း သိရပါတယ်။
Channel-9 Myanmar ရုပ်သံလိုင်းဟာ ONE Championship ပရိုမိုးရှင်းက အပတ်စဉ်သောကြာညတိုင်း ထိုင်းနိုင်ငံ၊ ဘန်ကောက်မြိုမှာ ကျင်းပနေတဲ့ ONE Friday Fights ပြိုင်ပွဲကို ယခင်က အစဉ်အမြဲလိုလို တိုက်ရိုက်ထုတ်လွှင့်ပြသခဲ့ပါတယ်။
ဒါပေမဲ့ Channel-9 Myanmar ရုပ်သံလိုင်းဟာ ပြီးခဲ့တဲ့တစ်ပတ် ကျင်းပခဲ့တဲ့ ONE Friday Fights 145 ပြိုင်ပွဲကစပြီး တိုက်ရိုက်ထုတ်လွှင့်ပြသမှုကို ယာယီရပ်နားခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။
Channel-9 Myanmar ရုပ်သံလိုင်းဟာ သောကြာညပိုင်းမှာ ယခင်ပြသနေကျဖြစ်တဲ့ ONE Friday Fights ပြိုင်ပွဲနေရာမှာ The Mask Singer Myanmar Seadon-3 ကို အစားထိုးပြသနေလျက်ရှိကြောင်း သိရပါတယ်။
ထိုင်းနိုင်ငံမှာ အပတ်စဉ်သောကြာညတိုင်း ကျင်းပနေတဲ့ ONE Friday Fights ပြိုင်ပွဲကို မြန်မာနိုင်ငံက မြန်မာ့ရိုးရာလက်ဝှေ့ သမားအများအပြား သွားရောက်ယှဉ်ပြိုင်နေတာကြောင့် Channel-9 Myanmar ရုပ်သံလိုင်းကို ရိုးရာလက်ဝှေ့ပရိသတ် များက အမြဲလိုလို စောင့်ကြည့်လေ့ရှိကြောင်း သိရပါတယ်။ #Eleven




