မၾကာမီ ရက္ပိုင္းအတြင္း က်င္းပေတာ့မည့္ ျမန္မာႏိုင္ငံပိုက္ေက်ာ္ျခင္းလိဂ္(MSL) ၿပိဳင္ပြဲအတြက္ ဆုေၾကးစနစ္မ်ား ထု တ္ျပန္လာ

မၾကာမီ ရက္ပိုင္းအတြင္း က်င္းပေတာ့မည့္ ျမန္မာႏိုင္ငံပိုက္ေက်ာ္ျခင္းလိဂ္(MSL) ၿပိဳင္ပြဲအတြက္ ဆုေၾကးစနစ္မ်ား ထု တ္ျပန္လာ
==================
ယခုလ မတ္(၁၄)ရက္တြင္ စတင္ က်င္းပမည့္ ပထမဆုံး ျမန္မာႏိုင္ငံ ပိုက္ေက်ာ္ျခင္းလိဂ္ (MSL)ၿပိဳင္ပြဲအတြက္ ဆုေၾကးမ်ားထုတ္ျပန္လာၿပီျဖစ္သည္။
ၿပိဳင္ပြဲတြင္ ဆုေၾကးေငြ က်ပ္သိန္းေပါင္း (၅၀၀) နီးပါး ခ်ီးျမႇ င့္သြားမည္ျဖစ္ကာ ပြဲစဥ္တိုင္းအတြက္ အႏိုင္ရရွိသည့္အသ င္းကို က်ပ္ (၁၅၀,၀၀၀)ႏွင့္ ရႈံးသည့္အသင္းကို က်ပ္ (၅၀,၀၀၀)စီ ခ်ီးျမႇင့္သြားမည္ျဖစ္ေၾကာင္း သိရသည္။
ၿပိဳင္ပြဲအတြင္း MEN Quadrant ၌ ပထမဆု က်ပ္သိန္း (၁၀၀) (ဆုဖလား ႏွင့္ ဆုဆြဲျပား)၊ ဒုတိယဆု က်ပ္သိန္း (၈၀) (ဆုတံဆိပ္ဆြဲျပား)၊ တတိယဆု က်ပ္သိန္း (၄၀) (ဆုတံဆိပ္ဆြဲျပား)တို႔ ေပးအပ္သြားမည္ျဖစ္သည္။
MEN Regu ၌ ပထမဆု က်ပ္သိန္း(၇၀)(ဆုဖလား ႏွင့္ ဆုဆြဲျပား) ဒုတိယဆုက်ပ္သိန္း(၅၀)(ဆုတံဆိပ္ဆြဲျပား)၊ တတိယ ဆု က်ပ္သိန္း (၄၀) (ဆုတံဆိပ္ဆြဲျပား)တို႔ကို ေပးအပ္ခ်ီးျမႇင့္သြားမည္ျဖစ္သည္။
အလားတူ WOMEN Regu ၌ ပထမဆု က်ပ္သိန္း(၄၀) (ဆုဖလားႏွင့္ဆုဆြဲျပား) ဒုတိယဆု က်ပ္သိန္း(၃၀) (ဆုတံဆိပ္ဆြဲျပား)၊ တတိယဆု က်ပ္သိန္း (၂၀) က်ပ္ (ဆုတံဆိပ္ဆြဲျပား)တို႔ကို ရရွိမည္ျဖစ္ သည္။
ျမန္မာႏိုင္ငံ ပိုက္ေက်ာ္ျခင္းလိဂ္ (MSL) ၿပိဳင္ပြဲတြင္ အမ်ိဳးသား /သမီးကလပ္အသင္း (၁၆)သင္း ဝင္ေရာက္ယွဥ္ၿပိဳင္သြားမည္ျဖစ္ၿပီး ၿပိဳင္ပြဲအမ်ိဳးအစားမ်ားအေနျဖင့္ အမ်ိဳး သား (၄)ေယာက္တြဲ၊ အမ်ိဳးသား (၃)ေယာက္တြဲႏွင့္ အမ်ိဳး သမီး (၃)ေယာက္တြဲ ပြဲစဥ္မ်ားပါဝင္မည္ျဖစ္ကာ မတ္လ (၁ ၄)ရက္မွ ဧၿပီ (၅) ရက္အထိ အပတ္စဥ္ ေသာၾကာ၊ စေနႏွင့္ တနဂၤေႏြတို႔တြင္ ယွဥ္ၿပိဳင္ကစားၾကမည္ျဖစ္သည္။
ၿပိဳင္ပြဲအား ရန္ကုန္ၿမိဳ႕သု၀ဏၰပိုက္ေက်ာ္ျခင္း အားကစား႐ုံ၊ ျမန္မာႏိုင္ငံပိုက္ေက်ာ္ျခင္းအဖြဲ႕ခ်ဳပ္၌ က်င္းပမည္ျဖစ္ကာ ပြဲ ၾကည့္ရႈသူမ်ားအတြက္ ဝင္ေၾကးအခမဲ့သတ္မွတ္ထားေၾကာင္း သိရသည္။
#Popular


မကြာမီ ရက်ပိုင်းအတွင်း ကျင်းပတော့မည့် မြန်မာနိုင်ငံပိုက်ကျော်ခြင်းလိဂ်(MSL) ပြိုင်ပွဲအတွက် ဆုကြေးစနစ်များ ထု တ်ပြန်လာ
==================
ယခုလ မတ်(၁၄)ရက်တွင် စတင် ကျင်းပမည့် ပထမဆုံး မြန်မာနိုင်ငံ ပိုက်ကျော်ခြင်းလိဂ် (MSL)ပြိုင်ပွဲအတွက် ဆုကြေးများထုတ်ပြန်လာပြီဖြစ်သည်။
ပြိုင်ပွဲတွင် ဆုကြေးငွေ ကျပ်သိန်းပေါင်း (၅၀၀) နီးပါး ချီးမြှ င့်သွားမည်ဖြစ်ကာ ပွဲစဉ်တိုင်းအတွက် အနိုင်ရရှိသည့်အသ င်းကို ကျပ် (၁၅၀,၀၀၀)နှင့် ရှုံးသည့်အသင်းကို ကျပ် (၅၀,၀၀၀)စီ ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။
ပြိုင်ပွဲအတွင်း MEN Quadrant ၌ ပထမဆု ကျပ်သိန်း (၁၀၀) (ဆုဖလား နှင့် ဆုဆွဲပြား)၊ ဒုတိယဆု ကျပ်သိန်း (၈၀) (ဆုတံဆိပ်ဆွဲပြား)၊ တတိယဆု ကျပ်သိန်း (၄၀) (ဆုတံဆိပ်ဆွဲပြား)တို့ ပေးအပ်သွားမည်ဖြစ်သည်။
MEN Regu ၌ ပထမဆု ကျပ်သိန်း(၇၀)(ဆုဖလား နှင့် ဆုဆွဲပြား) ဒုတိယဆုကျပ်သိန်း(၅၀)(ဆုတံဆိပ်ဆွဲပြား)၊ တတိယ ဆု ကျပ်သိန်း (၄၀) (ဆုတံဆိပ်ဆွဲပြား)တို့ကို ပေးအပ်ချီးမြှင့်သွားမည်ဖြစ်သည်။
အလားတူ WOMEN Regu ၌ ပထမဆု ကျပ်သိန်း(၄၀) (ဆုဖလားနှင့်ဆုဆွဲပြား) ဒုတိယဆု ကျပ်သိန်း(၃၀) (ဆုတံဆိပ်ဆွဲပြား)၊ တတိယဆု ကျပ်သိန်း (၂၀) ကျပ် (ဆုတံဆိပ်ဆွဲပြား)တို့ကို ရရှိမည်ဖြစ် သည်။
မြန်မာနိုင်ငံ ပိုက်ကျော်ခြင်းလိဂ် (MSL) ပြိုင်ပွဲတွင် အမျိုးသား /သမီးကလပ်အသင်း (၁၆)သင်း ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ပြီး ပြိုင်ပွဲအမျိုးအစားများအနေဖြင့် အမျိုး သား (၄)ယောက်တွဲ၊ အမျိုးသား (၃)ယောက်တွဲနှင့် အမျိုး သမီး (၃)ယောက်တွဲ ပွဲစဉ်များပါဝင်မည်ဖြစ်ကာ မတ်လ (၁ ၄)ရက်မှ ဧပြီ (၅) ရက်အထိ အပတ်စဉ် သောကြာ၊ စနေနှင့် တနင်္ဂနွေတို့တွင် ယှဉ်ပြိုင်ကစားကြမည်ဖြစ်သည်။
ပြိုင်ပွဲအား ရန်ကုန်မြို့သု၀ဏ္ဏပိုက်ကျော်ခြင်း အားကစားရုံ၊ မြန်မာနိုင်ငံပိုက်ကျော်ခြင်းအဖွဲ့ချုပ်၌ ကျင်းပမည်ဖြစ်ကာ ပွဲ ကြည့်ရှုသူများအတွက် ဝင်ကြေးအခမဲ့သတ်မှတ်ထားကြောင်း သိရသည်။
#Popular