သုံးစြဲရန္မသင့္သည့္ အလွကုန္ပစၥည္း ၂ မ်ိဳးကို FDA ထုတ္ျပန္

သုံးစြဲရန္မသင့္သည့္ အလွကုန္ပစၥည္း ၂ မ်ိဳးကို FDA ထုတ္ျပန္
================
ေဈးကြက္အတြင္း သုံးစြဲရန္မသင့္သည့္ အလွကုန္ပစၥည္း ႏွစ္မ်ိဳးကို အစားအေသာက္ႏွင့္ေဆးဝါးကြပ္ကဲေရး ဦးစီးဌာနက ထုတ္ျပန္ခဲ့ပါတယ္။
အစားအေသာက္ႏွင့္ေဆးဝါးကြပ္ကဲေရးဦးစီးဌာနက က်န္းမာေရးဝန္ႀကီးဌာန၏ လမ္းၫႊန္မႈျဖင့္ အရည္ အေသြး စစ္မွန္ေကာင္းမြန္၍ က်န္းမာေရးအတြက္ ေဘးအႏၲရာယ္ကင္းရွင္းေသာ အလွကုန္ပစၥည္းမ်ားကို အမ်ားျပည္သူတို႔ သုံးစြဲႏိုင္ရန္ စနစ္တက်ကြပ္ကဲလ်က္ရွိပါတယ္။
အစားအေသာက္ႏွင့္ေဆးဝါးကြပ္ကဲေရးဦးစီးဌာနအေနနဲ႔ ျပည္တြင္း၌ေရာင္းခ်ေနသည့္ အလွကုန္ပစၥည္း မ်ားကိုစစ္ေဆးခဲ့ရာ ေဖာ္ျပပါအလွကုန္ပစၥည္းႏွစ္မ်ိဳးက အစားအေသာက္ႏွင့္ေဆးဝါးကြပ္ကဲေရးဦးစီးဌာန၌ မွတ္တမ္းတင္ထားျခင္းမရွိသည့္အျပင္ က်န္းမာေရးအတြက္ ေဘးအႏၲရာယ္ျဖစ္ေစႏိုင္ေသာ တားျမစ္ဓာတုပစၥည္းမ်ား ပါဝင္ေနေၾကာင္း စစ္ေဆးေတြ႕ရွိရသျဖင့္ အမ်ားျပည္သူလူထုသုံးစြဲရန္ မသင့္ေတာ္ေၾကာင္း အသိေပးထုတ္ျပန္ ခဲ့ပါတယ္။
သုံးစွဲရန်မသင့်သည့် အလှကုန်ပစ္စည်း ၂ မျိုးကို FDA ထုတ်ပြန်
================
ဈေးကွက်အတွင်း သုံးစွဲရန်မသင့်သည့် အလှကုန်ပစ္စည်း နှစ်မျိုးကို အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနက ထုတ်ပြန်ခဲ့ပါတယ်။
အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနက ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်မှုဖြင့် အရည် အသွေး စစ်မှန်ကောင်းမွန်၍ ကျန်းမာရေးအတွက် ဘေးအန္တရာယ်ကင်းရှင်းသော အလှကုန်ပစ္စည်းများကို အများပြည်သူတို့ သုံးစွဲနိုင်ရန် စနစ်တကျကွပ်ကဲလျက်ရှိပါတယ်။
အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနအနေနဲ့ ပြည်တွင်း၌ရောင်းချနေသည့် အလှကုန်ပစ္စည်း များကိုစစ်ဆေးခဲ့ရာ ဖော်ပြပါအလှကုန်ပစ္စည်းနှစ်မျိုးက အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၌ မှတ်တမ်းတင်ထားခြင်းမရှိသည့်အပြင် ကျန်းမာရေးအတွက် ဘေးအန္တရာယ်ဖြစ်စေနိုင်သော တားမြစ်ဓာတုပစ္စည်းများ ပါဝင်နေကြောင်း စစ်ဆေးတွေ့ရှိရသဖြင့် အများပြည်သူလူထုသုံးစွဲရန် မသင့်တော်ကြောင်း အသိပေးထုတ်ပြန် ခဲ့ပါတယ်။




