အရှေ့အလယ်ပိုင်းဒေသတွင် ပဋိပက္ခများ ပိုမိုပြင်းထန်လာပြီးနောက် ဒူဘိုင်းမြို့ရှိရွှေများကို အထူးလျှော့ဈေးနှုန်းများဖြင့် ရောင်းချ
အရှေ့အလယ်ပိုင်းဒေသတွင် ပဋိပက္ခများ ပိုမိုပြင်းထန်လာပြီးနောက် ဒူဘိုင်းမြို့ရှိရွှေများကို အထူးလျှော့ဈေးနှုန်းများဖြင့် ရောင်းချ
======================
အရှေ့အလယ်ပိုင်းဒေသတွင် စစ်ရေး ပဋိပက္ခများ ပိုမိုပြင်းထန်လာပြီးနောက် အာရပ်စော်ဘွားများပြည်ထောင်စု(ယူအေအီး) နိုင်ငံအနေဖြင့် ပြည်ပနိုင်ငံများသို့ ရွှေတင်ပို့ရန် အခက်အခဲများရှိနေခြင်းကြောင့် ဒူဘိုင်းမြို့ရှိ ရွှေများကို အထူး လျှော့ဈေးနှုန်းများဖြင့် ရောင်းချလျက်ရှိကြောင်း ဘလွန်းဘာ့ဂ်သတင်းဌာနက ဒေသတွင်းအရင်းအမြစ်များ၏ ပြောကြားချက်ကိုကိုးကား၍ ဖော်ပြသည်။
အရှေ့အလယ်ပိုင်းဒေသတွင် ပဋိပက္ခများ ပိုမိုပြင်းထန်လာပြီးနောက် ဒူဘိုင်းမြို့ရှိရွှေများကို အထူးလျှော့စျေးနှုန်းများဖြင့် ရောင်းချ
======================
အရှေ့အလယ်ပိုင်းဒေသတွင် စစ်ရေး ပဋိပက္ခများ ပိုမိုပြင်းထန်လာပြီးနောက် အာရပ်စော်ဘွားများပြည်ထောင်စု(ယူအေအီး) နိုင်ငံအနေဖြင့် ပြည်ပနိုင်ငံများသို့ ရွှေတင်ပို့ရန် အခက်အခဲများရှိနေခြင်းကြောင့် ဒူဘိုင်းမြို့ရှိ ရွှေများကို အထူး လျှော့စျေးနှုန်းများဖြင့် ရောင်းချလျက်ရှိကြောင်း ဘလွန်းဘာ့ဂ်သတင်းဌာနက ဒေသတွင်းအရင်းအမြစ်များ၏ ပြောကြားချက်ကိုကိုးကား၍ ဖော်ပြသည်။
ထို့ပြင် ဒူဘိုင်းမြို့ရှိ ပြည်သူများအနေဖြင့်လည်း အာမခံကြေးများ အဆမတန် မြင့်မားနေခြင်းကြောင့်လည်း ရွှေဝယ်ယူသူအရေအတွက်မှာ သိသိသာသာ လျော့နည်းသွားခဲ့ကြောင်း သတင်းဌာနက ဆက်လက်ဖော်ပြသည်။ ထို့ကြောင့် ရွှေကုန်သည်များအနေဖြင့် လန်ဒန်မြို့စျေးကွက်ရှိ ရွှေစျေးနှုန်းအတွက် သတ်မှတ်ထားသည့် အခြေခံစံနှုန်းထက်လျှော့၍ တစ်အောင်စလျှင် အမေရိကန်ဒေါ်လာ ၃၀ အထိ လျှော့စျေးဖြင့် ရောင်းချနေခြင်းဖြစ်သည်။
အာရပ်စော်ဘွားများ ပြည်ထောင်စုသည် အာရှနှင့် ဥရောပနိုင်ငံတို့သို့ အဖိုးတန်သတ္တုများ သန့်စင်ခြင်းနှင့် ပြန်လည်တင်ပို့ခြင်းတို့တွင် အရေးပါသော ဗဟိုချက်မတစ်ခုဖြစ်ကြောင်း သိရသည်။