ဗဟိုမိုဘိုင္းစက္ပစၥည္းသက္ေသခံမွတ္ပုံတင္စနစ္ (CEIR)ကို မတ္လအတြင္ စတင္အသုံးျပဳမည္

ဗဟိုမိုဘိုင္းစက္ပစၥည္းသက္ေသခံမွတ္ပုံတင္စနစ္ (CEIR)ကို မတ္လအတြင္ စတင္အသုံးျပဳမည္
=================
မတ္ ၅
ျမန္မာႏိုင္ငံ၌ မိုဘိုင္းလက္ကိုင္ဖုန္းသုံးစြဲသူျပည္သူမ်ားအေနနဲ႔ စံခ်ိန္စံၫႊန္းႏွင့္ကိုက္ညီၿပီး ႏိုင္ငံေတာ္သို႔ က်သင့္အခြန္မ်ားေပးေဆာင္ထားတဲ့ မိုဘိုင္းလက္ကိုင္ဖုန္းမ်ားကို ျပည္တြင္းမွာ ယုံၾကည္စိတ္ခ်စြာ အသုံးျပဳႏိုင္ရန္ ၂၀၂၆ ခုႏွစ္၊ မတ္လ ပထမပတ္မွစတင္ကာ ဗဟိုမိုဘိုင္း စက္ပစၥည္းသက္ေသခံမွတ္ပုံတင္စနစ္(CEIR)အား စတင္ အသုံးျပဳေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း CEIR ႏွင့္ EIR စနစ္ စီမံကိန္းဦးစီးေကာ္မတီမွ သိရပါတယ္။
ကမာၻ႔ႏိုင္ငံအခ်ိဳ႕တြင္ မိုဘိုင္းလက္ကိုင္ဖုန္းမ်ားအပါအဝင္ မိုဘိုင္းကြန္ရက္သုံးဆက္သြယ္ေရး စက္ပစၥည္းမ်ား၏ မူရင္းအမွတ္အသား (International Mobile Equipment Identity-IMEI Code)ကို ဗဟိုမိုဘိုင္းစက္ပစၥည္း သက္ေသခံမွတ္ပုံတင္စနစ္ (Central Equipment Identity Register-CEIR)၌ မွတ္ပုံတင္ကာ ႏိုင္ငံအတြင္းရွိ ဆက္သြယ္ေရးကြန္ရက္မ်ားႏွင့္ ခ်ိတ္ဆက္အသုံးျပဳျခင္း လုပ္ငန္းစဥ္အား ေဆာင္႐ြက္လ်က္ရွိပါတယ္။
ယခုအခါမွာ အမ်ားျပည္သူတို႔ လက္ရွိအသုံးျပဳေနေသာ မိုဘိုင္းလက္ကိုင္ဖုန္းမ်ားကို အခြန္ေပးေဆာင္ရန္ မလိုအပ္ဘဲ ဆက္လက္အသုံးျပဳႏိုင္ရန္ CEIR စနစ္ရွိ ခြင့္ျပဳစာရင္းတြင္ အလိုအေလ်ာက္ထည့္သြင္းေပးသြားမွာျဖစ္ၿပီး အဆိုပါခြင့္ျပဳစာရင္းတြင္ပါရွိႏိုင္ရန္ ၂၀၂၆ ခုႏွစ္၊ မတ္လ ၃၁ ရက္ေနာက္ဆုံးထားၿပီး ဆက္သြယ္ေရးကြန္ရက္ (MPT၊ ATOM၊ U9၊ Mytel) မ်ား၏ SIM Card မ်ားထည့္သြင္း၍ ဖြင့္လွစ္အသုံးျပဳထားရန္လိုအပ္ပါတယ္။
မိုဘိုင္းလက္ကိုင္ဖုန္းမ်ားႏွင့္ မိုဘိုင္းကြန္ရက္သုံးဆက္သြယ္ေရးပစၥည္းမ်ားကို ျပည္ပမွ တင္သြင္းလိုသည့္ ကုမၸဏီမ်ားအေနနဲ႔လည္း လုပ္ထုံးလုပ္နည္းႏွင့္အညီ တင္သြင္းေဆာင္႐ြက္ၾကမွာျဖစ္ၿပီး က်သင့္အခြန္မ်ားကို ေပးေဆာင္ၿပီးပါက CEIR စနစ္ရွိ ခြင့္ျပဳစာရင္းတြင္ ထည့္သြင္းေပးသြားမွာျဖစ္ပါတယ္။
၂၀၂၆ ခုႏွစ္၊ ဧၿပီလ ၁ ရက္မွစ၍ ခြင့္ျပဳစာရင္းတြင္မပါရွိတဲ့ မိုဘိုင္းလက္ကိုင္ဖုန္းမ်ားကို မိုဘိုင္းဆက္သြယ္ေရးကြန္ရက္မ်ားႏွင့္ စတင္ခ်ိတ္ဆက္ အသုံးျပဳခ်ိန္မွ ရက္ေပါင္း ၃၀ အတြင္း ယာယီအသုံးျပဳခြင့္ရရွိမွာျဖစ္ၿပီး အဆိုပါကာလအတြင္း က်သင့္အခြန္ႏွင့္ ဒဏ္ေၾကးမ်ားေပးေဆာင္ၿပီးမွသာ ဆက္လက္အသုံးျပဳခြင့္ရရွိႏိုင္မွာျဖစ္ပါတယ္။
ဒဏ္ေၾကးမ်ားကို အင္တာနက္စာမ်က္ႏွာတြင္ လႊင့္တင္ထားေသာ https://www.ceir.gov.mm ၌ မိုဘိုင္း လက္ကိုင္ဖုန္း၏ မူရင္းအမွတ္အသား (International Mobile Equipment Identity – IMEI)ကို ထည့္သြင္းၿပီး အီလက္ထေရာနစ္ ေငြေပးေခ်မႈနည္းလမ္းမ်ားျဖင့္ က်သင့္အခြန္ႏွင့္ဒဏ္ေၾကးမ်ားကို ေပးေဆာင္ႏိုင္ပါတယ္။
နယ္စပ္ေဒသမ်ား၊ အင္တာနက္ရရွိရန္ ခက္ခဲေသာေဒသမ်ားရွိ ျပည္သူမ်ားအတြက္ အဆိုပါေဒသရွိ ျပည္တြင္း အခြန္မ်ားဦးစီးဌာန႐ုံးမ်ားတြင္ျဖစ္ေစ၊ အေကာက္ခြန္ဦးစီးဌာန႐ုံးမ်ားတြင္ျဖစ္ေစ က်သင့္အခြန္ႏွင့္ဒဏ္ေၾကးမ်ားကို ေပးေဆာင္ႏိုင္ပါတယ္။
အေသးစိတ္အခ်က္အလက္မ်ားအားသိရွိလိုပါက အင္တာနက္စာမ်က္ႏွာတြင္ လႊင့္တင္ ထားေသာ https://www.ceir.gov.mm ၌ ၾကည့္ရႈႏိုင္သလို CEIR Call Center နံပါတ္မ်ားျဖစ္သည့္ ၁၅၇၇ ႏွင့္ ၁၇၅၅ သို႔ ႐ုံးခ်ိန္အတြင္း ဆက္သြယ္ေမးျမန္းႏိုင္ေၾကာင္း CEIR ႏွင့္ EIR စနစ္ စီမံကိန္းဦးစီးေကာ္မတီမွ အသိေပးထုတ္ျပန္ ထားပါတယ္။
ဗဟိုမိုဘိုင်းစက်ပစ္စည်းသက်သေခံမှတ်ပုံတင်စနစ် (CEIR)ကို မတ်လအတွင် စတင်အသုံးပြုမည်
=================
မတ် ၅
မြန်မာနိုင်ငံ၌ မိုဘိုင်းလက်ကိုင်ဖုန်းသုံးစွဲသူပြည်သူများအနေနဲ့ စံချိန်စံညွှန်းနှင့်ကိုက်ညီပြီး နိုင်ငံတော်သို့ ကျသင့်အခွန်များပေးဆောင်ထားတဲ့ မိုဘိုင်းလက်ကိုင်ဖုန်းများကို ပြည်တွင်းမှာ ယုံကြည်စိတ်ချစွာ အသုံးပြုနိုင်ရန် ၂၀၂၆ ခုနှစ်၊ မတ်လ ပထမပတ်မှစတင်ကာ ဗဟိုမိုဘိုင်း စက်ပစ္စည်းသက်သေခံမှတ်ပုံတင်စနစ်(CEIR)အား စတင် အသုံးပြုဆောင်ရွက်သွားမည်ဖြစ်ကြောင်း CEIR နှင့် EIR စနစ် စီမံကိန်းဦးစီးကော်မတီမှ သိရပါတယ်။
ကမ္ဘာ့နိုင်ငံအချို့တွင် မိုဘိုင်းလက်ကိုင်ဖုန်းများအပါအဝင် မိုဘိုင်းကွန်ရက်သုံးဆက်သွယ်ရေး စက်ပစ္စည်းများ၏ မူရင်းအမှတ်အသား (International Mobile Equipment Identity-IMEI Code)ကို ဗဟိုမိုဘိုင်းစက်ပစ္စည်း သက်သေခံမှတ်ပုံတင်စနစ် (Central Equipment Identity Register-CEIR)၌ မှတ်ပုံတင်ကာ နိုင်ငံအတွင်းရှိ ဆက်သွယ်ရေးကွန်ရက်များနှင့် ချိတ်ဆက်အသုံးပြုခြင်း လုပ်ငန်းစဉ်အား ဆောင်ရွက်လျက်ရှိပါတယ်။
ယခုအခါမှာ အများပြည်သူတို့ လက်ရှိအသုံးပြုနေသော မိုဘိုင်းလက်ကိုင်ဖုန်းများကို အခွန်ပေးဆောင်ရန် မလိုအပ်ဘဲ ဆက်လက်အသုံးပြုနိုင်ရန် CEIR စနစ်ရှိ ခွင့်ပြုစာရင်းတွင် အလိုအလျောက်ထည့်သွင်းပေးသွားမှာဖြစ်ပြီး အဆိုပါခွင့်ပြုစာရင်းတွင်ပါရှိနိုင်ရန် ၂၀၂၆ ခုနှစ်၊ မတ်လ ၃၁ ရက်နောက်ဆုံးထားပြီး ဆက်သွယ်ရေးကွန်ရက် (MPT၊ ATOM၊ U9၊ Mytel) များ၏ SIM Card များထည့်သွင်း၍ ဖွင့်လှစ်အသုံးပြုထားရန်လိုအပ်ပါတယ်။
မိုဘိုင်းလက်ကိုင်ဖုန်းများနှင့် မိုဘိုင်းကွန်ရက်သုံးဆက်သွယ်ရေးပစ္စည်းများကို ပြည်ပမှ တင်သွင်းလိုသည့် ကုမ္ပဏီများအနေနဲ့လည်း လုပ်ထုံးလုပ်နည်းနှင့်အညီ တင်သွင်းဆောင်ရွက်ကြမှာဖြစ်ပြီး ကျသင့်အခွန်များကို ပေးဆောင်ပြီးပါက CEIR စနစ်ရှိ ခွင့်ပြုစာရင်းတွင် ထည့်သွင်းပေးသွားမှာဖြစ်ပါတယ်။
၂၀၂၆ ခုနှစ်၊ ဧပြီလ ၁ ရက်မှစ၍ ခွင့်ပြုစာရင်းတွင်မပါရှိတဲ့ မိုဘိုင်းလက်ကိုင်ဖုန်းများကို မိုဘိုင်းဆက်သွယ်ရေးကွန်ရက်များနှင့် စတင်ချိတ်ဆက် အသုံးပြုချိန်မှ ရက်ပေါင်း ၃၀ အတွင်း ယာယီအသုံးပြုခွင့်ရရှိမှာဖြစ်ပြီး အဆိုပါကာလအတွင်း ကျသင့်အခွန်နှင့် ဒဏ်ကြေးများပေးဆောင်ပြီးမှသာ ဆက်လက်အသုံးပြုခွင့်ရရှိနိုင်မှာဖြစ်ပါတယ်။
ဒဏ်ကြေးများကို အင်တာနက်စာမျက်နှာတွင် လွှင့်တင်ထားသော https://www.ceir.gov.mm ၌ မိုဘိုင်း လက်ကိုင်ဖုန်း၏ မူရင်းအမှတ်အသား (International Mobile Equipment Identity – IMEI)ကို ထည့်သွင်းပြီး အီလက်ထရောနစ် ငွေပေးချေမှုနည်းလမ်းများဖြင့် ကျသင့်အခွန်နှင့်ဒဏ်ကြေးများကို ပေးဆောင်နိုင်ပါတယ်။
နယ်စပ်ဒေသများ၊ အင်တာနက်ရရှိရန် ခက်ခဲသောဒေသများရှိ ပြည်သူများအတွက် အဆိုပါဒေသရှိ ပြည်တွင်း အခွန်များဦးစီးဌာနရုံးများတွင်ဖြစ်စေ၊ အကောက်ခွန်ဦးစီးဌာနရုံးများတွင်ဖြစ်စေ ကျသင့်အခွန်နှင့်ဒဏ်ကြေးများကို ပေးဆောင်နိုင်ပါတယ်။
အသေးစိတ်အချက်အလက်များအားသိရှိလိုပါက အင်တာနက်စာမျက်နှာတွင် လွှင့်တင် ထားသော https://www.ceir.gov.mm ၌ ကြည့်ရှုနိုင်သလို CEIR Call Center နံပါတ်များဖြစ်သည့် ၁၅၇၇ နှင့် ၁၇၅၅ သို့ ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်းနိုင်ကြောင်း CEIR နှင့် EIR စနစ် စီမံကိန်းဦးစီးကော်မတီမှ အသိပေးထုတ်ပြန် ထားပါတယ်။



