႐ုရွားႏွင့္ ယူကရိန္းတို႔ စစ္သုံ႔ပန္း ၂၀၀ စီ အျပန္အလွန္ လဲလွယ္ခဲ့ၾကေၾကာင္း ႐ုရွားကာကြယ္ေရးဝန္ႀကီးဌာန ထုတ္ျပန္


႐ုရွားႏွင့္ ယူကရိန္းတို႔ စစ္သုံ႔ပန္း ၂၀၀ စီ အျပန္အလွန္ လဲလွယ္ခဲ့ၾကေၾကာင္း ႐ုရွားကာကြယ္ေရးဝန္ႀကီးဌာန ထုတ္ျပန္
======================
႐ုရွား-ယူကရိန္း ပဋိပကၡၾကားက ထူးျခားတဲ့ လူသားခ်င္းစာနာေထာက္ထားမႈဆိုင္ရာ ျဖစ္ရပ္တစ္ခုအျဖစ္ ယမန္ေန႔က ႐ုရွားႏွင့္ ယူကရိန္းတို႔ စစ္သုံ႔ပန္း ၂၀၀ စီ အျပန္အလွန္ လဲလွယ္ခဲ့ၾကေၾကာင္း ႐ုရွားကာကြယ္ေရးဝန္ႀကီးဌာန ထုတ္ျပန္ထားပါသည္။
ဤလုပ္ငန္းစဥ္တြင္ ယူေအအီး (UAE) ႏွင့္ အေမရိကန္ျပည္ေထာင္စု (US) တို႔က ၾကားခံေစ့စပ္ညႇိႏႈိင္းေပးခဲ့ၾကၿပီး ဒုတိယအေက်ာ့ လဲလွယ္မႈကို ႐ုရွားစစ္သည္ ၃၀၀ ႏွင့္ ယူကရိန္းစစ္သုံ႔ပန္း ၃၀၀ တို႔ကို ယေန႔ ထပ္မံလဲလွယ္သြားရန္ ရွိေနသည္။
ပုံမွန္အားျဖင့္ ယူေအအီးသည္ ႐ုရွား-ယူကရိန္းၾကား ၾကားခံေဆာင္႐ြက္ေပးေလ့ရွိေသာ္လည္း၊ ယခုအႀကိမ္တြင္ အေမရိကန္ပါ ပူးတြဲပါဝင္လာျခင္းက သံတမန္ေရးအရ ထူးျခားေသာ တိုးတက္မႈတစ္ခု ျဖစ္ႏိုင္သည္။
ယေန႔ ျပဳလုပ္မည့္ ၃၀၀ စီ လဲလွယ္မႈသာ ေအာင္ ျမင္ခဲ့ပါက ဤရက္ပိုင္းအတြင္း စုစုေပါင္း စစ္သည္ ၁,၀၀၀ ခန႔္ အိမ္ျပန္ႏိုင္ၾကမည္ ျဖစ္သည္။
အခ်ိဳ႕ေသာ သတင္းရင္းျမစ္မ်ားအရ ဤအႀကိမ္ လဲလွယ္မႈတြင္ စစ္သည္မ်ားသာမက ေရွ႕တန္းစစ္မ်က္ႏွာျပင္တြင္ ဖမ္းဆီးခံထားရသည့္ အရပ္သားအခ်ိဳ႕ႏွင့္ က်န္းမာေရးဝန္ထမ္းမ်ားလည္း ပါဝင္လာႏိုင္တယ္လို႔ ခန႔္မွန္းေနၾကပါတယ္။
အီရန္-အစၥေရး ပဋိပကၡေၾကာင့္ ကမာၻ႔အာ႐ုံစိုက္မႈက အေရွ႕အလယ္ပိုင္းသို႔ ေရာက္ေနခ်ိန္တြင္၊ ယူေအအီး (UAE) က ၎၏ သံတမန္ေရးရာ အစြမ္းအစကို ျပသသည့္အေနျဖင့္ ႐ုရွားႏွင့္ ယူကရိန္းအၾကား ဤမွ်ႀကီးမားေသာ လဲလွယ္မႈကို ျဖစ္ေျမာက္ေအာင္ စြမ္းေဆာင္ႏိုင္ခဲ့ျခင္း ျဖစ္ပါတယ္။
အေမရိကန္ျပည္ေထာင္စုအေနျဖင့္ ဤလဲလွယ္မႈတြင္ တိုက္႐ိုက္ပါဝင္လာျခင္းက ႐ုရွားႏွင့္ ဆက္သြယ္ေရးလမ္းေၾကာင္းကို ျပန္လည္ဖြင့္လွစ္ထားေၾကာင္း ျပသရာေရာက္ၿပီး၊ ေနာင္တြင္ အပစ္အခတ္ရပ္စဲေရးအတြက္ အလားအလာေကာင္းတစ္ခု ျဖစ္လာႏိုင္မလားဆိုသည္ကို ႏိုင္ငံတကာက ေစာင့္ၾကည့္ေနၾကပါတယ္။
ရုရှားနှင့် ယူကရိန်းတို့ စစ်သုံ့ပန်း ၂၀၀ စီ အပြန်အလှန် လဲလှယ်ခဲ့ကြကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာန ထုတ်ပြန်
======================
ရုရှား-ယူကရိန်း ပဋိပက္ခကြားက ထူးခြားတဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဖြစ်ရပ်တစ်ခုအဖြစ် ယမန်နေ့က ရုရှားနှင့် ယူကရိန်းတို့ စစ်သုံ့ပန်း ၂၀၀ စီ အပြန်အလှန် လဲလှယ်ခဲ့ကြကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာန ထုတ်ပြန်ထားပါသည်။
ဤလုပ်ငန်းစဉ်တွင် ယူအေအီး (UAE) နှင့် အမေရိကန်ပြည်ထောင်စု (US) တို့က ကြားခံစေ့စပ်ညှိနှိုင်းပေးခဲ့ကြပြီး ဒုတိယအကျော့ လဲလှယ်မှုကို ရုရှားစစ်သည် ၃၀၀ နှင့် ယူကရိန်းစစ်သုံ့ပန်း ၃၀၀ တို့ကို ယနေ့ ထပ်မံလဲလှယ်သွားရန် ရှိနေသည်။
ပုံမှန်အားဖြင့် ယူအေအီးသည် ရုရှား-ယူကရိန်းကြား ကြားခံဆောင်ရွက်ပေးလေ့ရှိသော်လည်း၊ ယခုအကြိမ်တွင် အမေရိကန်ပါ ပူးတွဲပါဝင်လာခြင်းက သံတမန်ရေးအရ ထူးခြားသော တိုးတက်မှုတစ်ခု ဖြစ်နိုင်သည်။
ယနေ့ ပြုလုပ်မည့် ၃၀၀ စီ လဲလှယ်မှုသာ အောင် မြင်ခဲ့ပါက ဤရက်ပိုင်းအတွင်း စုစုပေါင်း စစ်သည် ၁,၀၀၀ ခန့် အိမ်ပြန်နိုင်ကြမည် ဖြစ်သည်။
အချို့သော သတင်းရင်းမြစ်များအရ ဤအကြိမ် လဲလှယ်မှုတွင် စစ်သည်များသာမက ရှေ့တန်းစစ်မျက်နှာပြင်တွင် ဖမ်းဆီးခံထားရသည့် အရပ်သားအချို့နှင့် ကျန်းမာရေးဝန်ထမ်းများလည်း ပါဝင်လာနိုင်တယ်လို့ ခန့်မှန်းနေကြပါတယ်။
အီရန်-အစ္စရေး ပဋိပက္ခကြောင့် ကမ္ဘာ့အာရုံစိုက်မှုက အရှေ့အလယ်ပိုင်းသို့ ရောက်နေချိန်တွင်၊ ယူအေအီး (UAE) က ၎င်း၏ သံတမန်ရေးရာ အစွမ်းအစကို ပြသသည့်အနေဖြင့် ရုရှားနှင့် ယူကရိန်းအကြား ဤမျှကြီးမားသော လဲလှယ်မှုကို ဖြစ်မြောက်အောင် စွမ်းဆောင်နိုင်ခဲ့ခြင်း ဖြစ်ပါတယ်။
အမေရိကန်ပြည်ထောင်စုအနေဖြင့် ဤလဲလှယ်မှုတွင် တိုက်ရိုက်ပါဝင်လာခြင်းက ရုရှားနှင့် ဆက်သွယ်ရေးလမ်းကြောင်းကို ပြန်လည်ဖွင့်လှစ်ထားကြောင်း ပြသရာရောက်ပြီး၊ နောင်တွင် အပစ်အခတ်ရပ်စဲရေးအတွက် အလားအလာကောင်းတစ်ခု ဖြစ်လာနိုင်မလားဆိုသည်ကို နိုင်ငံတကာက စောင့်ကြည့်နေကြပါတယ်။




