ထိုင္းဖိုက္တာ ဆမင္ဒမ္ နဲ႔ ယွဥ္ၿပိဳင္ထိုးသတ္မယ့္ ေက်ာ္စြာဝင္း

ထိုင္းဖိုက္တာ ဆမင္ဒမ္ နဲ႔ ယွဥ္ၿပိဳင္ထိုးသတ္မယ့္ ေက်ာ္စြာဝင္း
======================
ONE Friday Fights 147 ၿပိဳင္ပြဲမွာ ျမန္မာဖိုက္တာ ေက်ာ္စြာဝင္းဟာ ထိုင္းဖိုက္တာ ဆမင္ဒမ္ (Samingdam) နဲ႔ ယွဥ္ၿပိဳင္ထိုးသတ္ရမွာျဖစ္ေၾကာင္း ONE က အတည္ျပဳေၾကညာလိုက္ပါတယ္။

ျမန္မာပရိသတ္ေတြၾကား လိပ္နင္ဂ်ာလို ထင္ရွားတဲ့ ဆမင္ဒမ္ဟာ ONE မွာ ေနာက္ဆုံး ၄ ပြဲဆက္ အႏိုင္ရထားၿပီး ျမန္မာဖိုက္တာေတြကို အႏိုင္ရထားသူျဖစ္ေၾကာင္းလည္း သိရပါတယ္။

ONE Friday Fights 147 ၿပိဳင္ပြဲကို မတ္ ၂၀ မွာ က်င္းပမွာျဖစ္ၿပီး ေက်ာ္စြာဝင္းနဲ႔ ဆမင္ဒမ္တိုက ဖလိုင္းဝိတ္တန္းအျဖစ္ ထိုးသတ္မွာျဖစ္ေၾကာင္း သိရပါတယ္။


ထိုင်းဖိုက်တာ ဆမင်ဒမ် နဲ့ ယှဥ်ပြိုင်ထိုးသတ်မယ့် ကျော်စွာဝင်း
======================
ONE Friday Fights 147 ပြိုင်ပွဲမှာ မြန်မာဖိုက်တာ ကျော်စွာဝင်းဟာ ထိုင်းဖိုက်တာ ဆမင်ဒမ် (Samingdam) နဲ့ ယှဉ်ပြိုင်ထိုးသတ်ရမှာဖြစ်ကြောင်း ONE က အတည်ပြုကြေညာလိုက်ပါတယ်။

မြန်မာပရိသတ်တွေကြား လိပ်နင်ဂျာလို ထင်ရှားတဲ့ ဆမင်ဒမ်ဟာ ONE မှာ နောက်ဆုံး ၄ ပွဲဆက် အနိုင်ရထားပြီး မြန်မာဖိုက်တာတွေကို အနိုင်ရထားသူဖြစ်ကြောင်းလည်း သိရပါတယ်။

ONE Friday Fights 147 ပြိုင်ပွဲကို မတ် ၂၀ မှာ ကျင်းပမှာဖြစ်ပြီး ကျော်စွာဝင်းနဲ့ ဆမင်ဒမ်တိုက ဖလိုင်းဝိတ်တန်းအဖြစ် ထိုးသတ်မှာဖြစ်ကြောင်း သိရပါတယ်။