ခ်ယ္လ္ဆီးကြင္းလယ္ကစားသမား အန္ဇိုဖာနန္ဒက္ကို ေခၚယူရန္ျပင္ဆင္ေနတဲ့ ရီးယဲလ္မက္ဒရစ္

ခ်ယ္လ္ဆီးကြင္းလယ္ကစားသမား အန္ဇိုဖာနန္ဒက္ကို ေခၚယူရန္ျပင္ဆင္ေနတဲ့ ရီးယဲလ္မက္ဒရစ္
==============================
ရီးယဲလ္မက္ဒရစ္အသင္းက လာမည့္ေႏြရာသီ ကစားသမားအေျပာင္းအေ႐ႊ႕ကာလတြင္ ခ်ယ္လ္ဆီး အသင္းမွ ကြင္းလယ္ကစားသမား ဖာနန္ဒက္အား ေခၚယူရန္ ေျပာင္းေ႐ႊ႕ေၾကး ယူ႐ို သန္း ၆၀ အျပင္ အသင္းမွ ကြင္းလယ္ကစားသမား ကာမာဗင္ဂါကို အလိုက္ေပးၿပီး ေခၚယူရန္ျပင္ဆင္ေနေၾကာင္း သိရသည္။
ရီးယဲလ္မက္ဒရစ္အသင္းသည္ အသင္းကြင္းလယ္ပိုင္းတြင္ ကက္စ္မဲ႐ိုး၊ မိုဒရစ္ႏွင့္ တိုနီခ႐ူးတို႔ထြက္ခြာ ၿပီးေနာက္ပိုင္းတြင္ ကစားသမားသစ္မ်ားႏွင့္အစားထိုးခဲ့ေသာ္လည္း လိုအပ္ခ်က္မ်ားရွိေနသည့္အတြက္ လာမည့္ေႏြရာသီကစားသမား အေျပာင္းအေ႐ႊ႕ကာလ တြင္ အသင္းကြင္းလယ္ပိုင္းကို ႀကီးႀကီးမားမား အေျပာင္းအလဲ လုပ္ေဆာင္လိုေနျခင္းျဖစ္သည္။
ရီးယဲလ္မက္ဒရစ္အသင္းသည္ အသင္းကြင္းလယ္ပိုင္းတြင္ ဗယ္ဗာဒီတစ္ဦးတည္းကိုသာ ခ်န္ထားၿပီး ဘယ္လင္ဟမ္၊ ကာမာဗင္ဂါ၊ ခ်ဴအာမန္ဒီ စသည့္ ကစားသမားမ်ားကိုေရာင္းခ်ၿပီး ထိပ္တန္းကစား သမားမ်ားႏွင့္ ျပန္လည္အစားထိုးလို ေနျခင္းျဖစ္သည္။
အသက္ ၂၅ ႏွစ္အ႐ြယ္ အန္ဇိုဖာနန္ဒက္သည္ ၂၀၂၂ ခုႏွစ္က ဘင္ဖီကာအသင္းမွ ခ်ယ္လ္ဆီးအသင္းသို႔ ေျပာင္းေ႐ႊ႕ကစားၿပီးေနာက္ ပထမဆုံးေဘာလုံး ရာသီတြင္ ႐ုန္းကန္ခဲ့ရေသာ္လည္း ေနာက္ပိုင္း ေဘာလုံးရာသီမ်ားတြင္ အေကာင္းဆုံး ေျခစြမ္းျပႏိုင္ၿပီးေနာက္ ရီးယဲလ္မက္ဒရစ္အသင္းက အေစာပိုင္း ကတည္းက ေခၚယူရန္ႀကိဳးပမ္းေနၿပီး လာမည့္ေႏြရာသီကစားသမား အေျပာင္းအေ႐ႊ႕ကာလတြင္ ေျပာင္းေ႐ႊ႕ ေၾကးအျပင္ ကာမာဗင္ဂါကို အလိုက္ေပးၿပီး ကမ္းလွမ္းရန္ ျပင္ဆင္ေနေၾကာင္း သိရသည္။
ချယ်လ်ဆီးကွင်းလယ်ကစားသမား အန်ဇိုဖာနန်ဒက်ကို ခေါ်ယူရန်ပြင်ဆင်နေတဲ့ ရီးယဲလ်မက်ဒရစ်
==============================
ရီးယဲလ်မက်ဒရစ်အသင်းက လာမည့်နွေရာသီ ကစားသမားအပြောင်းအရွှေ့ကာလတွင် ချယ်လ်ဆီး အသင်းမှ ကွင်းလယ်ကစားသမား ဖာနန်ဒက်အား ခေါ်ယူရန် ပြောင်းရွှေ့ကြေး ယူရို သန်း ၆၀ အပြင် အသင်းမှ ကွင်းလယ်ကစားသမား ကာမာဗင်ဂါကို အလိုက်ပေးပြီး ခေါ်ယူရန်ပြင်ဆင်နေကြောင်း သိရသည်။
ရီးယဲလ်မက်ဒရစ်အသင်းသည် အသင်းကွင်းလယ်ပိုင်းတွင် ကက်စ်မဲရိုး၊ မိုဒရစ်နှင့် တိုနီခရူးတို့ထွက်ခွာ ပြီးနောက်ပိုင်းတွင် ကစားသမားသစ်များနှင့်အစားထိုးခဲ့သော်လည်း လိုအပ်ချက်များရှိနေသည့်အတွက် လာမည့်နွေရာသီကစားသမား အပြောင်းအရွှေ့ကာလ တွင် အသင်းကွင်းလယ်ပိုင်းကို ကြီးကြီးမားမား အပြောင်းအလဲ လုပ်ဆောင်လိုနေခြင်းဖြစ်သည်။
ရီးယဲလ်မက်ဒရစ်အသင်းသည် အသင်းကွင်းလယ်ပိုင်းတွင် ဗယ်ဗာဒီတစ်ဦးတည်းကိုသာ ချန်ထားပြီး ဘယ်လင်ဟမ်၊ ကာမာဗင်ဂါ၊ ချူအာမန်ဒီ စသည့် ကစားသမားများကိုရောင်းချပြီး ထိပ်တန်းကစား သမားများနှင့် ပြန်လည်အစားထိုးလို နေခြင်းဖြစ်သည်။
အသက် ၂၅ နှစ်အရွယ် အန်ဇိုဖာနန်ဒက်သည် ၂၀၂၂ ခုနှစ်က ဘင်ဖီကာအသင်းမှ ချယ်လ်ဆီးအသင်းသို့ ပြောင်းရွှေ့ကစားပြီးနောက် ပထမဆုံးဘောလုံး ရာသီတွင် ရုန်းကန်ခဲ့ရသော်လည်း နောက်ပိုင်း ဘောလုံးရာသီများတွင် အကောင်းဆုံး ခြေစွမ်းပြနိုင်ပြီးနောက် ရီးယဲလ်မက်ဒရစ်အသင်းက အစောပိုင်း ကတည်းက ခေါ်ယူရန်ကြိုးပမ်းနေပြီး လာမည့်နွေရာသီကစားသမား အပြောင်းအရွှေ့ကာလတွင် ပြောင်းရွှေ့ ကြေးအပြင် ကာမာဗင်ဂါကို အလိုက်ပေးပြီး ကမ်းလှမ်းရန် ပြင်ဆင်နေကြောင်း သိရသည်။




