မဲဆႏၵရွင္ျပည္သူမ်ားအား ေက်းဇူးတင္စကား သြားေရာက္ေျပာၾကား



မဲဆႏၵရွင္ျပည္သူမ်ားအား ေက်းဇူးတင္စကား သြားေရာက္ေျပာၾကား
=========================
ေအာင္လံ ေဖေဖာ္ဝါရီ ၂၃
ျပည္ေထာင္စုႀကံခိုင္ေရးႏွင့္ဖြံၿဖိဳးေရးပါတီ တြဲဖက္အေထြေထြအတြင္းေရးမႉး၊ေအာင္လံၿမိဳ႕နယ္၊ျပည္သူ႔လႊတ္ေတာ္ေ႐ြးေကာက္ခံကိုယ္စားလွယ္ဦးတင္ေအာင္ခ်စ္၊တိုင္းေဒသႀကီးလႊတ္ေတာ္(PR)ေ႐ြးေကာက္ခံကိုယ္စားလွယ္၊ မေကြးတိုင္းေဒသႀကီး၊ စီးပြားေရးရာဝန္ႀကီးဦးေအာင္ခ်ိန္၊တိုင္းေဒသႀကီးလႊတ္ေတာ္(FPTP)ေ႐ြးေကာက္ခံကိုယ္စားလွယ္၊ ေအာင္လံခ႐ိုင္ပါတီဥကၠ႒ဦးစန္းလြင္၊ အမ်ိဳးသားလႊတ္ေတာ္ကိုယ္စားလွယ္(FPTP)ေ႐ြးေကာက္ခံကိုယ္စားလွယ္၊ မေကြးခ႐ိုင္အတြင္းေရးမႉးဦးေအာင္ႏိုင္တို႔သည္ ေဖေဖာ္ဝါရီ (၂၃)ရက္ေန႔ ညေနပိုင္းက မေကြးတိုင္းေဒသႀကီး၊ေအာက္လံၿမိဳ႕နယ္၊ျပလို႔ၿမိဳ႕ႏွင့္မအူခုံေက်း႐ြာရွိ မဲဆႏၵရွင္ျပည္သူမ်ားထံ သြားေရာက္၍ ေက်းဇူတင္စကားမ်ားေျပာၾကားခဲ့ၿပီး ေဒသဖြံ႕ေရးကိစၥမ်ားေဆြးေႏြးခဲ့ၾကပါသည္။
၎ေနာက္ ျပလို႔ၿမိဳ႕အမွတ္(၁)ရပ္ကြက္ရွိ ေအာင္ေဝယံပရိယတၱိစာသင္တိုက္၊ ပဓာန၊နာယကဆရာေတာ္ေဒါက္တာ ဘဒၵႏၲဝိနယ အားသြားေရာက္ဖူးေျမာ္၍ လႉဖြယ္ပစၥည္းမ်ားႏွင့္နဝကမၼဝတၳဳအလႉေငြ ဆက္ကပ္လႉဒါန္းၿပီးဆရာေတာ္ထံမွဩဝါဒ ခံယူခဲ့ပါသည္။
မဲဆန္ဒရှင်ပြည်သူများအား ကျေးဇူးတင်စကား သွားရောက်ပြောကြား
=========================
အောင်လံ ဖေဖော်ဝါရီ ၂၃
ပြည်ထောင်စုကြံခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီ တွဲဖက်အထွေထွေအတွင်းရေးမှူး၊အောင်လံမြို့နယ်၊ပြည်သူ့လွှတ်တော်ရွေးကောက်ခံကိုယ်စားလှယ်ဦးတင်အောင်ချစ်၊တိုင်းဒေသကြီးလွှတ်တော်(PR)ရွေးကောက်ခံကိုယ်စားလှယ်၊ မကွေးတိုင်းဒေသကြီး၊ စီးပွားရေးရာဝန်ကြီးဦးအောင်ချိန်၊တိုင်းဒေသကြီးလွှတ်တော်(FPTP)ရွေးကောက်ခံကိုယ်စားလှယ်၊ အောင်လံခရိုင်ပါတီဥက္ကဋ္ဌဦးစန်းလွင်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်(FPTP)ရွေးကောက်ခံကိုယ်စားလှယ်၊ မကွေးခရိုင်အတွင်းရေးမှူးဦးအောင်နိုင်တို့သည် ဖေဖော်ဝါရီ (၂၃)ရက်နေ့ ညနေပိုင်းက မကွေးတိုင်းဒေသကြီး၊အောက်လံမြို့နယ်၊ပြလို့မြို့နှင့်မအူခုံကျေးရွာရှိ မဲဆန္ဒရှင်ပြည်သူများထံ သွားရောက်၍ ကျေးဇူတင်စကားများပြောကြားခဲ့ပြီး ဒေသဖွံ့ရေးကိစ္စများဆွေးနွေးခဲ့ကြပါသည်။
၎င်းနောက် ပြလို့မြို့အမှတ်(၁)ရပ်ကွက်ရှိ အောင်ဝေယံပရိယတ္တိစာသင်တိုက်၊ ပဓာန၊နာယကဆရာတော်ဒေါက်တာ ဘဒ္ဒန္တဝိနယ အားသွားရောက်ဖူးမြော်၍ လှူဖွယ်ပစ္စည်းများနှင့်နဝကမ္မဝတ္ထုအလှူငွေ ဆက်ကပ်လှူဒါန်းပြီးဆရာတော်ထံမှဩဝါဒ ခံယူခဲ့ပါသည်။




