ကုန္စည္ဒိုင္မ်ားႏွင့္ စက္မႈလက္မႈလုပ္ငန္းရွင္မ်ားအား ေက်းဇူးတင္စကားေျပာၾကား

ကုန္စည္ဒိုင္မ်ားႏွင့္ စက္မႈလက္မႈလုပ္ငန္းရွင္မ်ားအား ေက်းဇူးတင္စကားေျပာၾကား
=========================
ေအာင္လံ ေဖေဖာ္ဝါရီ ၂၃

ျပည္ေထာင္စုႀကံခိုင္ေရးႏွင့္ဖြံၿဖိဳးေရးပါတီ တြဲဖက္အေထြေထြအတြင္းေရးမႉး၊ ေအာင္လံၿမိဳ႕နယ္၊ျပည္သူ႔လႊတ္ေတာ္ေ႐ြးေကာက္ခံကိုယ္စားလွယ္ ဦးတင္ေအာင္ခ်စ္၊တိုင္းေဒသႀကီး လႊတ္ေတာ္(PR)ေ႐ြးေကာက္ခံကိုယ္စားလွယ္၊မေကြးတိုင္းေဒသႀကီး၊စီးပြားေရးရာဝန္ႀကီးဦးေအာင္ခ်ိန္၊တိုင္းေဒသႀကီးလႊတ္ေတာ္(FPTP)ေ႐ြးေကာက္ခံကိုယ္စားလွယ္၊ေအာင္လံခ႐ိုင္ပါတီဥကၠ႒ဦးစန္းလြင္၊အမ်ိဳးသားလႊတ္ေတာ္ကိုယ္စားလွယ္(FPTP)ေ႐ြးေကာက္ခံကိုယ္စားလွယ္၊မေကြးခ႐ိုင္အတြင္းေရးမႉးဦးေအာင္ႏိုင္တို႔သည္ ေဖေဖာ္ဝါရီ (၂၃)ရက္ေန႔ နံနက္ပိုင္းက မေကြးတိုင္းေဒသႀကီး၊ေအာက္လံၿမိဳ႕နယ္၊ကုန္စည္ဒိုင္ႏွင့္စက္မႈလက္မႈ လုပ္ငန္းရွင္မ်ားအသင္း႐ုံးခန္းမ၌ ေ႐ြးေကာက္ပြဲေအာင္ျမင္ၿပီးေျမာက္ေရးအတြက္ အဖက္ဖက္မွကူညီခဲ့ၾကေသာအသင္းဥကၠ႒ဦးေအာင္မိုးႏွင့္ ကုန္စည္ဒိုင္မ်ား၊စက္မႈလက္မႈလုပ္ငန္းရွင္မ်ားအား သြားေရာက္ေတြ႕ဆုံၿပီးေက်းဇူးတင္စကားေျပာၾကားခဲ့ပါသည္။

ဆက္လက္၍တြဲဖက္အေထြေထြအတြင္းေရးမႉးမွ ေအာင္လံၿမိဳ႕ဖြံ႕ၿဖိဳးတိုးတက္ေရးအတြက္ေဆာင္႐ြက္ေပးမႈမ်ား၊ ဆက္လက္လုပ္ေဆာင္မည့္ဖြံ႕ၿဖိဳးေရး ေဆာင္႐ြက္ခ်က္မ်ားအား ေဆြးေႏြးခဲ့ၿပီး ကုန္စည္ဒိုင္မ်ားႏွင့္စက္မႈလက္မႈလုပ္ငန္းရွင္မ်ား တင္ျပေဆြးေႏြးေသာေဒသလိုအပ္ခ်က္ မ်ား၊ ၎တို႔လုပ္ငန္းမ်ားႏွင့္ သက္ဆိုင္ေသာ ေဆြးေႏြးမႈမ်ားအေပၚ ျပန္လည္ေဆြးေႏြးခဲ့ေၾကာင္း သိရပါသည္။


ကုန်စည်ဒိုင်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအား ကျေးဇူးတင်စကားပြောကြား
=========================
အောင်လံ ဖေဖော်ဝါရီ ၂၃

ပြည်ထောင်စုကြံခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီ တွဲဖက်အထွေထွေအတွင်းရေးမှူး၊ အောင်လံမြို့နယ်၊ပြည်သူ့လွှတ်တော်ရွေးကောက်ခံကိုယ်စားလှယ် ဦးတင်အောင်ချစ်၊တိုင်းဒေသကြီး လွှတ်တော်(PR)ရွေးကောက်ခံကိုယ်စားလှယ်၊မကွေးတိုင်းဒေသကြီး၊စီးပွားရေးရာဝန်ကြီးဦးအောင်ချိန်၊တိုင်းဒေသကြီးလွှတ်တော်(FPTP)ရွေးကောက်ခံကိုယ်စားလှယ်၊အောင်လံခရိုင်ပါတီဥက္ကဋ္ဌဦးစန်းလွင်၊အမျိုးသားလွှတ်တော်ကိုယ်စားလှယ်(FPTP)ရွေးကောက်ခံကိုယ်စားလှယ်၊မကွေးခရိုင်အတွင်းရေးမှူးဦးအောင်နိုင်တို့သည် ဖေဖော်ဝါရီ (၂၃)ရက်နေ့ နံနက်ပိုင်းက မကွေးတိုင်းဒေသကြီး၊အောက်လံမြို့နယ်၊ကုန်စည်ဒိုင်နှင့်စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းရုံးခန်းမ၌ ရွေးကောက်ပွဲအောင်မြင်ပြီးမြောက်ရေးအတွက် အဖက်ဖက်မှကူညီခဲ့ကြသောအသင်းဥက္ကဋ္ဌဦးအောင်မိုးနှင့် ကုန်စည်ဒိုင်များ၊စက်မှုလက်မှုလုပ်ငန်းရှင်များအား သွားရောက်တွေ့ဆုံပြီးကျေးဇူးတင်စကားပြောကြားခဲ့ပါသည်။

ဆက်လက်၍တွဲဖက်အထွေထွေအတွင်းရေးမှူးမှ အောင်လံမြို့ဖွံ့ဖြိုးတိုးတက်ရေးအတွက်ဆောင်ရွက်ပေးမှုများ၊ ဆက်လက်လုပ်ဆောင်မည့်ဖွံ့ဖြိုးရေး ဆောင်ရွက်ချက်များအား ဆွေးနွေးခဲ့ပြီး ကုန်စည်ဒိုင်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များ တင်ပြဆွေးနွေးသောဒေသလိုအပ်ချက်များ၊ ၎င်းတို့လုပ်ငန်းများနှင့် သက်ဆိုင်သော ဆွေးနွေးမှုများအပေါ် ပြန်လည်ဆွေးနွေးခဲ့ကြောင်း သိရပါသည်။