
=========================
အောင်လံ ဖေဖော်ဝါရီ ၂၂

မကွေးတိုင်းဒေသကြီး၊အောင်လံမြို့နယ်မှ ရွေးကောက်ခံကိုယ်စားလှယ်များဖြစ်ကြသည် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီ တွဲဖက်အထွေထွေအတွင်းရေးမှူး၊အောင်လံမြို့နယ်၊ပြည်သူ့လွှတ်တော်ရွေးကောက်ခံကိုယ်စားလှယ် ဦးတင်အောင်ချစ်၊ တိုင်းဒေသကြီးလွှတ်တော်(PR)ရွေးကောက်ခံကိုယ်စားလှယ်၊ မကွေးတိုင်းဒေသကြီး၊ စီးပွားရေးရာဝန်ကြီးဦးအောင်ချိန်၊ တိုင်းဒေသကြီးလွှတ်တော်(FPTP)ရွေးကောက်ခံကိုယ်စားလှယ်၊ အောင်လံခရိုင်ပါတီဥက္ကဋ္ဌဦးစန်းလွင်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်(FPTP) ရွေးကောက်ခံကိုယ်စားလှယ်၊ မကွေးခရိုင်အတွင်းရေးမှူး ဦးအောင်နိုင်တို့နှင့်အတူ ဖေဖော်ဝါရီလ (၂၂)နေ့တွင် မကွေးတိုင်းဒေသကြီး၊အောင်လံမြို့နယ်၊ အောင်မြေရွှေဝါခန်းမ၌ ကျင်းပပြုလုပ်သော ၂၀၂၅ ခုနှစ်ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ဝင်ရောက်အရွေးခံခဲ့သည့် ကိုယ်စားလှယ်များအောင်မြင်မှုရရှိစေရေးအတွက် စွမ်းစွမ်းတမံကြိုးစားဆောင်ရွက်ခဲ့သောရပ်ကွက်/ ကျေးရွာများအား ဂုဏ်ပြုချီးမြှင့်ပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။



၎င်းနောက် ရွေးကောက်ပွဲအနိုင်ရရှိစေရေး စွမ်းစွမ်းတမံကြိုးစားပေးခဲ့ကြသော ရပ်ကွက်/ ကျေးရွာများအား ဂုဏ်ပြုချီးမြှင့်ခဲ့ပြီး အခမ်းအနားတက်ရောက်လာသူများအား ဗလာမပါကံစမ်းမဲဖောက်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။


ရွေးကောက်ပွဲ အောင်မြင်မှုရရှိစေရေး စွမ်းစွမ်းတမံကြိုးစား ဆောင်ရွက်ခဲ့သော ရပ်ကွက်/ ကျေးရွာများအား ဂုဏ်ပြုချီးမြှင့်ပွဲအခမ်းအနားသို့ ပါတီတွဲဖက်အထွေထွေအတွင်းရေးမှူး ဦးတင်အောင်ချစ်တက်ရောက်
=========================
အောင်လံ ဖေဖော်ဝါရီ ၂၂

မကွေးတိုင်းဒေသကြီး၊အောင်လံမြို့နယ်မှ ရွေးကောက်ခံကိုယ်စားလှယ်များဖြစ်ကြသည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီ တွဲဖက်အထွေထွေအတွင်းရေးမှူး၊အောင်လံမြို့နယ်၊ပြည်သူ့လွှတ်တော်ရွေးကောက်ခံကိုယ်စားလှယ် ဦးတင်အောင်ချစ်၊ တိုင်းဒေသကြီးလွှတ်တော်(PR)ရွေးကောက်ခံကိုယ်စားလှယ်၊ မကွေးတိုင်းဒေသကြီး၊ စီးပွားရေးရာဝန်ကြီးဦးအောင်ချိန်၊ တိုင်းဒေသကြီးလွှတ်တော်(FPTP)ရွေးကောက်ခံကိုယ်စားလှယ်၊ အောင်လံခရိုင်ပါတီဥက္ကဋ္ဌဦးစန်းလွင်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်(FPTP) ရွေးကောက်ခံကိုယ်စားလှယ်၊ မကွေးခရိုင်အတွင်းရေးမှူး ဦးအောင်နိုင်တို့နှင့်အတူ ဖေဖော်ဝါရီလ (၂၂)နေ့တွင် မကွေးတိုင်းဒေသကြီး၊အောင်လံမြို့နယ်၊ အောင်မြေရွှေဝါခန်းမ၌ ကျင်းပပြုလုပ်သော ၂၀၂၅ ခုနှစ်ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ဝင်ရောက်အရွေးခံခဲ့သည့် ကိုယ်စားလှယ်များအောင်မြင်မှုရရှိစေရေးအတွက် စွမ်းစွမ်းတမံကြိုးစားဆောင်ရွက်ခဲ့သောရပ်ကွက်/ ကျေးရွာများအား ဂုဏ်ပြုချီးမြှင့်ပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။

အခမ်းအနားအားနိုင်ငံတော်အလံအလေးပြု၍ နိုင်ငံတော်သီချင်းသီဆိုကာဖွင့်လှစ်ခဲ့ပြီး ပြည်ခိုင်ဖြိုးပါတီတွဲဖက်အထွေထွေအတွင်းရေးမှူး၊ အောင်လံမြို့နယ်၊ ပြည်သူ့လွှတ်တော်ရွေးကောက်ခံကိုယ်စားလှယ်ဦးတင်အောင်ချစ်မှ ပါတီမှကိုယ်စားလှယ်များအနိုင်ရရှိစေရေးအတွက် စွမ်းစွမ်းတမံကြိုးစားပေးခဲ့သူများအား ကျေးဇူးတင်အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။

ဆက်လက်၍ အောင်လံမြို့နယ်ရွေးကောက်ခံကိုယ်စားလှယ်များ ကျေးဇူးတင်စကား အသီးသီးပြောကြားခဲ့ပါသည်။

၄င်းနောက် ရွေးကောက်ပွဲအနိုင်ရရှိစေရေး စွမ်းစွမ်းတမံကြိုးစားပေးခဲ့ကြသော ရပ်ကွက်/ ကျေးရွာများအား ဂုဏ်ပြုချီးမြှင့်ခဲ့ပြီး အခမ်းအနားတက်ရောက်လာသူများအား ဗလာမပါကံစမ်းမဲဖောက်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။