ဘင္ဖီကာကစားသမား ပရက္စတီယန္နီကို လူမ်ိဳးေရးခြဲျခားမႈစြဲခ်က္နဲ႔ ကနဦး တစ္ပြဲပိတ္ပင္

ဘင္ဖီကာကစားသမား ပရက္စတီယန္နီကို လူမ်ိဳးေရးခြဲျခားမႈစြဲခ်က္နဲ႔ ကနဦး တစ္ပြဲပိတ္ပင္
================================
ခ်န္ပီယံလိဂ္ knockout phase play-off အဆင့္ ပထမအေက်ာ့မွာ ရီးယဲလ္မက္ဒရစ္ကစားသမား ဗင္နီရွပ္စ္ကို လူမ်ိဳးေရးခြဲျခားမႈစြဲခ်က္နဲ႔ ဘင္ဖီကာကစားသမား ပရက္စတီယန္နီကို ကနဦး တစ္ပြဲ ပိတ္ပင္ခဲ့ပါတယ္။
ပရက္စတီယန္နီကေတာ့ လူမ်ိဳးေရးခြဲျခားမႈစြဲခ်က္ကို အေစာပိုင္းကတည္းက ျငင္းဆန္ခဲ့ပါတယ္။
ၿပီးခဲ့တဲ့အပတ္ အဂၤါေန႔က ကစားခဲ့တဲ့ ယင္းပထမအေက်ာ့ပြဲမွာ ဗင္နီရွပ္စ္က သူ႔ကို ပရက္စတီယန္နီကေန လူမ်ိဳးေရးခြဲျခားတယ္ဆိုၿပီး ဒိုင္လူႀကီးကို တိုင္ၾကားခဲ့တာျဖစ္တယ္။
အဲဒီျဖစ္စဥ္မွာ ဗင္နီရွပ္စ္နဲ႔ အသင္းေဖာ္ေတြ ကြင္းျပင္ထြက္သြားခဲ့လို ပြဲကိုလည္း ၁၀ မိနစ္ေလာက္ ရပ္နားခဲ့ပါတယ္။
ဥေရာပေဘာလုံးအဖြဲခ်ဳပ္(UEFA)က ယင္းျဖစ္စဥ္ကို စုံစမ္းစစ္ေဆးဖို လူပုဂၢိဳလ္တစ္ဦးကို တာဝန္ေပးၿပီးေနာက္ ပရက္စတီယန္နီကိုလည္းကနဦး တစ္ပြဲ ပယ္ခဲ့တာပါ။
ဒါေၾကာင့္ ပရက္စတီယန္နီဟာ ဗုဒၶဟူးေန႔မွာကစားမယ့္ ဒုတိယအေက်ာ့ပြဲကို လြဲေခ်ာ္ရေတာ့မွာျဖစ္ပါတယ္။ #Eleven
ဘင်ဖီကာကစားသမား ပရက်စတီယန်နီကို လူမျိုးရေးခွဲခြားမှုစွဲချက်နဲ့ ကနဦး တစ်ပွဲပိတ်ပင်
================================
ချန်ပီယံလိဂ် knockout phase play-off အဆင့် ပထမအကျော့မှာ ရီးယဲလ်မက်ဒရစ်ကစားသမား ဗင်နီရှပ်စ်ကို လူမျိုးရေးခွဲခြားမှုစွဲချက်နဲ့ ဘင်ဖီကာကစားသမား ပရက်စတီယန်နီကို ကနဦး တစ်ပွဲ ပိတ်ပင်ခဲ့ပါတယ်။
ပရက်စတီယန်နီကတော့ လူမျိုးရေးခွဲခြားမှုစွဲချက်ကို အစောပိုင်းကတည်းက ငြင်းဆန်ခဲ့ပါတယ်။
ပြီးခဲ့တဲ့အပတ် အင်္ဂါနေ့က ကစားခဲ့တဲ့ ယင်းပထမအကျော့ပွဲမှာ ဗင်နီရှပ်စ်က သူ့ကို ပရက်စတီယန်နီကနေ လူမျိုးရေးခွဲခြားတယ်ဆိုပြီး ဒိုင်လူကြီးကို တိုင်ကြားခဲ့တာဖြစ်တယ်။
အဲဒီဖြစ်စဉ်မှာ ဗင်နီရှပ်စ်နဲ့ အသင်းဖော်တွေ ကွင်းပြင်ထွက်သွားခဲ့လို ပွဲကိုလည်း ၁၀ မိနစ်လောက် ရပ်နားခဲ့ပါတယ်။
ဥရောပဘောလုံးအဖွဲချုပ်(UEFA)က ယင်းဖြစ်စဉ်ကို စုံစမ်းစစ်ဆေးဖို လူပုဂ္ဂိုလ်တစ်ဦးကို တာဝန်ပေးပြီးနောက် ပရက်စတီယန်နီကိုလည်းကနဦး တစ်ပွဲ ပယ်ခဲ့တာပါ။
ဒါကြောင့် ပရက်စတီယန်နီဟာ ဗုဒ္ဓဟူးနေ့မှာကစားမယ့် ဒုတိယအကျော့ပွဲကို လွဲချော်ရတော့မှာဖြစ်ပါတယ်။ #Eleven




