အစၥေရးေမြထိုင္းဖိုက္တာ ရွီယာကိုဟန္ကို အမွတ္နဲ႔ အႏိုင္သြားတဲ့ ဘေရာ္နီကာ

အစၥေရးေမြထိုင္းဖိုက္တာ ရွီယာကိုဟန္ကို အမွတ္နဲ႔ အႏိုင္သြားတဲ့ ဘေရာ္နီကာ
================================
ထိုင္းႏိုင္ငံ ဘန္ေကာက္ၿမိဳ႕တြင္ ယမန္ေန႔ညပိုင္းကျပဳလုပ္သည့္ ONE Friday Fights 143 ၿပိဳင္ပြဲ၏ ေခါင္တြဲဆိုင္း၌ သုံးခ်ီလုံးအႀကိတ္အနယ္ ယွဥ္ၿပိဳင္ခဲ့ၾကၿပီး ျမန္မာဖိုက္တာ ဘေရာ္နီကာက အစၥေရး ေမြထိုင္းဖိုက္တာ ရွီယာကိုဟန္ကို အမွတ္ျဖင့္အႏိုင္ရရွိသြားသည္။

ယေန႔ပြဲတြင္ ဘေရာ္နီကာသည္ ၿပိဳင္ဘက္ရွီယာကိုဟန္၏ တိုက္စစ္မ်ားကို အေကာင္းဆုံးကာကြယ္ႏိုင္ခဲ့သကဲ့သို႔ အခြင့္အေရးရတိုင္း အေကာင္းဆုံးျပန္လည္ထိုးသတ္ႏိုင္ခဲ့သည္။ လက္ရည္တူဖိုက္တာတစ္ဦးကို သုံးခ်ီလုံးအႀကိတ္အနယ္ယွဥ္ၿပိဳင္ၿပီး သူ၏တတိယေျမာက္ႏိုင္ပြဲအျဖစ္ မွတ္တမ္းတင္ႏိုင္ခဲ့ကာ ONE Championship တြင္ ရႈံးပြဲမရွိေသးသည့္ ရွီယာကိုဟန္၏မွတ္တမ္းကိုပါ ခ်ိဳးဖ်က္ႏိုင္ခဲ့ေၾကာင္း သိရသည္။


အစ္စရေးမွေထိုင်းဖိုက်တာ ရှီယာကိုဟန်ကို အမှတ်နဲ့ အနိုင်သွားတဲ့ ဘရော်နီကာ
================================
ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ယမန်နေ့ညပိုင်းကပြုလုပ်သည့် ONE Friday Fights 143 ပြိုင်ပွဲ၏ ခေါင်တွဲဆိုင်း၌ သုံးချီလုံးအကြိတ်အနယ် ယှဉ်ပြိုင်ခဲ့ကြပြီး မြန်မာဖိုက်တာ ဘရော်နီကာက အစ္စရေး မွေထိုင်းဖိုက်တာ ရှီယာကိုဟန်ကို အမှတ်ဖြင့်အနိုင်ရရှိသွားသည်။

ယနေ့ပွဲတွင် ဘရော်နီကာသည် ပြိုင်ဘက်ရှီယာကိုဟန်၏ တိုက်စစ်များကို အကောင်းဆုံးကာကွယ်နိုင်ခဲ့သကဲ့သို့ အခွင့်အရေးရတိုင်း အကောင်းဆုံးပြန်လည်ထိုးသတ်နိုင်ခဲ့သည်။ လက်ရည်တူဖိုက်တာတစ်ဦးကို သုံးချီလုံးအကြိတ်အနယ်ယှဉ်ပြိုင်ပြီး သူ၏တတိယမြောက်နိုင်ပွဲအဖြစ် မှတ်တမ်းတင်နိုင်ခဲ့ကာ ONE Championship တွင် ရှုံးပွဲမရှိသေးသည့် ရှီယာကိုဟန်၏မှတ်တမ်းကိုပါ ချိုးဖျက်နိုင်ခဲ့ကြောင်း သိရသည်။