ရီးယဲလ္မက္ဒရစ္အသင္းႏွင့္ ဘင္ဖီကာအသင္းတို႔ပြဲစဥ္မွ ျဖစ္ရပ္အတြက္ ဥေရာပေဘာလုံးအဖြဲ႕ခ်ဳပ္မွ စုံစမ္းစစ္ေဆးေန

ရီးယဲလ္မက္ဒရစ္အသင္းႏွင့္ ဘင္ဖီကာအသင္းတို႔ပြဲစဥ္မွ ျဖစ္ရပ္အတြက္ ဥေရာပေဘာလုံးအဖြဲ႕ခ်ဳပ္မွ စုံစမ္းစစ္ေဆးေန
================================
ခ်န္ပီယံလိဂ္ၿပိဳင္ပြဲ Play-off ပြဲစဥ္အျဖစ္ကစား သည့္ ရီးယဲလ္မက္ဒရစ္အသင္းႏွင့္ ဘင္ဖီကာအသင္းတို႔ပြဲစဥ္မွျဖစ္ရပ္အတြက္ ရီးယဲလ္မက္ဒရစ္အသင္း တိုက္စစ္ကစားသမား ဗင္နီစီးယက္အား ဘင္ဖီကာ အသင္းမွ ဖရန္ကို႔တီဇီယာက လူမ်ိဳးေရးခြဲျခားမႈ လုပ္ေဆာင္ျခင္းရွိ၊ မရွိႏွင့္ပတ္သက္ၿပီး ဥေရာပ ေဘာလုံးအဖြဲ႕ခ်ဳပ္မွ စုံစမ္းစစ္ေဆးေနေၾကာင္း သိရသည္။

ရီးယဲလ္မက္ဒရစ္အသင္းက ဘင္ဖီကာအသင္းကို ၁ ဂိုး- ဂိုးမရွိျဖင့္ အႏိုင္ရရွိသည့္ပြဲစဥ္၌ ပြဲခ်ိန္မိနစ္ ၅၀ တြင္ ဗင္နီစီးယက္က အသင္းအတြက္ သြင္းဂိုးသြင္းယူႏိုင္ၿပီးေနာက္ ၎အား ေအာ္ဟစ္ေလွာင္ေျပာင္ေနသည့္ ဘင္ဖီကာအသင္းပရိသတ္မ်ားရွိသည့္ ပြဲၾကည့္စင္ဘက္တြင္ အလြန္အကြၽံေအာင္ပြဲခံခဲ့သည့္အတြက္ ကြင္းလယ္ဒိုင္လူႀကီးက ဗင္နီစီးယက္အား အဝါကတ္ျပ သတိေပးမႈ ျပဳလုပ္ခဲ့သည္။

ဗင္နီစီးယက္ဂိုးသြင္းအၿပီး ၁၀ မိနစ္အၾကာ ပြဲခ်ိန္မိနစ္ ၆၀ တြင္ ဗင္နီစီးယက္ႏွင့္ ဘင္ဖီကာအသင္းမွ ပရပ္တီယန္တို႔ အခ်င္းမ်ားခဲ့ၿပီးေနာက္ ကစားသမား မ်ား ႐ုန္းရင္းဆန္ခတ္ျဖစ္ပြားခ်ိန္တြင္ ဘင္ဖီကာ အသင္းမွ ဖရန္ကို႔တီဇီယာက ပါးစပ္ကို ဂ်ာစီျဖင့္ အုပ္ၿပီး ဗင္နီစီးယက္အား လူမ်ိဳးေရးခြဲျခားသည့္စကားမ်ားေျပာဆိုခဲ့သည္ဟု ဗင္နီစီးယက္က ကြင္းလယ္ဒိုင္လူႀကီး လီတီဇီယာထံ တိုင္ၾကားမႈမ်ား လုပ္ေဆာင္ခဲ့ျခင္းျဖစ္သည္။

အဆိုပါျဖစ္ရပ္အတြက္ ဖရန္ကို႔တီဇီယာက ဗင္နီစီးယက္အား ေမ်ာက္ဟုအသုံးအႏႈန္းသုံးၿပီး ေလွာင္ ေျပာင္မႈျပဳလုပ္ခဲ့သည္ဟု ဗင္နီစီးယက္က ကြင္းလယ္ဒိုင္လူႀကီးထံ တိုင္ၾကားမႈမ်ားလုပ္ေဆာင္ခဲ့ျခင္း ျဖစ္သည္။

အဆိုပါျဖစ္ရပ္အတြက္ ဗင္နီစီးယက္က ပြဲကို ဆက္လက္ကစားလိုျခင္းမရွိ၍ ကြင္းျပင္ပသို႔ထြက္ခြာခဲ့ၿပီး ရီးယဲလ္မက္ဒရစ္ အသင္းကစားသမားမ်ားကလည္း ကြင္းျပင္ပသို႔ ထြက္ခြာခဲ့သည့္အတြက္ ပြဲစဥ္ကို ၁၀ မိနစ္ခန႔္ရပ္နားခဲ့ရသည္။

လက္ရွိတြင္ ဥေရာပေဘာလုံးအဖြဲ႕ခ်ဳပ္က အဆိုပါ ျဖစ္ရပ္ႏွင့္ပတ္သက္၍ စုံစမ္းစစ္ေဆးမႈမ်ားလုပ္ ေဆာင္ေနၿပီး ဥေရာပေဘာလုံး အဖြဲ႕ခ်ဳပ္က ျပစ္မႈထင္ရွားေၾကာင္း အတည္ျပဳပါက ဥေရာပေဘာလုံးအဖြဲ႕ခ်ဳပ္ေကာ္မရွင္က ၁၀ ပြဲပယ္ျပစ္ဒဏ္ ခ်မွတ္ဖြယ္ရွိေၾကာင္း သိရသည္။

Ref;Fabrizio Romano


ရီးယဲလ်မက်ဒရစ်အသင်းနှင့် ဘင်ဖီကာအသင်းတို့ပွဲစဉ်မှ ဖြစ်ရပ်အတွက် ဥရောပဘောလုံးအဖွဲ့ချုပ်မှ စုံစမ်းစစ်ဆေးနေ
================================
ချန်ပီယံလိဂ်ပြိုင်ပွဲ Play-off ပွဲစဉ်အဖြစ်ကစား သည့် ရီးယဲလ်မက်ဒရစ်အသင်းနှင့် ဘင်ဖီကာအသင်းတို့ပွဲစဉ်မှဖြစ်ရပ်အတွက် ရီးယဲလ်မက်ဒရစ်အသင်း တိုက်စစ်ကစားသမား ဗင်နီစီးယက်အား ဘင်ဖီကာ အသင်းမှ ဖရန်ကို့တီဇီယာက လူမျိုးရေးခွဲခြားမှု လုပ်ဆောင်ခြင်းရှိ၊ မရှိနှင့်ပတ်သက်ပြီး ဥရောပ ဘောလုံးအဖွဲ့ချုပ်မှ စုံစမ်းစစ်ဆေးနေကြောင်း သိရသည်။

ရီးယဲလ်မက်ဒရစ်အသင်းက ဘင်ဖီကာအသင်းကို ၁ ဂိုး- ဂိုးမရှိဖြင့် အနိုင်ရရှိသည့်ပွဲစဉ်၌ ပွဲချိန်မိနစ် ၅၀ တွင် ဗင်နီစီးယက်က အသင်းအတွက် သွင်းဂိုးသွင်းယူနိုင်ပြီးနောက် ၎င်းအား အော်ဟစ်လှောင်ပြောင်နေသည့် ဘင်ဖီကာအသင်းပရိသတ်များရှိသည့် ပွဲကြည့်စင်ဘက်တွင် အလွန်အကျွံအောင်ပွဲခံခဲ့သည့်အတွက် ကွင်းလယ်ဒိုင်လူကြီးက ဗင်နီစီးယက်အား အဝါကတ်ပြ သတိပေးမှု ပြုလုပ်ခဲ့သည်။

ဗင်နီစီးယက်ဂိုးသွင်းအပြီး ၁၀ မိနစ်အကြာ ပွဲချိန်မိနစ် ၆၀ တွင် ဗင်နီစီးယက်နှင့် ဘင်ဖီကာအသင်းမှ ပရပ်တီယန်တို့ အချင်းများခဲ့ပြီးနောက် ကစားသမား များ ရုန်းရင်းဆန်ခတ်ဖြစ်ပွားချိန်တွင် ဘင်ဖီကာ အသင်းမှ ဖရန်ကို့တီဇီယာက ပါးစပ်ကို ဂျာစီဖြင့် အုပ်ပြီး ဗင်နီစီးယက်အား လူမျိုးရေးခွဲခြားသည့်စကားများပြောဆိုခဲ့သည်ဟု ဗင်နီစီးယက်က ကွင်းလယ်ဒိုင်လူကြီး လီတီဇီယာထံ တိုင်ကြားမှုများ လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။

အဆိုပါဖြစ်ရပ်အတွက် ဖရန်ကို့တီဇီယာက ဗင်နီစီးယက်အား မျောက်ဟုအသုံးအနှုန်းသုံးပြီး လှောင် ပြောင်မှုပြုလုပ်ခဲ့သည်ဟု ဗင်နီစီးယက်က ကွင်းလယ်ဒိုင်လူကြီးထံ တိုင်ကြားမှုများလုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါဖြစ်ရပ်အတွက် ဗင်နီစီးယက်က ပွဲကို ဆက်လက်ကစားလိုခြင်းမရှိ၍ ကွင်းပြင်ပသို့ထွက်ခွာခဲ့ပြီး ရီးယဲလ်မက်ဒရစ် အသင်းကစားသမားများကလည်း ကွင်းပြင်ပသို့ ထွက်ခွာခဲ့သည့်အတွက် ပွဲစဉ်ကို ၁၀ မိနစ်ခန့်ရပ်နားခဲ့ရသည်။

လက်ရှိတွင် ဥရောပဘောလုံးအဖွဲ့ချုပ်က အဆိုပါ ဖြစ်ရပ်နှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးမှုများလုပ် ဆောင်နေပြီး ဥရောပဘောလုံး အဖွဲ့ချုပ်က ပြစ်မှုထင်ရှားကြောင်း အတည်ပြုပါက ဥရောပဘောလုံးအဖွဲ့ချုပ်ကော်မရှင်က ၁၀ ပွဲပယ်ပြစ်ဒဏ် ချမှတ်ဖွယ်ရှိကြောင်း သိရသည်။

Ref;Fabrizio Romano