ျပည္ခိုင္ၿဖိဳးပါတီ ဥကၠ႒ ဦးခင္ရီႏွင့္ ပါတီအႀကီးအကဲမ်ား လႊတ္ေတာ္ဆိုင္ရာေဆြးေႏြးပြဲသို႔တက္ေရာက္

ျပည္ခိုင္ၿဖိဳးပါတီ ဥကၠ႒ ဦးခင္ရီႏွင့္ ပါတီအႀကီးအကဲမ်ား လႊတ္ေတာ္ဆိုင္ရာေဆြးေႏြးပြဲသို႔တက္ေရာက္
=====================
ေဖေဖာ္ဝါရီ ၁၉၊ ေနျပည္ေတာ္

ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ႕ၿဖိဳးေရးပါတီမွ လႊတ္ေတာ္ဆိုင္ရာ ေဆြးေႏြးပြဲအခမ္းအနားအား ယေန႔ နံနက္ ၉ နာရီအခ်ိန္မွ ညေန ၄ နာရီအခ်ိန္ထိ ေနျပည္ေတာ္ ပါတီဌာနခ်ဳပ္၊ သင္တန္းေက်ာင္းရွိ ျပည္ေထာင္စုခန္းမတြင္ က်င္းပျပဳလုပ္ခဲ့ရာ ပါတီဥကၠ႒ ဦးခင္ရီ၊ ဒုတိယဥကၠ႒မ်ားျဖစ္ၾကသည့္ ဦးျမတ္ဟိန္း၊ ဦးလွထြန္း၊ ဦးမ်ိဳးေဇာ္သိမ္း၊ အေထြေထြအတြင္းေရးမႉး ဦးေသာင္းေအး၊ တြဲဖက္အေထြေထြအတြင္းေရးမႉး ဦးတင္ေအာင္ခ်စ္၊ ​ဗဟိုအတြင္းေရးမႉးမ်ား၊ ​ဗဟိုအလုပ္အမႈေဆာင္မ်ား၊ တိုင္းေဒသႀကီး/ျပည္နယ္မ်ားမွ ပါတီဥကၠ႒မ်ား၊ ​ဗဟိုေကာ္မတီဝင္မ်ား၊ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္မ်ားႏွင့္ တိုင္းေဒသႀကီး/ျပည္နယ္ လႊတ္ေတာ္ကိုယ္စားလွယ္မ်ား၊ တာဝန္ရွိသူမ်ား အင္အား (၈၀)ဦးေက်ာ္တက္ေရာက္ၾကပါသည္။

ေဆြးေႏြးပြဲအား ပါတီဥကၠ႒ ဦးခင္ရီမွ လမ္းၫႊန္အမွာစကားေျပာၾကား၍ ဖြင့္လွစ္ေပးၿပီး ပါတီအေထြေထြအတြင္းေရးမႉး ဦးေသာင္းေအးမွ “လႊတ္ေတာ္အေတြ႕အႀကဳံႏွင့္ အုပ္ခ်ဳပ္မႈဆိုင္ရာကိစၥရပ္မ်ား”၊ ​ဗဟိုအလုပ္အမႈေဆာင္ ဦးေမာင္ျမင့္မွ “လႊတ္ေတာ္အေတြ႕အႀကဳံႏွင့္ ေမးခြန္းေမးျမန္းျခင္းဆိုင္ရာ ကိစၥရပ္မ်ား”၊ ​ဗဟိုအလုပ္အမႈေဆာင္ ေဒါက္တာေမာင္သင္းမွ “လႊတ္ေတာ္အေတြ႕အႀကဳံႏွင့္ အဆိုတင္သြင္းျခင္းဆိုင္ရာကိစၥရပ္မ်ား”၊ ​ဗဟိုအလုပ္အမႈေဆာင္ ဦးလွသိန္းမွ “လႊတ္ေတာ္ဆိုင္ရာ  ဥပေဒ၊ နည္းဥပေဒမ်ား”၊ ​ဗဟိုေကာ္မတီဝင္ ဦးသိန္းထြန္းဦးမွ “ဥပေဒၾကမ္းပူးေပါင္းေကာ္မတီဆိုင္ရာ ကိစၥရပ္မ်ား”အား ရွင္းလင္းေဆြးေႏြးၾကပါသည္။

ထိုေနာက္ ေဆြးေႏြးပြဲသို တက္ေရာက္လာၾကေသာ   ​ဗဟိုအလုပ္အမႈေဆာင္မ်ား၊ တိုင္းေဒသႀကီး/ျပည္နယ္မ်ားမွ ပါတီဥကၠ႒မ်ား၊ ျပည္သူ႔လႊတ္ေတာ္၊ တိုင္းေဒသႀကီး/ျပည္နယ္ လႊတ္ေတာ္ကိုယ္စားလွယ္မ်ားက ပါဝင္ေဆြးေႏြးၾကၿပီး အေထြေထြအတြင္းေရးမႉး ဦးေသာင္းေအးက နိဂုံးခ်ဳပ္ေဆြးေႏြးေျပာၾကားခဲ့ၿပီး လႊတ္ေတာ္ဆိုင္ရာ ေဆြးေႏြးပြဲအခမ္းအနား ေအာင္ျမင္စြာၿပီးေျမာက္ခဲ့ပါသည္။


ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ ဦးခင်ရီနှင့် ပါတီအကြီးအကဲများ လွှတ်တော်ဆိုင်ရာဆွေးနွေးပွဲသို့တက်ရောက်
=====================
ဖေဖော်ဝါရီ ၁၉၊ နေပြည်တော်

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ လွှတ်တော်ဆိုင်ရာ ဆွေးနွေးပွဲအခမ်းအနားအား ယနေ့ နံနက် ၉ နာရီအချိန်မှ ညနေ ၄ နာရီအချိန်ထိ နေပြည်တော် ပါတီဌာနချုပ်၊ သင်တန်းကျောင်းရှိ ပြည်ထောင်စုခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ ပါတီဥက္ကဋ္ဌ ဦးခင်ရီ၊ ဒုတိယဥက္ကဋ္ဌများဖြစ်ကြသည့် ဦးမြတ်ဟိန်း၊ ဦးလှထွန်း၊ ဦးမျိုးဇော်သိမ်း၊ အထွေထွေအတွင်းရေးမှူး ဦးသောင်းအေး၊ တွဲဖက်အထွေထွေအတွင်းရေးမှူး ဦးတင်အောင်ချစ်၊ ​ဗဟိုအတွင်းရေးမှူးများ၊ ​ဗဟိုအလုပ်အမှုဆောင်များ၊ တိုင်းဒေသကြီး/ပြည်နယ်များမှ ပါတီဥက္ကဋ္ဌများ၊ ​ဗဟိုကော်မတီဝင်များ၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များနှင့် တိုင်းဒေသကြီး/ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်များ၊ တာဝန်ရှိသူများ အင်အား (၈၀)ဦးကျော်တက်ရောက်ကြပါသည်။

ဆွေးနွေးပွဲအား ပါတီဥက္ကဋ္ဌ ဦးခင်ရီမှ လမ်းညွှန်အမှာစကားပြောကြား၍ ဖွင့်လှစ်ပေးပြီး ပါတီအထွေထွေအတွင်းရေးမှူး ဦးသောင်းအေးမှ “လွှတ်တော်အတွေ့အကြုံနှင့် အုပ်ချုပ်မှုဆိုင်ရာကိစ္စရပ်များ”၊ ​ဗဟိုအလုပ်အမှုဆောင် ဦးမောင်မြင့်မှ “လွှတ်တော်အတွေ့အကြုံနှင့် မေးခွန်းမေးမြန်းခြင်းဆိုင်ရာ ကိစ္စရပ်များ”၊ ​ဗဟိုအလုပ်အမှုဆောင် ဒေါက်တာမောင်သင်းမှ “လွှတ်တော်အတွေ့အကြုံနှင့် အဆိုတင်သွင်းခြင်းဆိုင်ရာကိစ္စရပ်များ”၊ ​ဗဟိုအလုပ်အမှုဆောင် ဦးလှသိန်းမှ “လွှတ်တော်ဆိုင်ရာ  ဥပဒေ၊ နည်းဥပဒေများ”၊ ​ဗဟိုကော်မတီဝင် ဦးသိန်းထွန်းဦးမှ “ဥပဒေကြမ်းပူးပေါင်းကော်မတီဆိုင်ရာ ကိစ္စရပ်များ”အား ရှင်းလင်းဆွေးနွေးကြပါသည်။

ထိုနောက် ဆွေးနွေးပွဲသို တက်ရောက်လာကြသော   ​ဗဟိုအလုပ်အမှုဆောင်များ၊ တိုင်းဒေသကြီး/ပြည်နယ်များမှ ပါတီဥက္ကဋ္ဌများ၊ ပြည်သူ့လွှတ်တော်၊ တိုင်းဒေသကြီး/ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်များက ပါဝင်ဆွေးနွေးကြပြီး အထွေထွေအတွင်းရေးမှူး ဦးသောင်းအေးက နိဂုံးချုပ်ဆွေးနွေးပြောကြားခဲ့ပြီး လွှတ်တော်ဆိုင်ရာ ဆွေးနွေးပွဲအခမ်းအနား အောင်မြင်စွာပြီးမြောက်ခဲ့ပါသည်။