လယ္ယာသုံးစက္ကိရိယာမ်ားဝယ္ယူရန္ စိုက္ပ်ိဳးစရိတ္ႏွစ္ဆင့္ေခ်းေငြ က်ပ္သန္းေပါင္း ၂၃,၀ဝ၀ ေက်ာ္ ထုတ္ေခ်းေပး

လယ္ယာသုံးစက္ကိရိယာမ်ားဝယ္ယူရန္ စိုက္ပ်ိဳးစရိတ္ႏွစ္ဆင့္ေခ်းေငြ က်ပ္သန္းေပါင္း ၂၃,၀ဝ၀ ေက်ာ္ ထုတ္ေခ်းေပး
===================
ေဖေဖာ္ဝါရီ ၁၉
မႏၲေလးတိုင္းေဒသႀကီးအတြင္း ၂၀၁၇-၂၀၁၈ ဘ႑ာႏွစ္မွ လက္ရွိအခ်ိန္အထိ စိုက္ပ်ိဳးစရိတ္ႏွစ္ဆင့္ ေခ်းေငြျဖင့္ ေတာင္သူမ်ားအား လယ္ယာသုံးစက္ကိရိယာမ်ား ဝယ္ယူႏိုင္ေရးအတြက္ ေငြက်ပ္သန္းေပါင္း၂၃,၀၀၀ ေက်ာ္ကို ထုတ္ေခ်းေပးထားေၾကာင္း သိရပါတယ္။
တိုင္းေဒသႀကီးအတြင္း လက္မႈလယ္ယာမွ စက္မႈလယ္ယာစနစ္သို႔ အသြင္ကူးေျပာင္းလာႏိုင္ေစရန္၊ လုပ္ငန္းခြင္၌ လ်င္ျမန္ေခ်ာေမြ႕ၿပီး လုပ္ငန္းမ်ားတြင္က်ယ္စြာ လုပ္ကိုင္လာႏိုင္ေစရန္ႏွင့္ လယ္ယာလုပ္သား ရွားပါးလာမႈ အခက္အခဲကိုေျဖရွင္းႏိုင္ေစရန္ ယခုလို စိုက္ပ်ိဳးစရိတ္ ႏွစ္ဆင့္ေခ်းေငြမ်ားအား ထုတ္ေခ်းေဆာင္႐ြက္ ေပးျခင္းျဖစ္ပါတယ္။
ထိုကဲ့သို႔ ထုတ္ေခ်းေပးရာတြင္ လယ္ထြန္စက္ႀကီး၊ ရိတ္သိမ္းေႁခြေလွ႔စက္ႏွင့္ အျခားလယ္ယာသုံး စက္ကိရိယာမ်ားကို ေတာင္သူမ်ားလိုအပ္ေသာ စက္အမ်ိဳးအစားအလိုက္ ဝယ္ယူအသုံးျပဳႏိုင္ေစရန္ လယ္ယာသုံး စက္ကိရိယာမ်ား ေရာင္းခ်ေသာကုမၸဏီမ်ားႏွင့္ခ်ိတ္ဆက္ကာ တိုင္းေဒသႀကီးအတြင္းရွိ ခ႐ိုင္၊ ၿမိဳ႕နယ္ဘဏ္ခြဲမ်ားမွ တစ္ဆင့္ ထုတ္ေခ်းေပးျခင္းျဖစ္ပါတယ္။
အဆိုပါ စိုက္ပ်ိဳးစရိတ္ႏွစ္ဆင့္ေခ်းေငြျဖင့္ လယ္ယာသုံးစက္ကိရိယာ ဝယ္ယူလိုေသာ ေတာင္သူမ်ားအေနနဲ႔ သတ္မွတ္စည္းကမ္းခ်က္မ်ားႏွင့္ ကိုက္ညီပါက လိုအပ္ေသာ စာ႐ြက္စာတမ္း၊ ေထာက္ခံခ်က္မ်ားႏွင့္တကြ ျမန္မာ့ လယ္ယာဖြံ႕ၿဖိဳးေရးဘဏ္၊ သက္ဆိုင္ရာ ခ႐ိုင္ဘဏ္ခြဲႏွင့္ ၿမိဳ႕နယ္ဘဏ္ခြဲမ်ားသို႔ သြားေရာက္ေလွ်ာက္ထားႏိုင္ေၾကာင္း သိရပါတယ္။
လယ်ယာသုံးစက်ကိရိယာများဝယ်ယူရန် စိုက်ပျိုးစရိတ်နှစ်ဆင့်ချေးငွေ ကျပ်သန်းပေါင်း ၂၃,၀ဝ၀ ကျော် ထုတ်ချေးပေး
===================
ဖေဖော်ဝါရီ ၁၉
မန္တလေးတိုင်းဒေသကြီးအတွင်း ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်မှ လက်ရှိအချိန်အထိ စိုက်ပျိုးစရိတ်နှစ်ဆင့် ချေးငွေဖြင့် တောင်သူများအား လယ်ယာသုံးစက်ကိရိယာများ ဝယ်ယူနိုင်ရေးအတွက် ငွေကျပ်သန်းပေါင်း၂၃,၀၀၀ ကျော်ကို ထုတ်ချေးပေးထားကြောင်း သိရပါတယ်။
တိုင်းဒေသကြီးအတွင်း လက်မှုလယ်ယာမှ စက်မှုလယ်ယာစနစ်သို့ အသွင်ကူးပြောင်းလာနိုင်စေရန်၊ လုပ်ငန်းခွင်၌ လျင်မြန်ချောမွေ့ပြီး လုပ်ငန်းများတွင်ကျယ်စွာ လုပ်ကိုင်လာနိုင်စေရန်နှင့် လယ်ယာလုပ်သား ရှားပါးလာမှု အခက်အခဲကိုဖြေရှင်းနိုင်စေရန် ယခုလို စိုက်ပျိုးစရိတ် နှစ်ဆင့်ချေးငွေများအား ထုတ်ချေးဆောင်ရွက် ပေးခြင်းဖြစ်ပါတယ်။
ထိုကဲ့သို့ ထုတ်ချေးပေးရာတွင် လယ်ထွန်စက်ကြီး၊ ရိတ်သိမ်းခြွေလှေ့စက်နှင့် အခြားလယ်ယာသုံး စက်ကိရိယာများကို တောင်သူများလိုအပ်သော စက်အမျိုးအစားအလိုက် ဝယ်ယူအသုံးပြုနိုင်စေရန် လယ်ယာသုံး စက်ကိရိယာများ ရောင်းချသောကုမ္ပဏီများနှင့်ချိတ်ဆက်ကာ တိုင်းဒေသကြီးအတွင်းရှိ ခရိုင်၊ မြို့နယ်ဘဏ်ခွဲများမှ တစ်ဆင့် ထုတ်ချေးပေးခြင်းဖြစ်ပါတယ်။
အဆိုပါ စိုက်ပျိုးစရိတ်နှစ်ဆင့်ချေးငွေဖြင့် လယ်ယာသုံးစက်ကိရိယာ ဝယ်ယူလိုသော တောင်သူများအနေနဲ့ သတ်မှတ်စည်းကမ်းချက်များနှင့် ကိုက်ညီပါက လိုအပ်သော စာရွက်စာတမ်း၊ ထောက်ခံချက်များနှင့်တကွ မြန်မာ့ လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ သက်ဆိုင်ရာ ခရိုင်ဘဏ်ခွဲနှင့် မြို့နယ်ဘဏ်ခွဲများသို့ သွားရောက်လျှောက်ထားနိုင်ကြောင်း သိရပါတယ်။




