အေမရိကန္က န်ဴကလီးယားစမ္းသပ္မႈမ်ားကို ျပန္လည္လုပ္ေဆာင္မည္

=====================
အေမရိကန္ႏိုင္ငံသည္ န်ဴကလီးယားစမ္းသပ္မႈမ်ားကို ျပန္လည္လုပ္ေဆာင္သြားမည္ျဖစ္ေၾကာင္း၊ သို႔ေသာ္ေလထုအတြင္း အႀကီးအက်ယ္ေပါက္ကြဲေစမည့္ စမ္းသပ္မႈမ်ိဳးကိုမူ လုပ္ေဆာင္မည္မဟုတ္ေၾကာင္း လက္ေထာက္ႏိုင္ငံျခားေရးဝန္ႀကီး ခရစၥတိုဖာ႐ိုးကေျပာသည္။
အနာဂတ္မဟာဗ်ဴဟာေျမာက္ တည္ၿငိမ္ေရးေဆြးေႏြးပြဲမ်ားတြင္ န်ဴကလီးယားစမ္းသပ္မႈဆိုင္ရာကိစၥရပ္မ်ားႏွင့္ စစ္ေဆးအတည္ျပဳျခင္း ယႏၲရားမ်ားကို ထည့္သြင္းေဆြးေႏြးသြားႏိုင္ေၾကာင္း ၎ကေျပာထားသည္။
ယင္းအျပင္ New START စာခ်ဳပ္ သက္တမ္းကုန္ဆုံးျခင္းက မဟာဗ်ဴဟာေျမာက္ တည္ၿငိမ္မႈအတြက္ ေနာက္ထပ္အဆင့္တစ္ခုျဖစ္ၿပီး ကမာၻ႔န်ဴကလီးယားလက္နက္တိုက္မ်ားကိုေလွ်ာ့ခ်ရန္ ထရမ့္၏ ရည္မွန္းခ်က္ကို အေထာက္အကူျပဳႏိုင္ေၾကာင္း ၎ကဆိုသည္။
သို႔ေသာ္ အဆိုပါ စာခ်ဳပ္သက္တမ္းကုန္ဆုံးၿပီးေနာက္ ႐ုရွားႏွင့္ လက္နက္ထိန္းခ်ဳပ္ေရးဆိုင္ရာ သေဘာတူညီခ်က္အသစ္မ်ားအတြက္ သတင္းအခ်က္အလက္ မရွိေသးေၾကာင္း ႏိုင္ငံျခားေရးဝန္ႀကီးဌာန၏ ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။ ထို႔ျပင္ အေမရိကန္က မဟာမိတ္မ်ားကို အကာအကြယ္ေပးထားျခင္းသည္ န်ဴကလီးယားျပန႔္ပြားမႈ တားဆီးေရးအတြက္ အေရးႀကီးေၾကာင္း ထရမ့္က ေျပာထားသည္ဟု သိရသည္။ #MWD _Ref: Sputnik
အမေရိကန်က နျူကလီးယားစမ်းသပ်မှုများကို ပြန်လည်လုပ်ဆောင်မည်
=====================
အမေရိကန်နိုင်ငံသည် နျူကလီးယားစမ်းသပ်မှုများကို ပြန်လည်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း၊ သို့သော်လေထုအတွင်း အကြီးအကျယ်ပေါက်ကွဲစေမည့် စမ်းသပ်မှုမျိုးကိုမူ လုပ်ဆောင်မည်မဟုတ်ကြောင်း လက်ထောက်နိုင်ငံခြားရေးဝန်ကြီး ခရစ္စတိုဖာရိုးကပြောသည်။
အနာဂတ်မဟာဗျူဟာမြောက် တည်ငြိမ်ရေးဆွေးနွေးပွဲများတွင် နျူကလီးယားစမ်းသပ်မှုဆိုင်ရာကိစ္စရပ်များနှင့် စစ်ဆေးအတည်ပြုခြင်း ယန္တရားများကို ထည့်သွင်းဆွေးနွေးသွားနိုင်ကြောင်း ၎င်းကပြောထားသည်။
ယင်းအပြင် New START စာချုပ် သက်တမ်းကုန်ဆုံးခြင်းက မဟာဗျူဟာမြောက် တည်ငြိမ်မှုအတွက် နောက်ထပ်အဆင့်တစ်ခုဖြစ်ပြီး ကမ္ဘာ့နျူကလီးယားလက်နက်တိုက်များကိုလျှော့ချရန် ထရမ့်၏ ရည်မှန်းချက်ကို အထောက်အကူပြုနိုင်ကြောင်း ၎င်းကဆိုသည်။
သို့သော် အဆိုပါ စာချုပ်သက်တမ်းကုန်ဆုံးပြီးနောက် ရုရှားနှင့် လက်နက်ထိန်းချုပ်ရေးဆိုင်ရာ သဘောတူညီချက်အသစ်များအတွက် သတင်းအချက်အလက် မရှိသေးကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ထို့ပြင် အမေရိကန်က မဟာမိတ်များကို အကာအကွယ်ပေးထားခြင်းသည် နျူကလီးယားပြန့်ပွားမှု တားဆီးရေးအတွက် အရေးကြီးကြောင်း ထရမ့်က ပြောထားသည်ဟု သိရသည်။ #MWD _Ref: Sputnik



