မက္ဆီေရာက္ရွိလာၿပီးေနာက္ အသင္းဝင္ေငြအဆမတန္ျမင့္တက္လာတဲ့ အင္တာမိုင္ယာမီအသင္း

မက္ဆီေရာက္ရွိလာၿပီးေနာက္ အသင္းဝင္ေငြအဆမတန္ျမင့္တက္လာတဲ့ အင္တာမိုင္ယာမီအသင္း
=================================
ေဖေဖာ္ဝါရီ ၁၉
နာမည္ႀကီးစီးပြားေရးမဂၢဇင္းျဖစ္သည့္ Forbes ၏စစ္တမ္းေကာက္ယူေဖာ္ျပခ်က္အရ အင္တာမိုင္ယာမီ အသင္းသို႔ မက္ဆီေရာက္ရွိလာၿပီးေနာက္ အင္တာ မိုင္ယာမီအသင္း၏ဝင္ေငြမွာ အဆမတန္ျမင့္တက္လာေၾကာင္း သိရသည္။
Forbes ၏စစ္တမ္းေကာက္ယူေဖာ္ျပခ်က္အရ အင္တာမိုင္ယာမီအသင္း၏ တစ္ႏွစ္ဝင္ေငြမွာ အေမရိကန္ေဒၚလာ ၅၆ သန္းသာရွိေသာ္လည္း မက္ဆီေရာက္ရွိလာၿပီးေနာက္ တစ္ႏွစ္ဝင္ေငြမွာ အေမရိကန္ေဒၚလာ သန္း ၂၀၀ အထိ ေရာက္ရွိလာခဲ့ျခင္းျဖစ္သည္။
အင္တာမိုင္ယာမီအသင္းသည္ အသင္းကို ၂၀၁၈ခုႏွစ္က စတင္တည္ေထာင္ခဲ့ၿပီး အသင္းကို တည္ေထာင္ခဲ့သည္မွာ ႏွစ္အနည္းငယ္သာ ရွိေသးေသာ္လည္း ၂၀၂၃ ခုႏွစ္က မက္ဆီကိုေခၚယူၿပီးေနာက္ အသင္းပုံရိပ္မ်ားျမင့္တက္လာၿပီး ေမဂ်ာလိဂ္ၿပိဳင္ပြဲတြင္ ထိပ္တန္းကလပ္အသင္းတစ္သင္းအျဖစ္ပင္ ရပ္တည္လာႏိုင္ကာ ၿပီးခဲ့သည့္ေဘာလုံးရာသီကလည္း ေမဂ်ာလိဂ္ကြန္ဖရန႔္လိဂ္ဖလားကို ပထမဆုံးအႀကိမ္ဆြတ္ခူးႏိုင္ခဲ့သည္။
အင္တာမိုင္ယာမီအသင္းသို႔ တိုက္စစ္ကစားသမားမက္ဆီေရာက္ရွိလာၿပီးေနာက္ မက္ဆီနာမည္ပါသည့္ အင္တာမိုင္ယာမီ အသင္းဂ်ာစီမ်ားလည္း ေရာင္းအားမ်ားျမင့္တက္လာၿပီးေနာက္ အသင္းဝင္ေငြမ်ားစြာျမင့္တက္လာသကဲ့သို႔ အသင္းအိမ္ကြင္း ပြဲစဥ္မ်ားတြင္လည္း ပရိသတ္အမ်ားအျပား ဝင္ေရာက္ၾကည့္ရႈလာကာ အသင္းဝင္ေငြမ်ား ႏွစ္စဥ္ျမင့္တက္လာခဲ့ျခင္း ျဖစ္ေၾကာင္း သိရသည္။
Ref;Forbes
မက်ဆီရောက်ရှိလာပြီးနောက် အသင်းဝင်ငွေအဆမတန်မြင့်တက်လာတဲ့ အင်တာမိုင်ယာမီအသင်း
=================================
ဖေဖော်ဝါရီ ၁၉
နာမည်ကြီးစီးပွားရေးမဂ္ဂဇင်းဖြစ်သည့် Forbes ၏စစ်တမ်းကောက်ယူဖော်ပြချက်အရ အင်တာမိုင်ယာမီ အသင်းသို့ မက်ဆီရောက်ရှိလာပြီးနောက် အင်တာ မိုင်ယာမီအသင်း၏ဝင်ငွေမှာ အဆမတန်မြင့်တက်လာကြောင်း သိရသည်။
Forbes ၏စစ်တမ်းကောက်ယူဖော်ပြချက်အရ အင်တာမိုင်ယာမီအသင်း၏ တစ်နှစ်ဝင်ငွေမှာ အမေရိကန်ဒေါ်လာ ၅၆ သန်းသာရှိသော်လည်း မက်ဆီရောက်ရှိလာပြီးနောက် တစ်နှစ်ဝင်ငွေမှာ အမေရိကန်ဒေါ်လာ သန်း ၂၀၀ အထိ ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။
အင်တာမိုင်ယာမီအသင်းသည် အသင်းကို ၂၀၁၈ခုနှစ်က စတင်တည်ထောင်ခဲ့ပြီး အသင်းကို တည်ထောင်ခဲ့သည်မှာ နှစ်အနည်းငယ်သာ ရှိသေးသော်လည်း ၂၀၂၃ ခုနှစ်က မက်ဆီကိုခေါ်ယူပြီးနောက် အသင်းပုံရိပ်များမြင့်တက်လာပြီး မေဂျာလိဂ်ပြိုင်ပွဲတွင် ထိပ်တန်းကလပ်အသင်းတစ်သင်းအဖြစ်ပင် ရပ်တည်လာနိုင်ကာ ပြီးခဲ့သည့်ဘောလုံးရာသီကလည်း မေဂျာလိဂ်ကွန်ဖရန့်လိဂ်ဖလားကို ပထမဆုံးအကြိမ်ဆွတ်ခူးနိုင်ခဲ့သည်။
အင်တာမိုင်ယာမီအသင်းသို့ တိုက်စစ်ကစားသမားမက်ဆီရောက်ရှိလာပြီးနောက် မက်ဆီနာမည်ပါသည့် အင်တာမိုင်ယာမီ အသင်းဂျာစီများလည်း ရောင်းအားများမြင့်တက်လာပြီးနောက် အသင်းဝင်ငွေများစွာမြင့်တက်လာသကဲ့သို့ အသင်းအိမ်ကွင်း ပွဲစဉ်များတွင်လည်း ပရိသတ်အများအပြား ဝင်ရောက်ကြည့်ရှုလာကာ အသင်းဝင်ငွေများ နှစ်စဉ်မြင့်တက်လာခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
Ref;Forbes




