ONE Friday Fights 143 ၿပိဳင္ပြဲတြင္ ပရိသတ္အထူးစိတ္ဝင္စားသည့္ ဘေရာ္နီကာႏွင့္ရွီယာကိုဟန္တို႔ ေခါင္တြဲဆိုင္းထိုးသတ္မည္

ONE Friday Fights 143 ၿပိဳင္ပြဲတြင္ ပရိသတ္အထူးစိတ္ဝင္စားသည့္ ဘေရာ္နီကာႏွင့္ရွီယာကိုဟန္တို႔ ေခါင္တြဲဆိုင္းထိုးသတ္မည္
=======================
ေဖေဖာ္ဝါရီ ၁၈
ထိုင္းႏိုင္ငံ ဘန္ေကာက္ၿမိဳ႕၌ ၂၀၂၆ ခုႏွစ္ ေဖေဖာ္ဝါရီလ ၂၀ ရက္ ညပိုင္းတြင္ က်င္းပမည့္ ONE Friday Fights 143 ၿပိဳင္ပြဲတြင္ ျမန္မာဖိုက္တာ ဘေရာ္နီကာႏွင့္ အစၥေရးေမြထိုင္းဖိုက္တာ ရွီယာကိုဟန္တို႔ ေခါင္တြဲဆိုင္း၌ ထိုးသတ္ၾကမည္ျဖစ္သည္။ သူတို႔ႏွစ္ဦးသည္ မာဂုဏ္ျမင့္ဖိုက္တာႏွစ္ဦးျဖစ္ၾကၿပီး ယင္းပြဲတြင္အႏိုင္ရရွိသူက ခ်န္ပီယံခါးပတ္စိန္ေခၚခြင့္ရရွိမည္ျဖစ္၍လည္း ပြဲကပို၍လႈပ္ခတ္မႈရွိလာခဲ့ျခင္းျဖစ္သည္။

ဘေရာ္နီကာ၏ၿပိဳင္ဘက္ျဖစ္သူ ရွီယာကိုဟန္သည္ ONE တြင္သုံးပြဲထိုးထားၿပီး သုံးပြဲဆက္တိုက္ အႏိုင္ရထားသူျဖစ္သည္။ ယင္းသုံးပြဲတြင္ တစ္ပြဲကအလဲထိုးအႏိုင္ရရွိၿပီး ႏွစ္ပြဲကေတာ့အမွတ္နဲ႔အႏိုင္ရရွိ ခဲ့ျခင္းျဖစ္သည္။ ရွီယာကိုဟန္သည္ ျမန္မာ့႐ိုးရာလက္ေဝွ႔ဖိုက္တာ ေက်ာ္စြာဝင္း သြားေရာက္ေလ့က်င့္ေနသည့္ ထိုင္းႏိုင္ငံ Fairtex Training Center ၌ ေနထိုင္ေလ့က်င့္ေနသူျဖစ္ၿပီး ျမန္မာႏိုင္ငံသားမ်ားႏွင့္ျမန္မာ့႐ိုးရာလက္ေဝွ႔ကို ေလးစားတန္ဖိုးထားသူမို႔ ျမန္မာပရိသတ္ႏွင့္မစိမ္းသူလည္းျဖစ္သည္။


ONE Friday Fights 143 ပြိုင်ပွဲတွင် ပရိသတ်အထူးစိတ်ဝင်စားသည့် ဘရော်နီကာနှင့်ရှီယာကိုဟန်တို့ ခေါင်တွဲဆိုင်းထိုးသတ်မည်
=======================
ဖေဖော်ဝါရီ ၁၈
ထိုင်းနိုင်ငံ ဘန်ကောက်မြို့၌ ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလ ၂၀ ရက် ညပိုင်းတွင် ကျင်းပမည့် ONE Friday Fights 143 ပြိုင်ပွဲတွင် မြန်မာဖိုက်တာ ဘရော်နီကာနှင့် အစ္စရေးမွေထိုင်းဖိုက်တာ ရှီယာကိုဟန်တို့ ခေါင်တွဲဆိုင်း၌ ထိုးသတ်ကြမည်ဖြစ်သည်။ သူတို့နှစ်ဦးသည် မာဂုဏ်မြင့်ဖိုက်တာနှစ်ဦးဖြစ်ကြပြီး ယင်းပွဲတွင်အနိုင်ရရှိသူက ချန်ပီယံခါးပတ်စိန်ခေါ်ခွင့်ရရှိမည်ဖြစ်၍လည်း ပွဲကပို၍လှုပ်ခတ်မှုရှိလာခဲ့ခြင်းဖြစ်သည်။

ဘရော်နီကာ၏ပြိုင်ဘက်ဖြစ်သူ ရှီယာကိုဟန်သည် ONE တွင်သုံးပွဲထိုးထားပြီး သုံးပွဲဆက်တိုက် အနိုင်ရထားသူဖြစ်သည်။ ယင်းသုံးပွဲတွင် တစ်ပွဲကအလဲထိုးအနိုင်ရရှိပြီး နှစ်ပွဲကတော့အမှတ်နဲ့အနိုင်ရရှိ ခဲ့ခြင်းဖြစ်သည်။ ရှီယာကိုဟန်သည် မြန်မာ့ရိုးရာလက်ဝှေ့ဖိုက်တာ ကျော်စွာဝင်း သွားရောက်လေ့ကျင့်နေသည့် ထိုင်းနိုင်ငံ Fairtex Training Center ၌ နေထိုင်လေ့ကျင့်နေသူဖြစ်ပြီး မြန်မာနိုင်ငံသားများနှင့်မြန်မာ့ရိုးရာလက်ဝှေ့ကို လေးစားတန်ဖိုးထားသူမို့ မြန်မာပရိသတ်နှင့်မစိမ်းသူလည်းဖြစ်သည်။