ျပည္ပစစ္ဆင္ေရးမ်ား၌က်ဆုံးခဲ့ေသာ စစ္သည္မ်ား၏ မိသားစုမ်ားအတြက္ အိမ္ရာသစ္ ကင္ဂ်ဳံအန္ တက္ေရာက္ဖြင့္လွစ္

ျပည္ပစစ္ဆင္ေရးမ်ား၌က်ဆုံးခဲ့ေသာ စစ္သည္မ်ား၏ မိသားစုမ်ားအတြက္ အိမ္ရာသစ္ ကင္ဂ်ဳံအန္ တက္ေရာက္ဖြင့္လွစ္
=======================
ေဖေဖာ္ဝါရီ ၁၇

ပင္လယ္ရပ္ျခားစစ္ဆင္ေရးမ်ား၌ က်ဆုံးခဲ့သည့္စစ္သည္မ်ား၏ မိသားစုမ်ားအတြက္ အိမ္ရာသစ္ တည္ေဆာက္မႈလုပ္ငန္း ၿပီးဆုံးျခင္းအခမ္းအနားသို႔ ေျမာက္ကိုရီးယားေခါင္းေဆာင္ ကင္ဂ်ဳံအန္ ကိုယ္တိုင္ တက္ေရာက္ခဲ့ေၾကာင္း ႏိုင္ငံပိုင္ေကစီအင္န္ေအသတင္းဌာနက သတင္းထုတ္ျပန္ထားသည္ဟု RT သတင္းဌာနက ေဖာ္ျပထားသည္။

အဆိုပါ အိမ္ရာသစ္တည္ေဆာက္မႈလုပ္ငန္း ၿပီးဆုံးျခင္းအခမ္းအနားကို ၿပဳံယမ္းၿမိဳ႕၌ က်င္းပခဲ့ျခင္းျဖစ္သည္။

၎အိမ္ရာသစ္သည္ ပင္လယ္ရပ္ျခားစစ္ဆင္ေရးမ်ား၌ က်ဆုံးခဲ့ေသာတပ္ဖြဲ႕ဝင္မ်ား၏ ေပးဆပ္မႈမ်ားကို ကိုယ္စားျပဳ ေၾကာင္း ေျမာက္ကိုရီးယားေခါင္းေဆာင္ ကင္ဂ်ဳံအန္ က အခမ္းအနားမိန႔္ခြန္း၌ ထုတ္ေဖာ္ေျပာၾကားခဲ့သည္။

ပင္လယ္ရပ္ျခားစစ္ဆင္ေရးမ်ား၌ က်ဆုံးခဲ့ေသာ စစ္သည္မ်ား၏ မိသားစုဝင္မ်ားအတြက္ အိမ္ရာသစ္ဖြင့္ပြဲ အခမ္းအနားသို႔ ေျမာက္ကိုရီးယားေခါင္းေဆာင္ႏွင့္အတူ ၎၏သမီး ဂ်ဴေအး လည္း တက္ေရာက္ခဲ့ေၾကာင္း သိရသည္။

႐ုရွားႏိုင္ငံႏွင့္ ရယူထားသည့္ အျပန္အလွန္ကာကြယ္ေရး သေဘာတူညီခ်က္အရ ေျမာက္ကိုရီးယားႏိုင္ငံသည္ ယူကရိန္းစစ္ေျမျပင္၌ ႐ုရွားတပ္မ်ားႏွင့္အတူ ပူးေပါင္းတိုက္ခိုက္ေရးအတြက္ ၂၀၂၄ ခုႏွစ္အတြင္း တပ္ဖြဲ႕ဝင္ ၁၄,၀၀၀ ထိ ႐ု႐ုားသို႔ေစလႊတ္ခဲ့သည္။ ယူကရိန္းႏွင့္ အေနာက္အုပ္စုႏိုင္ငံမ်ား၏အဆိုအရ ယူကရိန္းစစ္ေျမျပင္၌ ေျမာက္ကိုရီးယားတပ္ဖြဲ႕ဝင္ ၆,၀၀၀ ေက်ာ္ေသဆုံးခဲ့ေၾကာင္း သိရသည္။


ပြည်ပစစ်ဆင်ရေးများ၌ကျဆုံးခဲ့သော စစ်သည်များ၏ မိသားစုများအတွက် အိမ်ရာသစ် ကင်ဂျုံအန် တက်ရောက်ဖွင့်လှစ်
=======================
ဖေဖော်ဝါရီ ၁၇

ပင်လယ်ရပ်ခြားစစ်ဆင်ရေးများ၌ ကျဆုံးခဲ့သည့်စစ်သည်များ၏ မိသားစုများအတွက် အိမ်ရာသစ် တည်ဆောက်မှုလုပ်ငန်း ပြီးဆုံးခြင်းအခမ်းအနားသို့ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန် ကိုယ်တိုင် တက်ရောက်ခဲ့ကြောင်း နိုင်ငံပိုင်ကေစီအင်န်အေသတင်းဌာနက သတင်းထုတ်ပြန်ထားသည်ဟု RT သတင်းဌာနက ဖော်ပြထားသည်။

အဆိုပါ အိမ်ရာသစ်တည်ဆောက်မှုလုပ်ငန်း ပြီးဆုံးခြင်းအခမ်းအနားကို ပြုံယမ်းမြို့၌ ကျင်းပခဲ့ခြင်းဖြစ်သည်။

၎င်းအိမ်ရာသစ်သည် ပင်လယ်ရပ်ခြားစစ်ဆင်ရေးများ၌ ကျဆုံးခဲ့သောတပ်ဖွဲ့ဝင်များ၏ ပေးဆပ်မှုများကို ကိုယ်စားပြု ကြောင်း မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန် က အခမ်းအနားမိန့်ခွန်း၌ ထုတ်ဖော်ပြောကြားခဲ့သည်။

ပင်လယ်ရပ်ခြားစစ်ဆင်ရေးများ၌ ကျဆုံးခဲ့သော စစ်သည်များ၏ မိသားစုဝင်များအတွက် အိမ်ရာသစ်ဖွင့်ပွဲ အခမ်းအနားသို့ မြောက်ကိုရီးယားခေါင်းဆောင်နှင့်အတူ ၎င်း၏သမီး ဂျူအေး လည်း တက်ရောက်ခဲ့ကြောင်း သိရသည်။

ရုရှားနိုင်ငံနှင့် ရယူထားသည့် အပြန်အလှန်ကာကွယ်ရေး သဘောတူညီချက်အရ မြောက်ကိုရီးယားနိုင်ငံသည် ယူကရိန်းစစ်မြေပြင်၌ ရုရှားတပ်များနှင့်အတူ ပူးပေါင်းတိုက်ခိုက်ရေးအတွက် ၂၀၂၄ ခုနှစ်အတွင်း တပ်ဖွဲ့ဝင် ၁၄,၀၀၀ ထိ ရုရုားသို့စေလွှတ်ခဲ့သည်။ ယူကရိန်းနှင့် အနောက်အုပ်စုနိုင်ငံများ၏အဆိုအရ ယူကရိန်းစစ်မြေပြင်၌ မြောက်ကိုရီးယားတပ်ဖွဲ့ဝင် ၆,၀၀၀ ကျော်သေဆုံးခဲ့ကြောင်း သိရသည်။