ဗုဒၶဘာသာရဟန္းေတာ္မ်ား၏ ကီလိုမီတာ ၃၇၀၀ ရွိ ခရီးရွည္ ၿငိမ္းခ်မ္းေရးလမ္းေလွ်ာက္မႈ ဝါရွင္တန္ဒီစီ၌အဆုံးသတ္

ဗုဒၶဘာသာရဟန္းေတာ္မ်ား၏ ကီလိုမီတာ ၃၇၀၀ ရွိ ခရီးရွည္ ၿငိမ္းခ်မ္းေရးလမ္းေလွ်ာက္မႈ ဝါရွင္တန္ဒီစီ၌အဆုံးသတ္
===========================
အေမရိကန္ျပည္ေထာင္စုရွိ ျပည္နယ္ကိုးခုကိုျဖတ္၍ ကီလိုမီတာ ၃၇၀၀ ေက်ာ္ ခရီးႏွင္ခဲ့သည့္ ဗုဒၶဘာသာရဟန္းေတာ္မ်ား၏ ခရီးရွည္ၿငိမ္းခ်မ္းေရးလမ္းေလွ်ာက္မႈ ခရီးစဥ္သည္ ေဖေဖာ္ဝါရီလ ၁၀ ရက္တြင္ ဝါရွင္တန္ဒီစီၿမိဳ႕၌ အဆုံးသတ္သြားၿပီ ျဖစ္ေၾကာင္းသိရသည္။

ထိုခရီးစဥ္သည္ လူအမ်ားၾကားတြင္စိတ္ပိုင္းဆိုင္ရာႏိုးၾကားမႈျဖစ္ေစရန္ ရည္႐ြယ္ၿပီး လမ္းတစ္ေလွ်ာက္တြင္ ေထာင္ေပါင္း မ်ားစြာေသာ ျပည္သူလူထု၏ ႀကိဳဆိုအားေပးမႈကိုရရွိသည္။

ရဟန္းေတာ္မ်ားသည္ ၿငိမ္းခ်မ္းေရး၊ ေမတၱာႏွင့္ က႐ုဏာတရားတို႔ကို အေမရိကတိုက္ႏွင့္ ကမာၻတစ္ဝန္းမွျပည္သူမ်ား သိရွိႏိုးၾကားေစရန္ လြန္ခဲ့ေသာ သုံးလေက်ာ္က တကၠဆက္ျပည္နယ္မွ စတင္ထြက္ခြာလာျခင္းျဖစ္သည္။

လမ္းခရီးတစ္ေလွ်ာက္တြင္ အာတိတ္အေအးလႈိင္းႏွင့္ ဆီးႏွင္းမုန္တိုင္းဒဏ္မ်ား ခံစားခဲ့ရေသာ္လည္း ခရီးစဥ္ကိုဆက္လက္ ေလွ်ာက္လွမ္းခဲ့ျခင္း ျဖစ္သည္။ ထိုခရီးစဥ္၏ ဦးစီးေခါင္းေဆာင္ျဖစ္ေသာ ဘိကၡဳပညာကာရက “ကြၽႏ္ုပ္တို႔အေနနဲ႔ ဆႏၵျပဖို႔လမ္းေလွ်ာက္တာမ်ိဳးမဟုတ္ဘဲ လူသားတိုင္းရဲ႕အတြင္းစိတ္မွာရွိတဲ့ ၿငိမ္းခ်မ္းေရးကို ႏိုးထလာေစဖို႔ လမ္းေလွ်ာက္တာ ျဖစ္ပါတယ္” ဟု မိန႔္ၾကားသည္။ ခရီးစဥ္အတြင္း တကၠဆက္ျပည္နယ္၌ ယာဥ္တိုက္မႈတစ္ခုျဖစ္ပြားၿပီး ရဟန္းအခ်ိဳ႕ဒဏ္ရာရရွိကာ ရဟန္းတစ္ပါးမွာ ေျခေထာက္တစ္ဖက္ ျဖတ္လိုက္ရေသာ္လည္း ၿငိမ္းခ်မ္းေရးသဝဏ္လႊာကို ဆက္လက္သယ္ေဆာင္ရန္ ခရီးကိုမရပ္နားဘဲ ဆက္လက္ေလွ်ာက္လွမ္းျခင္းျဖစ္ေၾကာင္း သိရသည္။
#MWD/ Ref: ST


ဗုဒ္ဓဘာသာရဟန်းတော်များ၏ ကီလိုမီတာ ၃၇၀၀ ရှိ ခရီးရှည် ငြိမ်းချမ်းရေးလမ်းလျှောက်မှု ဝါရှင်တန်ဒီစီ၌အဆုံးသတ်
===========================
အမေရိကန်ပြည်ထောင်စုရှိ ပြည်နယ်ကိုးခုကိုဖြတ်၍ ကီလိုမီတာ ၃၇၀၀ ကျော် ခရီးနှင်ခဲ့သည့် ဗုဒ္ဓဘာသာရဟန်းတော်များ၏ ခရီးရှည်ငြိမ်းချမ်းရေးလမ်းလျှောက်မှု ခရီးစဉ်သည် ဖေဖော်ဝါရီလ ၁၀ ရက်တွင် ဝါရှင်တန်ဒီစီမြို့၌ အဆုံးသတ်သွားပြီ ဖြစ်ကြောင်းသိရသည်။

ထိုခရီးစဉ်သည် လူအများကြားတွင်စိတ်ပိုင်းဆိုင်ရာနိုးကြားမှုဖြစ်စေရန် ရည်ရွယ်ပြီး လမ်းတစ်လျှောက်တွင် ထောင်ပေါင်း များစွာသော ပြည်သူလူထု၏ ကြိုဆိုအားပေးမှုကိုရရှိသည်။

ရဟန်းတော်များသည် ငြိမ်းချမ်းရေး၊ မေတ္တာနှင့် ကရုဏာတရားတို့ကို အမေရိကတိုက်နှင့် ကမ္ဘာတစ်ဝန်းမှပြည်သူများ သိရှိနိုးကြားစေရန် လွန်ခဲ့သော သုံးလကျော်က တက္ကဆက်ပြည်နယ်မှ စတင်ထွက်ခွာလာခြင်းဖြစ်သည်။

လမ်းခရီးတစ်လျှောက်တွင် အာတိတ်အအေးလှိုင်းနှင့် ဆီးနှင်းမုန်တိုင်းဒဏ်များ ခံစားခဲ့ရသော်လည်း ခရီးစဉ်ကိုဆက်လက် လျှောက်လှမ်းခဲ့ခြင်း ဖြစ်သည်။ ထိုခရီးစဉ်၏ ဦးစီးခေါင်းဆောင်ဖြစ်သော ဘိက္ခုပညာကာရက “ကျွန်ုပ်တို့အနေနဲ့ ဆန္ဒပြဖို့လမ်းလျှောက်တာမျိုးမဟုတ်ဘဲ လူသားတိုင်းရဲ့အတွင်းစိတ်မှာရှိတဲ့ ငြိမ်းချမ်းရေးကို နိုးထလာစေဖို့ လမ်းလျှောက်တာ ဖြစ်ပါတယ်” ဟု မိန့်ကြားသည်။ ခရီးစဉ်အတွင်း တက္ကဆက်ပြည်နယ်၌ ယာဉ်တိုက်မှုတစ်ခုဖြစ်ပွားပြီး ရဟန်းအချို့ဒဏ်ရာရရှိကာ ရဟန်းတစ်ပါးမှာ ခြေထောက်တစ်ဖက် ဖြတ်လိုက်ရသော်လည်း ငြိမ်းချမ်းရေးသဝဏ်လွှာကို ဆက်လက်သယ်ဆောင်ရန် ခရီးကိုမရပ်နားဘဲ ဆက်လက်လျှောက်လှမ်းခြင်းဖြစ်ကြောင်း သိရသည်။
#MWD/ Ref: ST