သုံးစြဲရန္မသင့္သည့္ အလွကုန္ပစၥည္း (၂၉) မ်ိဳးကိုထုတ္ျပန္

သုံးစြဲရန္မသင့္သည့္ အလွကုန္ပစၥည္း (၂၉) မ်ိဳးကိုထုတ္ျပန္
=======================
အာဆီယံေဒသတြင္းႏိုင္ငံမ်ား၏ Post – Marketing Alert System (PMAS) Report အစီအစဥ္အရ အာဆီယံႏိုင္ငံအသီးသီးမွ ေတြ႕ရွိရေသာ သုံးစြဲရန္မသင့္သည့္ အလွကုန္ပစၥည္း (၂၉) မ်ိဳးကို အစားအေသာက္ႏွင့္ေဆးဝါးကြပ္ကဲေရးဦးစီးဌာနက ထုတ္ျပန္ထားသည္။
အဆိုပါ အလွကုန္ပစၥည္း (၂၉) မ်ိဳးသည္ အစားအေသာက္ႏွင့္ေဆးဝါးကြပ္ကဲေရးဦးစီးဌာန၌ မွတ္တမ္းတင္ထားျခင္းမရွိသည့္အျပင္ က်န္းမာေရးအတြက္ ေဘးအႏၲရာယ္ျဖစ္ေစႏိုင္ေသာ တားျမစ္ဓါတုပစၥည္းမ်ားပါဝင္ျခင္း၊ ဓာတ္ခြဲစစ္ေဆးခ်က္ရလဒ္မ်ား ေကာင္းမြန္မႈမရွိျခင္းတို႔ေၾကာင့္ အမ်ားျပည္သူလူထုသုံးစြဲရန္ မသင့္ေတာ္ေၾကာင္း အသိေပးထားသည္။
တားျမစ္ဓါတုပစၥည္းမ်ားသည္ အေရျပားယားယံျခင္း၊ ေရာင္ရမ္းျခင္း၊ အျဖဴအနီကြက္မ်ားျဖစ္ျခင္း၊ အေရျပားမွတဆင့္ ခႏၶာကိုယ္အတြင္းသို႔စုပ္ယူ၍ ထုံက်င္ျခင္း၊ ႂကြက္သားတုန္ခါျခင္း၊ ပင္ပန္းႏြမ္းနယ္ျခင္း၊ ေခါင္းကိုက္ျခင္းႏွင့္စိတ္က်ေရာဂါမ်ားအျပင္ ေရရွည္သုံးစြဲပါက ေက်ာက္ကပ္ပ်က္စီးျခင္းႏွင့္ အျခားေရာဂါမ်ား ျဖစ္ပြားႏိုင္ေၾကာင္း သိရသည္။
အလွကုန္ပစၥည္း တင္သြင္းျဖန႔္ျဖဴးေရာင္းခ်သည့္ ကုမၸဏီ၊ လက္လီလက္ကားဆိုင္ႏွင့္ Online Shopping ျဖင့္ ေရာင္းခ်သူမ်ားသည္ အစားအေသာက္ႏွင့္ေဆးဝါးကြပ္ကဲေရးဦးစီးဌာနတြင္ မွတ္တမ္းတင္ထားျခင္း မရွိေသာ အမ်ားျပည္သူသုံးစြဲရန္မသင့္ေၾကာင္း ေၾကညာထားသည့္ အလွကုန္ပစၥည္းမ်ား တင္သြင္းျဖန႔္ျဖဴး ေရာင္းခ်ျခင္းမ်ားကို က်င့္ဝတ္ (Ethic) အရ လုံးဝမျပဳလုပ္ရန္ႏွင့္ လိုက္နာေဆာင္႐ြက္ျခင္း မရွိပါက သက္ဆိုင္ရာ အာဏာပိုင္အဖြဲ႕အစည္းက ျပည္သူ႔က်န္းမာေရးဆိုင္ရာဥပေဒ ပုဒ္မ ၃၊ အပိုဒ္ (၃)(ဃ) အရ အေရးယူေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း အသိေပးထားသည္။
အစားအေသာက္ႏွင့္ေဆးဝါးကြပ္ကဲေရးဦးစီးဌာနသည္ က်န္းမာေရးဝန္ႀကီးဌာန၏ လမ္းၫႊန္မႈျဖင့္ အရည္အေသြးစစ္မွန္ေကာင္းမြန္၍ က်န္းမာေရးအတြက္ ေဘးအႏၲရာယ္ကင္းရွင္းေသာ အလွကုန္ပစၥည္းမ်ားကို အမ်ားျပည္သူတို႔သုံးစြဲႏိုင္ရန္ စနစ္တက် ကြပ္ကဲလ်က္ရွိေၾကာင္း သိရသည္။
သုံးစွဲရန်မသင့်သည့် အလှကုန်ပစ္စည်း (၂၉) မျိုးကိုထုတ်ပြန်
=======================
အာဆီယံဒေသတွင်းနိုင်ငံများ၏ Post – Marketing Alert System (PMAS) Report အစီအစဉ်အရ အာဆီယံနိုင်ငံအသီးသီးမှ တွေ့ရှိရသော သုံးစွဲရန်မသင့်သည့် အလှကုန်ပစ္စည်း (၂၉) မျိုးကို အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနက ထုတ်ပြန်ထားသည်။
အဆိုပါ အလှကုန်ပစ္စည်း (၂၉) မျိုးသည် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၌ မှတ်တမ်းတင်ထားခြင်းမရှိသည့်အပြင် ကျန်းမာရေးအတွက် ဘေးအန္တရာယ်ဖြစ်စေနိုင်သော တားမြစ်ဓါတုပစ္စည်းများပါဝင်ခြင်း၊ ဓာတ်ခွဲစစ်ဆေးချက်ရလဒ်များ ကောင်းမွန်မှုမရှိခြင်းတို့ကြောင့် အများပြည်သူလူထုသုံးစွဲရန် မသင့်တော်ကြောင်း အသိပေးထားသည်။
တားမြစ်ဓါတုပစ္စည်းများသည် အရေပြားယားယံခြင်း၊ ရောင်ရမ်းခြင်း၊ အဖြူအနီကွက်များဖြစ်ခြင်း၊ အရေပြားမှတဆင့် ခန္ဓာကိုယ်အတွင်းသို့စုပ်ယူ၍ ထုံကျင်ခြင်း၊ ကြွက်သားတုန်ခါခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း၊ ခေါင်းကိုက်ခြင်းနှင့်စိတ်ကျရောဂါများအပြင် ရေရှည်သုံးစွဲပါက ကျောက်ကပ်ပျက်စီးခြင်းနှင့် အခြားရောဂါများ ဖြစ်ပွားနိုင်ကြောင်း သိရသည်။
အလှကုန်ပစ္စည်း တင်သွင်းဖြန့်ဖြူးရောင်းချသည့် ကုမ္ပဏီ၊ လက်လီလက်ကားဆိုင်နှင့် Online Shopping ဖြင့် ရောင်းချသူများသည် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနတွင် မှတ်တမ်းတင်ထားခြင်း မရှိသော အများပြည်သူသုံးစွဲရန်မသင့်ကြောင်း ကြေညာထားသည့် အလှကုန်ပစ္စည်းများ တင်သွင်းဖြန့်ဖြူး ရောင်းချခြင်းများကို ကျင့်ဝတ် (Ethic) အရ လုံးဝမပြုလုပ်ရန်နှင့် လိုက်နာဆောင်ရွက်ခြင်း မရှိပါက သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းက ပြည်သူ့ကျန်းမာရေးဆိုင်ရာဥပဒေ ပုဒ်မ ၃၊ အပိုဒ် (၃)(ဃ) အရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးထားသည်။
အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနသည် ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်မှုဖြင့် အရည်အသွေးစစ်မှန်ကောင်းမွန်၍ ကျန်းမာရေးအတွက် ဘေးအန္တရာယ်ကင်းရှင်းသော အလှကုန်ပစ္စည်းများကို အများပြည်သူတို့သုံးစွဲနိုင်ရန် စနစ်တကျ ကွပ်ကဲလျက်ရှိကြောင်း သိရသည်။




