ပါတီဒုတိယဥကၠ႒ဦးမ်ိဳးေဇာ္သိမ္း ေပါက္ေခါင္းၿမိဳ႕နယ္ေကာ္မတီဝင္မ်ား၊ ရပ္ေက်းစည္းမႉးမ်ားအားေ႐ြးေကာက္ပြဲၿပီး ဆက္လက္လုပ္ေဆာင္ရမည့္ ပါတီလုပ္ငန္းမ်ား လမ္းၫႊန္မွာၾကား


ပါတီဒုတိယဥကၠ႒ဦးမ်ိဳးေဇာ္သိမ္း ေပါက္ေခါင္းၿမိဳ႕နယ္ေကာ္မတီဝင္မ်ား၊ ရပ္ေက်းစည္းမႉးမ်ားအားေ႐ြးေကာက္ပြဲၿပီး ဆက္လက္လုပ္ေဆာင္ရမည့္ ပါတီလုပ္ငန္းမ်ား လမ္းၫႊန္မွာၾကား
============================
ေပါက္ေခါင္း ေဖေဖာ္ဝါရီ ၈
ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ႕ၿဖိဳးေရးပါတီ ဒုတိယဥကၠ႒ဦးမ်ိဳးေဇာ္သိမ္းသည္ပဲခူးတိုင္း
ေဒသႀကီး(အေနာက္)တိုင္း ပါတီဥကၠ႒ဦးေအာင္ခ်ိဳဦး၊ တိုင္းပါတီအတြင္းေရးမႉးဦးေက်ာ္ေက်ာ္လင္းတို႔ႏွင့္အတူ ေဖေဖာ္ဝါရီလ (၈)ရက္ေန႔ကပဲခူးတိုင္းေဒသႀကီး(အေနာက္) ေပါက္ေခါင္းၿမိဳ႕နယ္၊ပါတီ႐ုံးအစည္းအေဝးခန္းမ၌ ၿမိဳ႕နယ္ပါတီဥကၠ႒၊ အတြင္းေရးမႉး၊ ၿမိဳ႕နယ္ေကာ္မတီဝင္မ်ား၊ ရပ္ေက်းစည္း႐ုံးေရးမႉးမ်ားႏွင့္ ေတြ႕ဆုံခဲ့ပါသည္။
ေတြ႕ဆုံပြဲအားႏိုင္ငံေတာ္အလံအေလးျပဳ၍ ႏိုင္ငံေတာ္သီခ်င္းသီဆိုကာဖြင့္လွစ္ခဲ့ၿပီး ပါတီဒုတိယဥကၠ႒ဦးမ်ိဳးေဇာ္သိမ္းမွ ေ႐ြးေကာက္ပြဲၿပီးေျမာက္သြားၿပီးေနာက္ ပါတီမွဆက္လက္လုပ္ေဆာင္ရမည့္လုပ္ငန္းမ်ားအား ေဆြးေႏြးလမ္းၫႊန္မွာၾကားခဲ့ပါသည္။
၎ေနာက္ တက္ေရာက္လာသူမ်ား၏ တင္ျပမႈမ်ားအေပၚေပါင္းစပ္ညႇိႏႈိင္းေဆာင္႐ြက္ေပးခဲ့ေၾကာင္းသတင္းရရွိပါသည္။
ပါတီဒုတိယဥက္ကဋ္ဌဦးမျိုးဇော်သိမ်း ပေါက်ခေါင်းမြို့နယ်ကော်မတီဝင်များ၊ ရပ်ကျေးစည်းမှူးများအားရွေးကောက်ပွဲပြီး ဆက်လက်လုပ်ဆောင်ရမည့် ပါတီလုပ်ငန်းများ လမ်းညွှန်မှာကြား
============================
ပေါက်ခေါင်း ဖေဖော်ဝါရီ ၈
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌဦးမျိုးဇော်သိမ်းသည်ပဲခူးတိုင်း
ဒေသကြီး(အနောက်)တိုင်း ပါတီဥက္ကဋ္ဌဦးအောင်ချိုဦး၊ တိုင်းပါတီအတွင်းရေးမှူးဦးကျော်ကျော်လင်းတို့နှင့်အတူ ဖေဖော်ဝါရီလ (၈)ရက်နေ့ကပဲခူးတိုင်းဒေသကြီး(အနောက်) ပေါက်ခေါင်းမြို့နယ်၊ပါတီရုံးအစည်းအဝေးခန်းမ၌ မြို့နယ်ပါတီဥက္ကဋ္ဌ၊ အတွင်းရေးမှူး၊ မြို့နယ်ကော်မတီဝင်များ၊ ရပ်ကျေးစည်းရုံးရေးမှူးများနှင့် တွေ့ဆုံခဲ့ပါသည်။
တွေ့ဆုံပွဲအားနိုင်ငံတော်အလံအလေးပြု၍ နိုင်ငံတော်သီချင်းသီဆိုကာဖွင့်လှစ်ခဲ့ပြီး ပါတီဒုတိယဥက္ကဋ္ဌဦးမျိုးဇော်သိမ်းမှ ရွေးကောက်ပွဲပြီးမြောက်သွားပြီးနောက် ပါတီမှဆက်လက်လုပ်ဆောင်ရမည့်လုပ်ငန်းများအား ဆွေးနွေးလမ်းညွှန်မှာကြားခဲ့ပါသည်။
၎င်းနောက် တက်ရောက်လာသူများ၏ တင်ပြမှုများအပေါ်ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်းသတင်းရရှိပါသည်။




