ရဲရင့္ေနာင္တြဲဆိုင္း ပြဲဦးထြက္ ယွဥ္ၿပိဳင္ထိုးသတ္မယ္

ရဲရင့္ေနာင္တြဲဆိုင္း ပြဲဦးထြက္ ယွဥ္ၿပိဳင္ထိုးသတ္မယ္
====================
ယေန႔ ေဖေဖာ္ဝါရီ (၆) ရက္ ၊ ည (၆)နာရီခြဲအခ်ိန္တြင္ က်င္းပမည့္ ONE Friday Fights 141 ပြဲစဥ္႐ိုးရာဖိုက္တာ ရဲရင့္ေနာင္ႏွင့္ မေလးရွား/ အေမရိကန္ဖိုက္တာ ဂ်ိဳဟန္ဂါဇာလီ (ဂ်ိဳဂ်ိဳ)တို႔ တြဲဆိုင္းမွာ ယခင္သတ္မွတ္ထားသည့္ တြဲဆိုင္း (၄) ဆိုင္းေျမာက္ေနရာမွ ယခုအခါ တြဲဆိုင္း (၁) ေနရာသို႔ေျပာင္းလဲလိုက္ၿပီး ပြဲဦးထြက္ယွဥ္ၿပိဳင္ထိုးသတ္သြားရမည္ျဖစ္ပါတယ္။
ထို႔ျပင္ ONE Friday Fights 141ပြဲစဥ္ကို ယခင္က တြဲဆိုင္း (၁၄) ဆိုင္း သတ္မွတ္ထားေသာ္လည္း ပြဲက်င္းပမည့္တစ္ရက္အလိုတြင္ တြဲဆိုင္း (၁၁) ဆိုင္းသာ ပါဝင္လာၿပီး ရဲရင့္ေနာင္ တြဲဆိုင္းအပါအဝင္ တြဲဆိုင္းအခ်ိဳ႕ကို Live မထုတ္လႊင့္ေပးဟု သတင္းမ်ားထြက္ေပၚေနပါတယ္။
ရဲရင့္ေနာင္ႏွင့္ ထိုးသတ္ရမည့္ ၿပိဳင္ဘက္မွာ ONE Champi onship ႏွင့္ ေဒၚလာ တစ္သိန္းတန္စာခ်ဳပ္ ရရွိထားသူလည္းျဖစ္ ၿပီး ONE Friday Fights 141 ပြဲစဥ္တြင္ ႐ိုးရာဖိုက္တာ (၄) ဦးအထိ ပါဝင္ထိုးသတ္သြားမည္ျဖစ္ပါတယ္။
ပြဲစဥ္အတြင္း ႐ိုးရာဖိုက္တာ ေစာမင္းမင္းက ထိုင္းဖိုက္တာ ဒတ္ခ်ာဝလစ္ျဖင့္ ဒုေခါင္တြဲဆိုင္း၊ ႐ိုးရာဖိုက္တာ စိုးေနာင္ဦးက ထိုင္းဖိုက္တာ ေဖ့စ္ႏွင့္ တြဲဆိုင္း (၈)ဆိုင္းေျမာက္ႏွင့္ ႐ိုး ရာဖိုက္တာ လင္းထက္ေအာင္က ဂ်ပန္ဖိုက္တာ ဟာရာယုကီတာနစ္ဆုႏွင့္ တြဲဆိုင္း (၅) ဆိုင္းေျမာက္တို႔တြင္ ယွဥ္ၿပိဳင္ထိုးသတ္သြားၾကမည္ျဖစ္ပါတယ္။
ရဲရင့်နောင်တွဲဆိုင်း ပွဲဦးထွက် ယှဉ်ပြိုင်ထိုးသတ်မယ်
====================
ယနေ့ ဖေဖော်ဝါရီ (၆) ရက် ၊ ည (၆)နာရီခွဲအချိန်တွင် ကျင်းပမည့် ONE Friday Fights 141 ပွဲစဉ်ရိုးရာဖိုက်တာ ရဲရင့်နောင်နှင့် မလေးရှား/ အမေရိကန်ဖိုက်တာ ဂျိုဟန်ဂါဇာလီ (ဂျိုဂျို)တို့ တွဲဆိုင်းမှာ ယခင်သတ်မှတ်ထားသည့် တွဲဆိုင်း (၄) ဆိုင်းမြောက်နေရာမှ ယခုအခါ တွဲဆိုင်း (၁) နေရာသို့ပြောင်းလဲလိုက်ပြီး ပွဲဦးထွက်ယှဉ်ပြိုင်ထိုးသတ်သွားရမည်ဖြစ်ပါတယ်။
ထို့ပြင် ONE Friday Fights 141ပွဲစဉ်ကို ယခင်က တွဲဆိုင်း (၁၄) ဆိုင်း သတ်မှတ်ထားသော်လည်း ပွဲကျင်းပမည့်တစ်ရက်အလိုတွင် တွဲဆိုင်း (၁၁) ဆိုင်းသာ ပါဝင်လာပြီး ရဲရင့်နောင် တွဲဆိုင်းအပါအဝင် တွဲဆိုင်းအချို့ကို Live မထုတ်လွှင့်ပေးဟု သတင်းများထွက်ပေါ်နေပါတယ်။
ရဲရင့်နောင်နှင့် ထိုးသတ်ရမည့် ပြိုင်ဘက်မှာ ONE Champi onship နှင့် ဒေါ်လာ တစ်သိန်းတန်စာချုပ် ရရှိထားသူလည်းဖြစ် ပြီး ONE Friday Fights 141 ပွဲစဉ်တွင် ရိုးရာဖိုက်တာ (၄) ဦးအထိ ပါဝင်ထိုးသတ်သွားမည်ဖြစ်ပါတယ်။
ပွဲစဉ်အတွင်း ရိုးရာဖိုက်တာ စောမင်းမင်းက ထိုင်းဖိုက်တာ ဒတ်ချာဝလစ်ဖြင့် ဒုခေါင်တွဲဆိုင်း၊ ရိုးရာဖိုက်တာ စိုးနောင်ဦးက ထိုင်းဖိုက်တာ ဖေ့စ်နှင့် တွဲဆိုင်း (၈)ဆိုင်းမြောက်နှင့် ရိုး ရာဖိုက်တာ လင်းထက်အောင်က ဂျပန်ဖိုက်တာ ဟာရာယုကီတာနစ်ဆုနှင့် တွဲဆိုင်း (၅) ဆိုင်းမြောက်တို့တွင် ယှဉ်ပြိုင်ထိုးသတ်သွားကြမည်ဖြစ်ပါတယ်။




