ခါးအတိုင္းအတာႏွင့္ အရပ္အျမင့္အခ်ိဳးက ႏွလုံးေရာဂါျဖစ္ႏိုင္ေျခကို ႀကိဳတင္ခန႔္မွန္းႏိုင္

ခါးအတိုင္းအတာႏွင့္ အရပ္အျမင့္အခ်ိဳးက ႏွလုံးေရာဂါျဖစ္ႏိုင္ေျခကို ႀကိဳတင္ခန႔္မွန္းႏိုင္
=================
ခါးအတိုင္းအတာႏွင့္ အရပ္အျမင့္အခ်ိဳးက ႏွလုံးေရာဂါျဖစ္ႏိုင္ေျခကို ႀကိဳတင္ခန႔္မွန္းႏိုင္

ခါးအတိုင္းအတာနဲ႔ အရပ္အျမင့္အခ်ိဳး ကို ႏႈိင္းယွဥ္ၾကည့္တာဟာ လူသိမ်ားတဲ့ BMI တိုင္းတာမႈထက္ ႏွလုံးေရာဂါျဖစ္ႏိုင္ေျခကို ပိုၿပီး တိတိက်က်ခန႔္မွန္းေပးႏိုင္တယ္လို႔ UPMC နဲ႔ Pittsburgh တကၠသိုလ္မွ သုေတသီေတြက ရွာေဖြေတြ႕ရွိခဲ့ပါတယ္။ BMI ကအရပ္နဲ႔ ကိုယ္အေလးခ်ိန္ကိုပဲ ၾကည့္တာျဖစ္ေပမယ့္ ဒီတိုင္းတာမႈကေတာ့ ႏွလုံးက်န္းမာေရးအတြက္ အေရးႀကီးတဲ့ ခႏၶာကိုယ္ထဲကအဆီေတြ ဘယ္ေနရာမွာစုေနသလဲဆိုတာကိုပါ ေဖာ္ျပေပးႏိုင္တာပါ။

သုေတသီေတြဟာ လူေပါင္း ၂၇၂၁ ဦးရဲ႕က်န္းမာေရးဆိုင္ရာအခ်က္အလက္ေတြကို၅ ႏွစ္ေက်ာ္ၾကာ ေစာင့္ၾကည့္ေလ့လာခဲ့ပါတယ္။ အသက္အ႐ြယ္၊ က်န္းမာေရးရာဇဝင္နဲ႔ တျခားအခ်က္ေတြကို ထည့္သြင္းတြက္ခ်က္ၿပီးတဲ့ေနာက္မွာ ခါးအတိုင္းအတာနဲ႔ အရပ္အျမင့္အခ်ိဳးအစားဟာ ႏွလုံးေရာဂါျဖစ္ႏိုင္ေျခကို အမွန္ကန္ဆုံးေဖာ္ျပႏိုင္တဲ့ အၫႊန္းကိန္းျဖစ္ေနတာေတြ႕ရပါတယ္။

ကိုယ္အေလးခ်ိန္ အရမ္းမမ်ားဘဲ BMI ၃၀ ေအာက္သာရွိတဲ့လူေတြမွာေတာင္ ဒီလိုအခ်ိဳးအစားက သုည ဒသမ ၅ ထက္ေက်ာ္ေနရင္ ေနာင္တစ္ခ်ိန္မွာ ႏွလုံးေသြးေၾကာက်ဥ္းေရာဂါျဖစ္ႏိုင္ေျခ ပိုမ်ားေနတာကို သတိထားမိခဲ့ၾကပါတယ္။ ဒါ့အျပင္ လူတစ္ေယာက္ရဲ႕ ကိုယ္အေလးခ်ိန္၊ ကိုလက္စထေရာနဲ႔ ေသြးေပါင္ခ်ိန္ေတြကပုံမွန္ျဖစ္ေနရင္ေတာင္ အခုအခ်ိဳးအစားကိုၾကည့္ၿပီး ႏွလုံးေရာဂါျဖစ္ႏိုင္ေျခကို ေစာေစာစီးစီးသိႏိုင္တယ္လို႔ဆိုပါတယ္။

Ref: STD #MWD


ခါးအတိုင်းအတာနှင့် အရပ်အမြင့်အချိုးက နှလုံးရောဂါဖြစ်နိုင်ခြေကို ကြိုတင်ခန့်မှန်းနိုင်
=================
ခါးအတိုင်းအတာနှင့် အရပ်အမြင့်အချိုးက နှလုံးရောဂါဖြစ်နိုင်ခြေကို ကြိုတင်ခန့်မှန်းနိုင်

ခါးအတိုင်းအတာနဲ့ အရပ်အမြင့်အချိုး ကို နှိုင်းယှဉ်ကြည့်တာဟာ လူသိများတဲ့ BMI တိုင်းတာမှုထက် နှလုံးရောဂါဖြစ်နိုင်ခြေကို ပိုပြီး တိတိကျကျခန့်မှန်းပေးနိုင်တယ်လို့ UPMC နဲ့ Pittsburgh တက္ကသိုလ်မှ သုတေသီတွေက ရှာဖွေတွေ့ရှိခဲ့ပါတယ်။ BMI ကအရပ်နဲ့ ကိုယ်အလေးချိန်ကိုပဲ ကြည့်တာဖြစ်ပေမယ့် ဒီတိုင်းတာမှုကတော့ နှလုံးကျန်းမာရေးအတွက် အရေးကြီးတဲ့ ခန္ဓာကိုယ်ထဲကအဆီတွေ ဘယ်နေရာမှာစုနေသလဲဆိုတာကိုပါ ဖော်ပြပေးနိုင်တာပါ။

သုတေသီတွေဟာ လူပေါင်း ၂၇၂၁ ဦးရဲ့ကျန်းမာရေးဆိုင်ရာအချက်အလက်တွေကို၅ နှစ်ကျော်ကြာ စောင့်ကြည့်လေ့လာခဲ့ပါတယ်။ အသက်အရွယ်၊ ကျန်းမာရေးရာဇဝင်နဲ့ တခြားအချက်တွေကို ထည့်သွင်းတွက်ချက်ပြီးတဲ့နောက်မှာ ခါးအတိုင်းအတာနဲ့ အရပ်အမြင့်အချိုးအစားဟာ နှလုံးရောဂါဖြစ်နိုင်ခြေကို အမှန်ကန်ဆုံးဖော်ပြနိုင်တဲ့ အညွှန်းကိန်းဖြစ်နေတာတွေ့ရပါတယ်။

ကိုယ်အလေးချိန် အရမ်းမများဘဲ BMI ၃၀ အောက်သာရှိတဲ့လူတွေမှာတောင် ဒီလိုအချိုးအစားက သုည ဒသမ ၅ ထက်ကျော်နေရင် နောင်တစ်ချိန်မှာ နှလုံးသွေးကြောကျဉ်းရောဂါဖြစ်နိုင်ခြေ ပိုများနေတာကို သတိထားမိခဲ့ကြပါတယ်။ ဒါ့အပြင် လူတစ်ယောက်ရဲ့ ကိုယ်အလေးချိန်၊ ကိုလက်စထရောနဲ့ သွေးပေါင်ချိန်တွေကပုံမှန်ဖြစ်နေရင်တောင် အခုအချိုးအစားကိုကြည့်ပြီး နှလုံးရောဂါဖြစ်နိုင်ခြေကို စောစောစီးစီးသိနိုင်တယ်လို့ဆိုပါတယ်။

Ref: STD #MWD