လာမယ့္ ပညာသင္ႏွစ္မွာ Grade-12 ရဲ႕ သင္႐ိုးၫႊန္းတမ္းေတြကို ျပန္လည္ေရးဆြဲမယ္

လာမယ့္ ပညာသင္ႏွစ္မွာ Grade-12 ရဲ႕ သင္႐ိုးၫႊန္းတမ္းေတြကို ျပန္လည္ေရးဆြဲမယ္
======================
ေဖေဖာ္ဝါရီ ၄
အလယ္တန္းမွာ စက္မႈ၊ စိုက္ပ်ိဳး၊ ေမြးျမဴ ေရးဘာသာရပ္ေတြ ထည့္သြင္းသင္ၾကားေပးမယ္
လာမယ့္ ၂၀၂၆ ခုႏွစ္ ပညာသင္ႏွစ္မွာ Grade-12 ရဲ႕ သင္႐ိုးၫႊန္းတမ္းေတြကို ျပန္လည္ေရးဆြဲမယ္မွာျဖစ္သလို စက္မႈ၊ စိုက္ပ်ိဳး၊ ေမြးျမဴေရးဘာသာရပ္ေတြကိုလည္း အလယ္တန္းအဆင့္မွာ သင္ၾကားသြားမွာျဖစ္တယ္လို႔ သိရပါတယ္။
Grade-12 ရဲ႕ သင္႐ိုးၫႊန္းတမ္းေတြကို ျပန္လည္ေရးဆြဲရာမွာ သက္ဆိုင္ရာဝန္ႀကီးဌာန အသီးသီးရဲ႕ေပါင္းစပ္ ညႇိႏႈိင္းမႈနဲ႔ ေဆြးေႏြးသြားမွာျဖစ္ၿပီး၊ ပညာေရးဝန္ႀကီး ဌာနမွာရွိတဲ့ အမ်ိဳးသားသင္႐ိုး ၫႊန္းတမ္းေကာ္မတီကို အသစ္ျပန္လည္ဖြဲ႕စည္းမွာျဖစ္သလို အသစ္ျပန္လည္ဖြဲ႕စည္းမယ့္ အမ်ိဳးသားသင္႐ိုးၫႊန္းတမ္းေကာ္မတီမွာ ဒုတိယဝန္ႀကီးကို ဥကၠ႒အျဖစ္ တာဝန္ယူေဆာင္႐ြက္ေစမွာျဖစ္တယ္လို႔ သိရပါတယ္။
ခုလိုျပန္လည္ဖြဲ႕စည္းရာမွာ ပညာေရးဝန္ႀကီးဌာနက ကြၽမ္းက်င္သူေတြသာမက စက္မႈ၊ စိုက္ပ်ိဳး၊ ေမြးျမဴ ေရးဆိုင္ရာေတြနဲ႔ပတ္သက္တဲ့ ပညာရွင္ေတြကိုပါ ေကာ္မတီမွာအဖြဲ႕ဝင္အျဖစ္ ထည့္သြင္းဖြဲ႕စည္းမယ္ဆိုပါက ပိုမိုေကာင္းမြန္တဲ့ သင္႐ိုးၫႊန္းတမ္းေတြျဖစ္လာမယ္လို႔ ပညာေရးဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ေဒါက္တာေခ်ာေခ်ာစိန္ကေျပာပါတယ္။
ေနျပည္ေတာ္ ပညာေရးဝန္ႀကီးဌာန ႐ုံးအမွတ္(၁၃) အစည္းအေဝးခန္းမမွာ ေဖေဖာ္ဝါရီ ၂ ရက္ေန႔မနက္ပိုင္းက က်င္းပတဲ့ သင္ၾကားေရးလုပ္ငန္းညႇိႏႈိင္းအစည္းအေဝးမွာ ပညာေရးဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ေဒါက္တာေခ်ာေခ်ာစိန္ကေျပာၾကားခဲ့တာျဖစ္တယ္လို႔သိရၿပီး အဲ့ဒီအစည္းအေဝးကို စိုက္ပ်ိဳးေရး၊ ေမြးျမဴေရးႏွင့္ ဆည္ေျမာင္းဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ဦးမင္းေနာင္၊ သိပၸံႏွင့္နည္းပညာဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ေဒါက္တာ မ်ိဳးသိန္းေက်ာ္၊ ဒုတိယဝန္ႀကီး ေတြ၊ ၫႊန္ၾကားေရးမႉးခ်ဳပ္ေတြ၊ ဒုတိယၫႊန္ၾကားေရးမႉးခ်ဳပ္ေတြ၊ တာဝန္ရွိသူေတြနဲ႔ ဖိတ္ၾကားထားသူေတြ တက္ေရာက္ၾကတယ္လို႔လည္း သိရပါတယ္။ လာမည့္ ပညာသင္ႏွစ္မွာ ႏိုင္ငံေတာ္အႀကီးအကဲရဲ႕ လမ္းၫႊန္ခ်က္အရ အလယ္တန္းေတြမွာ စက္မႈ၊ စိုက္ပ်ိဳး၊ ေမြးျမဴ ေရးဘာသာရပ္ေတြ ထည့္သြင္းသင္ၾကားေပးဖို႔ျဖစ္တဲ့အတြက္ လာမည့္ ၂၀၂၆ ခုႏွစ္ ပညာသင္ႏွစ္ ဇြန္လကစတင္ကာ အလယ္တန္းမွာ စက္မႈ၊ စိုက္ပ်ိဳး၊ ေမြးျမဴေရးဘာသာရပ္ေတြ ထည့္သြင္းသင္ၾကားေပးႏိုင္ဖို႔၊ သင္႐ိုးေတြ အခ်ိန္မီေရးဆြဲဖို႔၊ သင္ၾကားမယ့္ ဆရာ ဆရာမေတြနဲ႔ ဆင့္ပြားသင္တန္းေတြ ဆက္လက္ေပးဖို႔ သင္ၾကားမယ့္အခ်ိန္ေတြ သတ္မွတ္ႏိုင္ဖို႔ ဝိုင္းဝန္းေဆြးေႏြးခဲ့ၾကတယ္လို႔ သိရပါတယ္၊ #PAN
လာမယ့် ပညာသင်နှစ်မှာ Grade-12 ရဲ့ သင်ရိုးညွှန်းတမ်းတွေကို ပြန်လည်ရေးဆွဲမယ်
======================
ဖေဖော်ဝါရီ ၄
အလယ်တန်းမှာ စက်မှု၊ စိုက်ပျိုး၊ မွေးမြူ ရေးဘာသာရပ်တွေ ထည့်သွင်းသင်ကြားပေးမယ်
လာမယ့် ၂၀၂၆ ခုနှစ် ပညာသင်နှစ်မှာ Grade-12 ရဲ့ သင်ရိုးညွှန်းတမ်းတွေကို ပြန်လည်ရေးဆွဲမယ်မှာြဖစ်သလို စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးဘာသာရပ်တွေကိုလည်း အလယ်တန်းအဆင့်မှာ သင်ကြားသွားမှာဖြစ်တယ်လို့ သိရပါတယ်။
Grade-12 ရဲ့ သင်ရိုးညွှန်းတမ်းတွေကို ပြန်လည်ရေးဆွဲရာမှာ သက်ဆိုင်ရာဝန်ကြီးဌာန အသီးသီးရဲ့ပေါင်းစပ် ညှိနှိုင်းမှုနဲ့ ဆွေးနွေးသွားမှာဖြစ်ပြီး၊ ပညာရေးဝန်ကြီး ဌာနမှာရှိတဲ့ အမျိုးသားသင်ရိုး ညွှန်းတမ်းကော်မတီကို အသစ်ပြန်လည်ဖွဲ့စည်းမှာဖြစ်သလို အသစ်ပြန်လည်ဖွဲ့စည်းမယ့် အမျိုးသားသင်ရိုးညွှန်းတမ်းကော်မတီမှာ ဒုတိယဝန်ကြီးကို ဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်စေမှာဖြစ်တယ်လို့ သိရပါတယ်။
ခုလိုပြန်လည်ဖွဲ့စည်းရာမှာ ပညာရေးဝန်ကြီးဌာနက ကျွမ်းကျင်သူတွေသာမက စက်မှု၊ စိုက်ပျိုး၊ မွေးမြူ ရေးဆိုင်ရာတွေနဲ့ပတ်သက်တဲ့ ပညာရှင်တွေကိုပါ ကော်မတီမှာအဖွဲ့ဝင်အဖြစ် ထည့်သွင်းဖွဲ့စည်းမယ်ဆိုပါက ပိုမိုကောင်းမွန်တဲ့ သင်ရိုးညွှန်းတမ်းတွေဖြစ်လာမယ်လို့ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချောချောစိန်ကပြောပါတယ်။
နေပြည်တော် ပညာရေးဝန်ကြီးဌာန ရုံးအမှတ်(၁၃) အစည်းအဝေးခန်းမမှာ ဖေဖော်ဝါရီ ၂ ရက်နေ့မနက်ပိုင်းက ကျင်းပတဲ့ သင်ကြားရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးမှာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချောချောစိန်ကပြောကြားခဲ့တာဖြစ်တယ်လို့သိရပြီး အဲ့ဒီအစည်းအဝေးကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိန်းကျော်၊ ဒုတိယဝန်ကြီး တွေ၊ ညွှန်ကြားရေးမှူးချုပ်တွေ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်တွေ၊ တာဝန်ရှိသူတွေနဲ့ ဖိတ်ကြားထားသူတွေ တက်ရောက်ကြတယ်လို့လည်း သိရပါတယ်။ လာမည့် ပညာသင်နှစ်မှာ နိုင်ငံတော်အကြီးအကဲရဲ့ လမ်းညွှန်ချက်အရ အလယ်တန်းတွေမှာ စက်မှု၊ စိုက်ပျိုး၊ မွေးမြူ ရေးဘာသာရပ်တွေ ထည့်သွင်းသင်ကြားပေးဖို့ဖြစ်တဲ့အတွက် လာမည့် ၂၀၂၆ ခုနှစ် ပညာသင်နှစ် ဇွန်လကစတင်ကာ အလယ်တန်းမှာ စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးဘာသာရပ်တွေ ထည့်သွင်းသင်ကြားပေးနိုင်ဖို့၊ သင်ရိုးတွေ အချိန်မီရေးဆွဲဖို့၊ သင်ကြားမယ့် ဆရာ ဆရာမတွေနဲ့ ဆင့်ပွားသင်တန်းတွေ ဆက်လက်ပေးဖို့ သင်ကြားမယ့်အချိန်တွေ သတ်မှတ်နိုင်ဖို့ ဝိုင်းဝန်းဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်၊ #PAN




