အယ္လ္ဟီလာကို ေျပာင္းေ႐ႊ႕သြားတဲ့ ဘန္ဇီမာ

အယ္လ္ဟီလာကို ေျပာင္းေ႐ႊ႕သြားတဲ့ ဘန္ဇီမာ
========================
အယ္လ္အစ္တီဟတ္အသင္းတိုက္စစ္မႉး ဘန္ဇီမာကေတာ့ အဓိကၿပိဳင္ဘက္ကလပ္ အယ္လ္ဟီလာအသင္းကို ႐ုတ္တရက္ ေျပာင္းေ႐ႊ႕ခဲ့ပါတယ္။ ဘန္ဇီမာ(၃၈ ႏွစ္)အေနနဲ႔ အယ္လ္အစ္တီဟတ္အသင္းမွာ တစ္ႏွစ္ ယူ႐ို သန္း ၁၀၀ နီးပါးရခဲ့ေပမဲ့ စာခ်ဳပ္သစ္ကိစၥ အဆင္မေျပလို အသင္းေျပာင္းခဲ့တာပါ။ အယ္လ္အစ္တီဟတ္အသင္းက လစာမေပးဘဲ ပုံရိပ္မူပိုင္ခြင့္သာေပးမယ့္ ကမ္းလွမ္းခ်က္က ဘန္ဇီမာနဲ႔ လမ္းခြဲကို ေရာက္ရွိေစခဲ့ပါတယ္။ ဘန္ဇီမာဟာ အယ္လ္ဟီလာအသင္းနဲ႔ ၁၈ လသက္တမ္းရွိ စာခ်ဳပ္တစ္ရပ္ကို လက္မွတ္ေရးထိုးခဲ့ပါတယ္။


အယ်လ်ဟီလာကို ပြောင်းရွှေ့သွားတဲ့ ဘန်ဇီမာ
========================
အယ်လ်အစ်တီဟတ်အသင်းတိုက်စစ်မှူး ဘန်ဇီမာကတော့ အဓိကပြိုင်ဘက်ကလပ် အယ်လ်ဟီလာအသင်းကို ရုတ်တရက် ပြောင်းရွှေ့ခဲ့ပါတယ်။ ဘန်ဇီမာ(၃၈ နှစ်)အနေနဲ့ အယ်လ်အစ်တီဟတ်အသင်းမှာ တစ်နှစ် ယူရို သန်း ၁၀၀ နီးပါးရခဲ့ပေမဲ့ စာချုပ်သစ်ကိစ္စ အဆင်မပြေလို အသင်းပြောင်းခဲ့တာပါ။ အယ်လ်အစ်တီဟတ်အသင်းက လစာမပေးဘဲ ပုံရိပ်မူပိုင်ခွင့်သာပေးမယ့် ကမ်းလှမ်းချက်က ဘန်ဇီမာနဲ့ လမ်းခွဲကို ရောက်ရှိစေခဲ့ပါတယ်။ ဘန်ဇီမာဟာ အယ်လ်ဟီလာအသင်းနဲ့ ၁၈ လသက်တမ်းရှိ စာချုပ်တစ်ရပ်ကို လက်မှတ်ရေးထိုးခဲ့ပါတယ်။