

——————————————————–
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၊ ဒုဥက္ကဌ ဦးမြတ်ဟိန်း နေပြည်တော်ကောင်စီနယ်မြေ၊ဒက္ခိဏသီရိမြို့နယ်၊ ချိုင်းကျေးရွာအုပ်စုနှင့်ကြာပင်ကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာနေပြည်သူများနှင့်တွေ့ဆုံ
——————————————————–
2026 ဇွန် ၂၉ နေပြည်တော်
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဒုဥက္ကဌ-၁ ဦးမြတ်ဟိန်း သည်၂၉- ၁-၂၀၂၆ ရက်နေ့ ၊နေ့လည်
၃ နာရီအချိန်ခန့်တွင် နေပြည်တော်ချိုင်းကျေးရွာအုပ်စု၊ ကြာပင်ကျေးရွာအုပ်စုများမှကျေးရွာနေပြည်သူများနှင့်တွေ့ဆုံခဲ့ပြီး ကျေးဇူးတင်စကားပြောကြား၍ဒေသဖွံဖြိုးရေးကိစ္စရပ်များကို အပြန်အလှန်ဆွေးနွေခဲ့ကြောင်း သိရပါသည်။
ဆက်လက်၍ ပါတီဒုဥက္ကဌဦးမြတ်ဟိန်းမှ ကျေးလက်နေပြည်သူများနှင့်ရင်းနှီးစွာနှုတ်ဆက်၍ကျေးဇူးတင်စကားပြောကြားခဲ့ရာ ကျေးရွာနေပြည်သူများက ဒေသဖွံ့ဖြိုးရေးဆိုင်ရာကိစ္စရပ်များဆွေးနွေးတင်ပြခဲ့ပြီး ဒုဥက္ကဌဦးမြတ်ဟိန်းက ဒေသအခြေအနေများနှင့်ဖွံဖြိုးရေးဆိုင်ရာကိစ္စရပ်များ ပြန်လည်းဆွေးနွေးခဲ့ပြီး ညနေ ၅နာရီ၃၀မိနစ် တွင် တွေ့ဆုံမှုများပြီးစီးခဲ့ကြောင်း သိရပါသည်။




