အင်္ဂလန်နည်းပြအဖြစ် အလာဒိုက်စ်ခန့်အပ်ခံရ , ဆန်းဒါးလန်းက မိုယက်စ်အား နည်းပြခန့်
ယူရို ၂၀၁၆ ပြိုင်ပွဲအပြီး ရွိုင်းဟော့ဆန်နုတ်ထွက်သွားပြီး နောက် အင်္ဂလန်နည်းပြအဖြစ် ဆမ်အလာဒိုက်စ်ကို ခန့်အပ် လိုက်ကြောင်း အက်ဖ်အေက အတည်ပြု ကြေညာသည်။
အင်္ဂလန်အသင်း အိုက်စ လန်ကို ရှုံး၍ ယူရို ၂၀၁၆ မှ ထွက် ခဲ့ရစဉ် ရွိုင်းဟော့ဆန်နုတ်ထွက် သွားပြီးနောက် အလာဒိုက်စ် (၆၁)နှစ်သည် စတိဗ်ဘရုစ်နှင့် ကလင်းစမန်းတို့ကို ကျော်၍ အင်္ဂလန်နည်းပြအဖြစ် ခန့်အပ်ခံရသည်။
ဘော်တန်၊ ဘလက်ဘန်းနှင့် ၀က်စ်ဟမ်းအသင်းတို့ကို ကိုင်တွယ်ခဲ့သည့် အလာဒိုက်စ်သည် ဆန်းဒါးလန်းမှ ထွက်ခွာပြီးနောက် အင်္ဂလန်နည်းပြအဖြစ် ခန့်အပ်ခံ ရ၍ ၀မ်းသာမိသည်ဟု ပြောကြား သည်။
အင်္ဂလန်သည် စက်တင်ဘာ ၄ ရက်တွင် ဆလိုဗက်ကီးယားနှင့် ယှဉ်ပြိုင်ရမည်ဖြစ်ပြီး အလာ ဒိုက်စ်သည် အသင်း၏ ပထမလူ စာရင်းကို သြဂုတ်လကုန်မတိုင် မီရွေးချယ်ရမည်ဖြစ်သည်။
ထိုအတောအတွင်း ဆန်း ဒါးလန်းက အလာဒိုက်စ် ထွက်ခွာပြီး လစ်လပ်သွားသောနေရာ တွင် မန်ယူနည်းပြဟောင်း ဒေးဗစ် မိုယက်စ်ကို ခန့်အပ်လိုက်သည်။
မိုယက်စ်သည် ၂၀၁၄ ဧပြီက မန်ယူမှ ထုတ်ပယ်ခံရပြီးနောက် စပိန်တွင်သွားရောက် နည်းပြခဲ့ကာ ယခုအခါ ဆန်းဒါးလန်းနှင့် လေးနှစ်စာချုပ် ချုပ်ဆိုခြင်းဖြစ်သည်။
အဲဗာတန်နှင့် ရီးရဲလ်ဆိုစီ ဒက်စ်အသင်းတို့ကို ကိုင်တွယ်ခဲ့ဖူးသည့် မိုယက်စ်က ဆန်းဒါးလန်းအသင်းကို ကိုင်တွယ်ခွင့် ရ၍ ၀မ်းမြောက်မိသည်ဟု ပြောကြားပြီး ဆန်းဒါးလန်းတွင် ဆမ်အလာဒိုက်စ်၏ ကောင်းမွန်သော ကြိုးစားအားထုတ်မှု ရလဒ်များကို တိုးတက်အောင်လုပ်ဆောင်ရန် မျှော်လင့်သည်ဟု ပြောသည်။
—Ref:Goal